Showing posts with label ဟင်းချို. Show all posts
Showing posts with label ဟင်းချို. Show all posts

ဘူးရွက်ဟင်းရည်


ပင်နီစူးလားကနေ ဘူးရွက်လေးတစ်ထုတ် ဝယ်လာဖြစ်ပါတယ်။ အရွက်လေးတွေ သင်ပြီး၊ အရိုးထဲက နုတဲ့အပိုင်းလေးတွေကိုပါ ဖြတ်ယူထားပါတယ်။ ရေစင်စင်ဆေးပြီး စစ်ထားပါတယ်။

အိုးတစ်လုံးထဲကို ငါးပိစိမ်းစား အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ကြက်သားမှုန့်၊ကြက်သွန်နီ လေးစိပ်ခြမ်း၊ ကြက်သွန်ဖြူ၊ဂျင်း ဓါးပြားရိုက်ထည့်ပြီး ရေနွေးထည့်ပြီး ငါးပိနံ့ပျောက်သည်အထိဆူပွက်အောင်တည်ပါတယ်။
ငါးခူလိုမျိုး အကောင်သေးလေးရှိရင်တော့ ကင်ပြီး အသားလေးဖဲ့ထည့်ရင် ကောင်းမှ ကောင်းပါဘဲနော်။

ပြီးရင်တော့ ဘူးရွက်ခပ်ပြီး သုံးဆောင်နိုင်ပါပြီနော်။ ပုံထဲမှာ ဟင်းအိုးပေါ်က ချ ချခြင်းရိုက်လိုက်မိတာ အမြုပ်လေးတွေတောင် မပျောက်သေးဘူး။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်သားဂွေးတောက်အရည်သောက်ဟင်း


အရက်ချိုး၊ ကွမ်းချိုး ချတဲ့ဟင်းလေးပါ။
ကိုယ့်ဘာသာကိုယ်တော့ အပျင်းချိုးတွေချဖို့ ချက်စားဖြစ်ပါတယ်။ :)
ကြက်သားရဲ့ ဒူးဆစ်နဲ့တောင်ပံရိုးလေးတွေကို ရေဆေးပြီး
ဆား၊နနွင်းနည်းနည်း၊ပဲငံပြာရည် အကြည်၊
ကြက်သားမှုန့် နဲ့နယ်ပြီး ခဏနှပ်ထားပါ။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း တို့ကို တောက်တောက်စင်းပြီး
အရသာနယ်ထားသောကြက်သားနဲ့ လုံးပြီးတည်ရုံပါဘဲ။
ကြက်သားကို သူ့ရေနဲ့သူအရင်လုံးပြီးမှ ရေဖြည်းဖြည်းထပ်ထည့်ပြီး ဆူပွက်အောင်တည်ပါ။
အပေါ့အငန်လိုရင် ငံပြာရည်လေး စွက်ပါ။
ဈေးကြီးပေးဝယ်ထားရတဲ့ ဂွေးတောက်ရွက်ကို အရွက်ခြွေပြီး ရေဆေးထားပါတယ်။
အရွက်ရင့်တွေကို လွှတ်မပစ်ရက်လို့ ပါးပါးလှီးထည့်ပါတယ်။
စားတော့မယ်ဆိုမှပန်းကန်ထဲ ဂွေးတောက်ရွက်ထည့်ပြီး ဟင်းရည်ပွက်ပွက်ဆူ လောင်းထည့်ပါတယ်။
ဂွေးတောက်ရွက်ကိုပါ မီးဖိုပေါ်အကြာကြီးတည်ရင် တစ်ခါတစ်ရံ အရည်သောက်ရတာ ခါးသွားတတ်လို့ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆိတ်ပုဆိုးကြမ်းဟင်း






ပြီးခဲ့တဲ့ပိတ်ရက်က ချက်စားဖြစ်ခဲ့တာကတော့ ဆိတ်ပုဆိုးကြမ်းလို့ခေါ်တဲ့
ဲ့ဆိတ်ဝမ်းတွင်းသားဟင်းဖြစ်ပါတယ်။
မန္တလေးမှာတော့ ဟင်းအမယ်တစ်မျိုးအဖြစ်ချက်စားလေ့ရှိတဲ့အပြင်
ဘုရားပွဲဈေးတွေမှာ သွားရည်စာပါအဖြစ် ရောင်းချလေ့ရှိကြပါတယ်။
နယ်စားဟင်းအဖြစ်တစ်မျိုး၊ဟင်းရည်သောက်အဖြစ်တစ်ဖုံ၊အသုတ်အဖြစ်တစ်သွယ် အမျိုးမျိုးစားလေ့ရှိကြပါတယ်။wet market ကနေ ဆိတ်ပုဆိုးကြမ်း
သန့်ပြီးသားဝယ်လာတာကို ညှီနံ့ပျောက်စေရန်အတွက် ဆားများများ
နဲ့နာနာပွတ်ဆေးပါတယ်။ပြီးရင် ဆားတွေကုန်အောင်ရေစင်စင်ပြန်ဆေးပါတယ်။
မန်ကျီးသီးမှည့်ကိုလည်း အနှစ်ပျစ်ပျစ်လုပ်ပြီး ဆိတ်ဝမ်းတွင်းသားက
ိုမန်ကျီးမှည့်နဲ့ ထပ်ြပီးပွတ်ဆေးပါတယ်။မန်ကျီးမှည့်တွေပြောင်သွားအောင် ရေဖြင့်ပြန်ဆေးပေးရပါတယ်။
နှစ်ထပ်သန့်ပြီးသားဆိတ်ပုဆိုးကြမ်းကို အနေတော်လှီးပြီး
နနွင်း၊ဆား၊ငံပြာရည်၊ ဂျင်းရည်တို့ ဖြင့်နယ်ပြီးခဏနှပ်ထားပါတယ်။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကို တောက်တောက်စင်းပါ။
ခရမ်းချဉ်သီးတစ်လုံးကို ခပ်သေးသေးလှီးပါ။ တစ်ချို့ကလည်း စပါးလင်ထည့်ချက်လေ့ရှိကြပါတယ်။
ဆိတ်ဝမ်းတွင်းသားဟာနူးရန်ကြာတဲ့အတွက်ပေါင်းအိုးနှင့် ချက်မှာဖြစ်ပါတယ်။
ရိုးရိုးအိုးနဲ့ချက်မယ်ဆိုလည်း မီးမျှင်းမျှင်းနဲ့ အချိန်ကြာကြာချက်ရမှာဖြစ်ပါတယ်။
ပေါင်းအိုးထဲမှာဆိတ်ဝမ်းတွင်းသား၊ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ခရမ်းချဉ်သီးတို့နှင့်အတူ ဆား၊အရောင်လှစေဖို့အရောင်တင်နည်းနည်း၊ကြက်သားမှုန့် ၊ငံပြာရည်တို့နှင့်အတူ
ဆီနည်းနည်းထည့်၊ ရေမြုပ်အောင်ထည့်ပြီး ထည်ပါ။
ဆူသံပေးပြီး (၄၅)မီးနစ်၊ (၁)နာရီလောက်ဆို အသားကောင်းကောင်းနူးပါပြီ။
အရည်သောက်စားမယ်ဆိုပါက အရသာဖြည့်စွက်ပြီး ရေထပ်ထည့်ပြီး တည်ပါ။
အဖြူထည်ဟင်းရည်သောက်လေး စားမယ်ဆို ခရမ်းချဉ်သီးနဲ့အရောင်တင
်မထည့်ချင်လည်း ရပါတယ်ရှင်။ရှောက်ရွက်ခပ်ပြီး သုံးဆောင်နိုင်ပါတယ်ရှင်။
ချဉ်ငန်စပ်လေး စားမယ်ဆိုပါက ကြက်သွန်နီပါးပါးလှီး၊ဂေါ်ဖီပါးပါးလှီး၊ရှောက်ရွက်ပါးပါးလှီး၊
သံပုရာရည်ညှစ်ပြီး ငရုတ်သီးမှုန့်ဖြူးကာ ရှူးရှဲလေး စားနိုင်ပါတယ်။
သုတ်စားမယ်ဆိုရင်လည်းငရုတ်သီးစိမ်းပါးပါးလှီး၊ကြက်သွန်နီ၊ဂေါ်ဖီ၊ရှောက်ရွက်
ငရုတ်အချဉ်ရည်၊ငံပြာရည်တို့နှင့် ဆီစိမ်း ဆမ်းကာ သုတ်စားနိုင်ပါတယ်ရှင်။
သုံးဆောင်ကြည့်ပါနော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးခေါင်းဟင်းရည်


ငါးခေါင်းဟင်းရည်ချက်ရန်အတွက် လိုအပ်သောပစ္စည်းများကတော့
ငါးခေါင်း
မုန်ညင်းဖြူ
မျှစ်ချဉ်၊ မုန်ညင်းချဉ်
ကြက်အမြစ်အသည်း၊ နှလုံး။
ငုံးဥ [ဈေးကြီးလို့ ကျွန်မ မထည့်ထားပါဘူး။ ;-) ]
fish ball 0r fish cake
ကြက်သားကြိတ်သား၊
ကြက်ဥ
အကြော်မှုန့်
ကြက်သွန်နီ၊ ဖြူ၊ ဂျင်း။
စပါးလင် (ဝယ်မရလို့မထည့်လိုက်ရပါဘူး။)
brocoli (ကြိုက်တတ်ရင်)
ခရမ်းချဉ်သီး (၁)လုံး။
မိမိနှစ်သက်ရာ ငါးခေါင်းတစ်မျိုးကို မန်ကျီးသီးမှည့်အနှစ်ဖြင့် သေချာ နယ်ဆေးပါ။
ရေစင်စင်ပြန်ဆေးပြီးနောက် ဆား၊ နနွင်း၊ ငံပြာရည်နဲ့ နယ်ပါတယ်။
ဂျင်းကို ပါးပါးအလွှာလေးတွေလှီးပါတယ်။
ငါးခေါင်းကို ဂျင်းလွှာလေးတွေထည့် ရေနည်းနည်းထည့်ပြီး ပြုတ်ပါတယ်။
ကြက်အသည်းအမြစ်ကိုလည်းရေစင်စင်ဆေးပြီး ပါးပါးလှီးပြီး ဆား၊ နနွင်းနယ်ထားပါတယ်။
ကြက်နှလုံးကိုလည်း ထည့်ပြီးရောနယ်ပါတယ်။
ငုံးဥကိုလည်း ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ထားပါ။
ကြက်သားကြိတ်သားကို ဂျင်း၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာထည့်ပြီး ဆားနဲ့နယ်ပါတယ်။
နောက် အကြော်မှုန့်နဲ့  ကြက်ဥတစ်လုံးခေါက်ထည့်၊ ရေလေးနည်းနည်းလေးထည့်ပြီး ပျစ်ပျစ်လေးရတောင်နယ်ထားပါတယ်။
ငါးခေါင်းလေး ကျက်ပြီဆို မှ ဟင်းရည်ချက်မဲ့ အိုးထဲကို ဆီလေးနည်းနည်းလေးထည့်
ကြက်သွန်နီ၊ ဖြူ၊ ဂျင်းထည့်ပြီး ဆီသတ်ပါတယ်။
( ဒီက ငါးတွေညှီလွန်းတဲ့အတွက် ဂျင်းနဲ့ ပြုတ်ပြီးမှ ပြန်ဆီသတ်တာပါ။ )
ကြက်အသည်းအမြစ်၊ နှလုံးပါထည့်ဆီသတ်ပါတယ်။ fish ball ပါးပါးလှီးထည့်ပါတယ်။
အရောင်တင် နည်းနည်းထည့်လို့ရပါတယ်။ ကျွန်မကတော့ ဧည့်သည်ကျွေးမှာ ဖြစ်တဲ့ အတွက် အစပ်မစားနိုင်တာဖြစ်မှာ စိုးလို့ အရောင်တင်မထည့်ထားပါဘူး။
ငါးပိ၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်တို့ ထည့်ပါ။ ပြီးရင် ရေနွေးထည့်ပြီးတည်ထားပါ။
ကြက်သားကို အဆုပ်လေးတွေဆုပ်ပြီး ထည့်ပါတယ်။
ခရမ်းချဉ်သီးကို လေးစိပ် စိပ်ထည့်လိုက်ပါတယ်။ မျှစ်ချဉ်ထည့်ပါတယ်။
မျှစ်ချဉ်ကို အစပ်ကြိုက်ရင် အစပ်ထည့်လို့ရပါတယ်။ မုန်ညင်းချဉ် ထည့်ပါတယ်။
မုန်ညင်းဖြူထုတ်ကို မထူမပါးလှီးပြီး ခပ်လိုက်ပါ။ brocoli လှီးထားတာ ထည့်ပါတယ်။
ငုံးဥလေးကို အခွံခွာပြီးထည့်လိုက်ပါ။ အပေါ့ အငန်မြည်းပြီး ဟင်းရည်ပွက်ရင် သုံးဆောင်နိုင်ပါပြီနော်။
အိမ်မှာ ပန်းကန်ကြီးကြီးကောင်းတာ မရှိတော့ ဧည့်သည်လာမယ်ဆိုရင် ဒီလို ဟာမျိုးဘဲ အားကိုးရပါတယ်။း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပဲထမင်း ++








ပဲထမင်းကို ကျွန်မချက်တဲ့နည်းအတိုင်းမျှဝေလိုက်ပါတယ်။

ကုလားပဲကို တစ်ညကြိုတင်ပြီးရေစိမ်ထားပါမယ်။ မနက်ချက်မယ်ဆိုညကတည်းက

ရေစိမ်ထားမယ်ဆိုရင် ချက်ခါနီးမနက်မှာ ပဲကနူးနေပါပြီ။ ထမင်းအိုးထဲမှာ

သစ်ကျပိုးခေါက်၊ကရဝေးရွက်၊နာနတ်ပွင့်စတာတွေကို ဆီသတ်ပါတယ်။ ပြီးရင်ဆန်ထည့်

ရေကိုထမင်းချက်တဲ့အချိန်ဆအတိုင်း ရေလက်နှစ်ဆစ်ထည့်ပြီး ထည်ပါတယ်။

ထမင်းအိုးစတင်ပွက်လာရင်ပဲထည့်ပြီး အိုးကိုမွှေပေးပါတယ်။

ဆားသင့်ရုံထည့်ပါတယ်။ထမင်းအိုးပွက်လာတဲ့အချိန်မှာ မွှေပေးပါတယ်။ ထမင်းမာတယ်ထင်ရင်တော့

ရေနွေးနည်းနည်းထပ်ထည့်ပြီးတည်နိုင်ပါတယ် ရှင်။


ကြက်သားဟင်းရိုးရိုး

ပဲထမင်းနဲ့ တွဲဖက်စားသုံးဖို့ကတော့ ကြက်သားဟင်းပါ။

ကြက်သွန်နီ၊ ဖြူ၊ဂျင်းဆီသတ်ပါတယ်။ ဆား၊နနွင်းနယ်ထားတဲ့ကြက်သားထည့်ပါတယ်။

အရောင်တင်ထည့်ပြီးသူ့ရေနဲ့သူကုန်အောင် လုံးပါတယ်။ ပြီးမှ ရေထပ်ထည့်ပြီး

မီးအေးအေးလေးနဲ့ ကြက်သားနူးအောင်တည်ထားပါ။

အချဉ်သုတ်

အချဉ်အတွက်ကတော့ သခွားသီးကိုဘဲ စီမံလိုက်ပါတယ်။

သခွားသီးကို အတုံးလေးတွေလှီးပြီး ကြက်သွန်နီ၊ငရုတ်သီးတောင့်လှီးထည့်၊သံပုရာရည်ရွှဲရွှဲညှစ်ပြီး

ဆားထည့်နယ်ထားပါတယ်။


ငါးပိအစိုကြော်

ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီသတ်ပါတယ်။

ကြက်သွန်ဖြူပါးပါးလှီးပြီးထည့်ပါတယ်။

ကြက်သွန် နွမ်းရင် ငါးပိ၊ ငရုတ်ကြမ်းမှုန့်၊ပုစွန်ခြောက်မှုန့်ထည့်ပြီး ကြော်ပါတယ်။


ကြက်ရိုးဟင်းခါး


ကြက်ရိုးကို ဆား၊ငံပြာရည် နဲ့နယ်ပြီးပြုတ်ပါတယ်။

ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါတယ်။ ဂျင်းလှီးပြီးထည့်ပါတယ်။

ပြုတ်ရည်ကျလာရင် ကြက်သွန်မြိတ် နဲ့ ငရုတ်ကောင်းမှုန့်ခပ်ပြီးသုံးဆောင်နိုင်ပါပြီ။ (ဓါတ်ပုံမှာ

ကြက်သွန်မြိတ်မထည့်မိဘူး)

အတို့အတွက်ကတော့ ပူဒီနံလေးတွေပါဘဲ။

စိတ်ကူးရတဲ့အခါချက်စားကြည့်ပါနော်။ အချိန်လည်းအဲလောက်မကုန်ပါဘူး။ ပဲကို တစ်ညရေကြိုစိမ်ရုံလေးပါဘဲ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မုန်ညင်းစော


မုန်ညင်းစောဆိုတာကတော့ မုန်ညင်းချဉ်ရေအမျိုးအစားပါဘဲ။ ဆီလုံးဝမပါဘဲနဲ့ အရသာချဉ်ချဉ်ချိုချို လေး ခံတွင်းရှင်းတဲ့ အရည်သောက်တစ်မျိုးပါဘဲ။ ချက်ရတာလည်း အရမ်းလွယ်ပါတယ်။
လိုအပ်သောပစ္စည်းများကတော့
-မုန်ညင်း ရွက် (ပေါင်းတဲ့မုန်ညင်းရွက်မျိုးပါ။ ထိုင်ဝမ်မုန်ညင်းအသေးလေးတွေကို မသုံးပါဘူး) မထူမပါးလှီးပြီးရေဆေးပြီး ဇကာနှင့်စစ်ထားပါ။
-ငါးပိ ကွမ်းသီးလုံးခန့် 
-ဆား
-သကြားဟင်းစားဇွန်း(၁)ဇွန်း
-မန်ကျီးသီးကလေး လက်သီးဆုပ်ခန့် (ဟီးဟီး ဘယ်လိုပြောရမှန်းမသိလို့ ပါ။ မင်းဂွတ်သီးအရွယ်ခန့် ပေါ့နော်)။
မန်ကျီးသီးအစေ့များကို ပါခဲ့ရင်ဖယ်ထားပါ။
-နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ကို ရိတ်ရိတ်လေးတွေလှီးပြီး ပန်းကန်တစ်လုံးထဲမှာ အပုံလေးတွေ ခွဲပုံထားပါ။
-ကြက်သွန်နီ ၁လုံး (ပါးပါးလှီးပါ)။
-ခရမ်းချဉ်သီး၁လုံး (ပါးပါးလှီးပါ)။

ဟင်းရည်အိုးထဲကို မန်ကျီးသီးလုံး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆား၊သကြား၊ငါးပိ ထည့်ပါ။ ကျက်ပြီးသား ရေနွေးနွေးထည့်ပြီး ဟင်းရေပွက်အောင်ထည်ပါ။အချို အချဉ်ကိုတော့ မိမိအကြိုက်အတိုင်းမှန်းဆထည့်ပါနော်။ ကျွန်မကတော့ ချဉ်လွန်းတာလည်းမကြိုက်၊ချိုတာလည်းမကြိုက်မလို့ ခံတွင်းရှင်းရုံ ချဉ် ချိုလေးချက်ပါတယ်။ မုန်ညင်းထည့်ပါ။ မုန်ညင်းရွက်နူးသွားရင် ဟင်းအိုးချလို့ ရပါပြီ။ ဟင်းရေသောက်တော့မယ်ဆိုရင် ဟင်းရေသောက်ပန်းကန်ထဲကို ပါးပါးလှီးထားသော ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းထည့်ပြီး နံနံပင်ခပ်ပြီး သောက်ပါနော်။ ငါးသလဲထိုး ကြွပ်ကြွပ်ကြော်လေးနဲ့ လိုက်ဖက်ပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်သားနှပ်+မရမ်းသီးငါးပိချက်+ဘူးသီးဟင်းခါး


ကြက်သားနှပ်
ပထမဦးစွာ ကြက်သားနှပ်ရန်အတွက် ကြက်သားကို အတုံးကြီးကြီးရအောင် တုံးပေးပါ။
ကြက်သွန်နီ ကို နုတ်နုတ်လေးတွေလှီးပေးပါ။
ြ ကက်သွန်ဖြူ၊ဂျင်း ထောင်းပေးထားပါ။ ပြီးလျှင် ချက်မည့်အိုးထဲသို့ ကြက်သားထည့်ပြီး
ဆား၊ နနွင်းမှုန့် အနည်းငယ် ၊ ငံပြာရည်၊ ပဲငံပြာရည်အနောက်၊အရောင်တင်
တို့ နှင့်အရသာဝင်အောင်နယ်ပေးပါ။ ကြက်သွန်နီ၊
ြ ကက်သွန်ဖြူ၊ဂျင်း ထောင်းထားတာရောထည့်နယ်ပါ။
ကြက်သွန်နီများများထည့်လျှင် အနှစ်ပိုချိုပြီး စားလို့ ကောင်းပါတယ်။
ဆီထည့် ပြီးလုံးချက်ချက်ပါ။
ကြက်သားနူးစေရန် ရေအနည်းငယ်ထပ်ထည့်ပြီး တည်ပေးပါ။
ကြက်သားနူးအိနေပြီး ဆီပြန်လျှင် စားသုံးနိုင်ပါပြီရှင်။

မရမ်းသီးငါးပိချက်
မရမ်းသီးက အမေလူကြုံနဲ့ ထည့်ပေးလိုက်တာပါ။
အိမ်ရောက်တော့ အထုတ်တွေပိပြီး မရမ်းသီးက
အတော်ပျော့ချင်နေပြီ
မို့ တချို့ ကိုမြန်မြန်ထောင်းစားပစ်ရတယ်။
ကျန်တာထဲက သုတ်စားဖို့ နည်းနည်းဖယ်ပြီး မရမ်းသီးငါးပိချက် ချက်စားဖြစ်ပါတယ်။
မရမ်းသီးကို ထိပ်တိပြီး ထက်ခြမ်းခြမ်းကာ အစေ့ထုတ်ပါ။ ပါးပါးလှီးပြီးထောင်းပါ။
ကြက်သွန်နီ ဆီသတ်ပါ။ ကြက်သွန်ဖြူ၊ဂျင်း ရောထောင်းတာထည့်ပြီး ဆီသတ်ပေးပါ။
ခရမ်းချဉ်သီးထည့်ပါ။ ဆား၊ငါးပိ၊အရောင်တင်၊ပုစွန်ခြောက်မှုန့် ၊
ဟင်းခတ်မှုန့် နှင့် အတူ မရမ်းသီးထောင်းထားတာထည့်ပါ။
ရေအနည်းငယ်ထည့်တည်ပြီး ဟင်းအိုးချခါနီးတွင် ငရုတ်သီး
လှီးထားတာလေးတွေ အုပ်လိုက်ပါ။

ဘူးသီးဟင်းခါး
ငါးပိအနည်းငယ်၊ပုစွန်ခြောက်မှုန့် ၊ကြက်သားမှုန့် တို့ကို ရေထည့် ပြီး အိုးတွင်တည်ပေးပါ။
ကြက်သွန်ဖြူ၊ဂျင်း ဓါးပြားရိုက်ထည့်ပါ။ ဟင်းအိုးပွက်လျှင် အပေါ့ အငန်မြည်း၍ ဘူးသီးပါးပါးလှီးတာထည့်၊ငရုတ်ကောင်းမှုန့် ခတ်ပြီး သောက်သုံးနိုင်ပါပြီရှင်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online