ဘူးရွက်ဟင်းရည်


ပင်နီစူးလားကနေ ဘူးရွက်လေးတစ်ထုတ် ဝယ်လာဖြစ်ပါတယ်။ အရွက်လေးတွေ သင်ပြီး၊ အရိုးထဲက နုတဲ့အပိုင်းလေးတွေကိုပါ ဖြတ်ယူထားပါတယ်။ ရေစင်စင်ဆေးပြီး စစ်ထားပါတယ်။

အိုးတစ်လုံးထဲကို ငါးပိစိမ်းစား အနည်းငယ်၊ ပုစွန်ခြောက်မှုန့်၊ကြက်သားမှုန့်၊ကြက်သွန်နီ လေးစိပ်ခြမ်း၊ ကြက်သွန်ဖြူ၊ဂျင်း ဓါးပြားရိုက်ထည့်ပြီး ရေနွေးထည့်ပြီး ငါးပိနံ့ပျောက်သည်အထိဆူပွက်အောင်တည်ပါတယ်။
ငါးခူလိုမျိုး အကောင်သေးလေးရှိရင်တော့ ကင်ပြီး အသားလေးဖဲ့ထည့်ရင် ကောင်းမှ ကောင်းပါဘဲနော်။

ပြီးရင်တော့ ဘူးရွက်ခပ်ပြီး သုံးဆောင်နိုင်ပါပြီနော်။ ပုံထဲမှာ ဟင်းအိုးပေါ်က ချ ချခြင်းရိုက်လိုက်မိတာ အမြုပ်လေးတွေတောင် မပျောက်သေးဘူး။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

4 comments:

Sunny said...

ဘူးရွက်ဟင်းရည်ကြိုက်တယ်..ပုန်းရည်ကြီးသုပ်နဲ့ဆို လိုက်တယ်.. ဘူးရွက်ကို ပြုတ်ပြီးသုပ်စားလည်း ကောင်းတယ်နော်..

စူးနွယ်လေး said...

စားချင်လိုက်တာနော်:(

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘူးရွက်ကလေး လာငေးသွားတယ်..
ဗိုက်ဆာတယ်

T T Sweet said...

ဘူရွက်ဟင်းချို ... စားချင်စဖွယ်လေး။ ဟိုတစ်ခေါက်က ပင်နစူးလားမှာတော့တွေ့တယ်။ သိပ်မလတ်လို့ မ၀ယ်ခဲ့ဘူး။ ငါးဖယ်ဆုတ်ဟင်း၊ ငါးအိုးကပ်ဟင်းတွေနဲ့ လိုက်တယ်နော်။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online