ငါးသလောက်ပေါင်း


ငါးသလောက်တစ်ကောင်ကို အကြေးထိုးပြီး ဗိုက်ထဲက ကလီစာတွေထုတ်ပါ။
မန်ကျီးမှည့်နဲ့ နယ်ပြီးရေသေချာဆေးပါ။
အတုံးလှလှတုံးပြီး ဆား၊နနွင်း၊ငံပြာရည်၊ ရှာလကာရည်တို့နှင့်နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။
စပါးလင်ကို အဖတ်လေးတွေခွာပြီး ပေါင်းအိုးကြမ်းပြင်မှာ ခင်းပါ။
နယ်ထားသောငါးကိုထည့်ပြီး ကြက်သွန်နီတောက်တောက်စင်းနှင့်တကွ
ဂျင်းနှင့်ကြက်သွန်ဖြူထောင်း၊ခရမ်းချဉ်သီးထည့်ပါ။
အရသာအတွက် ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊အရောင်တင်၊ငါးရိုးနူးစေဖို့ သံပုရာရည်(သို့)ရှာလကာရည်ကို ထည့်ပါ။
ဆီထည့်ပါ။ ငါးမြုပ်အောင်ရေထည့်ပြီးပေါင်းပါ။ ဆူသံပေးပြီး (၂၀)မီးနစ်ခန့်ကြာသောအခါမှာပေါင်းအိုးကို
ဖွင့်ကြည့်ပြီးမှ လိုအပ်သောအရသာများဖြည့်စွက်ပြီး အရိုးမနူးသေးလျှင် အဖုံးဖွင့်ပြီး မီးငွေ့ငွေ့ဖြင့်ဆက်တည်ထားပါ။
ရှောက်ရွက်ကြိုက်တတ်ရင် ဟင်းအိုးပိတ်ခါနီးမှာ ခပ်နိုင်ပါတယ်နော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘဲဥ အချဉ်ဟင်း


ဘဲဥ နဲ့ ဒန့်သလွန်သီးကို ငါးခြောက်နဲ့ ချက်တဲ့နယ်စားဟင်းတစ်မျိုးဖြစ်ပါတယ်ရှင်။
ပထမဦးစွာ ဘဲဥ (သို့ ) ကြက်ဥကို ပြုတ်ပါ။
အအေးခံပြီးနောက် အခွံခွာပြီး အလုံးလိုက်ကို အဆာဝင်စေရန် ဓါးဖြင့်မွှန်းပါ။
ငါးခြောက်ကို အရိုး (သို့ ) အသား အဆင်ပြေရာကို ဟင်းမချက်ခင်
နာရီဝက်ခန့်ရေကြိုစိမ်ထားပြီး ခပ်သေးသေးတုံးပါ။
ငါးရံ့ခြောက်ရိုးနဲ့ဆိုပိုစားကောင်းပြီး ဒီဟင်းမှာတော့ ငါးဖောင်ရိုးနဲ့ ချက်ထားပါတယ်ရှင်။
ဒန့်သလွန်သီးကို အပေါ်ခွံကို ဓါးဖြင့်ခြစ်ပြီး လက်တစ်ဆစ်စာလောက်လေးတွေပိုင်းပါ။ ရေဆေးပြီး စစ်ထားပေးပါ။
မန်ကျီးမှည့်ကိုရေဆေးပြီး ရေနွေးနွေးလေးဖြင့်စိမ်ပြီး အနှစ်ရအောင်ယူထားပေးပါ။
ကြက်သွန်နီဖြူ၊ဂျင်းကို အနံ့မွှေးသည်ထိဆီသတ်ပေးပြီး ခရမ်းချဉ်သီးလှီးထားသည်များကိုထည့်ပါ။ အရောင်တင်၊ဆားနည်းနည်းထည့်ပါ။ ငါးခြောက်ထည့်မှာ ဆိုတော့ ဆားကို နည်းနည်းပဲထည့်ပေးပြီး အရသာလိုမှ ကြက်သားမှုန့်နှင့်ဆား နည်းနည်းထပ်ထည့်ပြီးအရသာဖြည့်စွက်ပါ။ အနှစ်လေးက ကြက်သွန်၊ခရမ်းချဉ်သီး လိပ်လာပြီဆိုရင် ငါးခြောက်ထည့်ပါ။ ရေဖြည်းဖြည်းခြင်းထည့်ပြီး ငါးခြောက်နူးခါနီးရင် ဒန့်သလွန်သီး၊ဘဲဥထည့်ပါ။ မန်ကျီးနှစ်လေးထည့်ပြီး မဆလာလေးအုပ်ကာ ဆီပြန်ရေကျန်လေး စားသုံးနိုင်ပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online