



ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။
ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :)
ကြေးအိုးစားရင် ဝက်သားနဲ့မှ အင်္ဂါစုံတယ်ထင်လို့ ဝက်သားနဲ့လုပ်ဖြစ်ပါတယ်။
ဝက်ရိုးကို ရေစင်စင်ဆေးပါတယ်။ ပြီးတော့ အိုးကြီးကြီး တစ်လုံးထဲမှာ ရေထည့်ပြီး ပြုတ်ပါတယ်။ ဆီတွေတက်လာတိုင်းခပ်ထုတ်ပြစ်မှာမလို့ ဝက်သားကို အရသာနယ်မထားပါဘူး။
ဆီတွေဝေ့တက်လာတိုင်း ခပ်ပြစ်ပြီး နောက်ဆုံး ဆီမဝေ့တော့တဲ့ထိ အကြာကြီး ဝက်ရိုးကိုပြုတ်ပါတယ်။ နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့အရည်အနေအထားရောက်ပြီဆိုမှ ဟင်းရည်အိုးထဲကို ဆား၊သကြား၊ငံပြာရည်၊ကြက်သားမှုန့်၊ ငရုတ်ကောင်း၊တရုတ်မဆလာ ထည့်ပါတယ်။
ဂျင်းကို လွှာပြီး အနည်းငယ်ထည့်ပါတယ်။ ကြက်သွန်ဖြူ ၃မွှာလောက် ထုထည့်လိုက်ပါတယ်။
မီးမျှင်းမျှင်းလေးနဲ့တည်ထားပါတယ်။
ဝက်သားကြိတ်သားကို ဆား၊ ဂျင်းကြက်သွန်ဖြူထောင်းထားတာနဲ့နယ်ပါတယ်။
နောက်အဲဒီထဲကို ကော်မှုန့် ရောထည့်နယ်ပါတယ်။
အသားလုံးလို့ကောင်းတဲ့ထိ ကော်မှုန့် ထည့်ပါတယ်။
နောက်အသားလုံးလေးတွေကို အနေတော်လုံးပြီး ဟင်းရည်အိုးထဲထည့်ပြုတ်ပါတယ်။
နောက် မိမိထည့်မဲ့ ဝက်အဆာပလာတွေကို ပြင်ဆင်ပါမယ်။
ဝက်သည်း၊ ဝက်အူချို စသည်ဖြင့်ထည့်ကြပါတယ်။
ရေသေချာဆေးပြီး ဆား၊ ဂျင်းရည်တို့နဲ့ နယ်ပြီး ပြုတ်ပါမယ်။
ပြီးရင် မထူမပါးလှီးပြီး ပန်းကန်ထဲထည့်ထားပါမယ်။
ငုံးဥလေးလည်းပါမှ ဆိုတော့ ငုံးဥကို အခွံချွတ်ရလွယ်အောင် ဆားလေးအနည်းငယ်ထည့်ပြုတ်ပြီး ကျက်ရင် အခွံခွှာ ပန်းကန်တစ်ခုထဲထည့်ထားပါ။
ပဲပြားကိုလည်း အနေတော်တုံးထားပါတယ်။
မုံညင်းရွက်ကို ရေဆေးပြီး အဆင်သင့်ထားပါ။
ကျူဆိုင်လေးပါမှ ကြေးအိုးနံ့ လေးရတာမလို့ ကျူဆိုင်လေးကိုလည်း ရေဆေးပြီး ဖြတ်ထားပါတယ်။
ဆန်ပြားကြာဇံ ရောရာလေးကို ကြိုက်သော်လည်း ကြာဇံပဲအလွယ်တကူရတာမို့ ဆန်ကြာဇံကို (၁၅) မီးနစ်လောက်ရေအေးစိမ်ထားပါတယ်။ ကြာဇံကို အနေတော်ဖြတ်ထားပါ။ နောက်မှ ရေအေးသွန်ပြီး ရေနွေးပွက်ပွက်ဆူကို မီးဖိုပေါ်မတင်ဘဲ ဇလုံထဲမှာဘဲ ကြာဇံကျက်အောင် အချိန်မှန်းပြီး ဖျော လိုက်ပါတယ်။ ကျက်ပြီးသားကြာဇံကို ဇကာတစ်ခုထဲထည့်ထားပါတယ်။
ကြာဇံဖတ်ကို ပျော့ပြဲမှာ စိုးတဲ့အတွက် အပြင်မှာဘဲ တစ်ခါတည်းကျက်အောင်လုပ်လိုက်တာပါ။
စားတော့မယ်ဆိုမှ အိုးအသေးထဲကို ဟင်းရည်ထည့်၊ ငုံးဥ၊ကျူဆိုင်၊ပဲပြား၊မုံညင်း၊ ဝက်အဆာပလာများထည့်ပြီး ဟင်းရည်ပွက်အောင်ထည်၊ ကြာဇံရောပြီး စားသုံးနိုင်ပါတယ်ရှင်။ အရသာအတွက်ငံပြာရည်နဲ့ ကြက်သားမှုန့်ကို သုံးပြီး ဖြည့်စွက်ပါတယ်။ ငရုတ်ကောင်းမှုန့်လေးလဲ ဖြူးပါတယ်။
အချဉ်အတွက်ကတော့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ရေနွေးလေးနဲ့ပြုတ်၊ကြိတ်ပြီး ရေနွေးလေးလောင်းထားတဲ့ အချဉ်လေးလုပ်ပါတယ်။ နောက် tomato sauce ရယ် ထည့်စားပါတယ်။ ဖက်ထုတ်ကြော်လေးနဲ့ တွဲစားလို့ လိုက်ဖက်ပါတယ်နော် :)
ကြေးအိုး
Posted by
subuueain
|
Labels:
အပြုတ်
Subscribe to:
Post Comments (Atom)
My Blog List 1
-
-
-
-
Vehicle 194 days ago
-
အတွေးစာစု (၇၂)5 days ago
-
အိုင်အိုဝါ ရက်စွဲများ အပိုင်း (၃)5 days ago
-
-
ခါးသက်သက် ချိုမြ1 week ago
-
ဂျပန်စာ အခြေခံခန်းဂျီး1 week ago
-
-
-
C for Cotton5 months ago
-
နောက်တစ်ကြိမ်5 months ago
-
Heros on Dec 291 year ago
-
For “Harvest Thanksgiving Festival”1 year ago
-
-
ကိုယ့်အကြောင်း သောင်းပြောင်း1 year ago
-
အလှမပျက် အ၀ မပျက်1 year ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)2 years ago
-
တူမလေးများနဲ့ တလတာ..2 years ago
My Blog List 2
-
ဌက်ကလေးများတို့ရယ်....6 days ago
-
-
သင်္ကြန်နီးပြီနော်....5 weeks ago
-
တရားမျှတမှု့1 month ago
-
15 / 3 / 20132 months ago
-
ရွှေတိဂုံဘုရား2 months ago
-
Pastel Chalk နဲ့ ဆံပင် အရောင်ဆိုးကြမလား?5 months ago
-
June 2012 Summary10 months ago
-
မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ2 years ago
-
ဘလော့ရည်ရွယ်ချက်2 years ago
My Blog List 3
-
-
သရက်ယို ( ချို၊ ချဉ်၊ ငံ၊ စပ် )6 hours ago
-
မောင်(ယုချစ်ခဲ့သော)22 hours ago
-
-
အီးဘိုကျချ6 days ago
-
" ကြက်သားပင်စိမ်း "1 week ago
-
ဂဏန်းသားတိုဖူးကြော်2 weeks ago
-
တိုဖူးနွေး (ရှမ်းအစားစာ)2 weeks ago
-
ချက်လက်မှတ်လေးတစ်စောင်2 weeks ago
-
-
စားကြမယ့်ဟေ့ ကောင်းကောင်း - ၃၀1 month ago
-
ကိုယ်အဆိုးမြင်တတ်တယ်1 month ago
-
ပါစတာ ဟူသည်....1 month ago
-
ဘာရယ်မဟုတ်3 months ago
-
ခံစားမှုပေးတဲ့နေရာလေ3း months ago
-
အသားဟင်းများ နူးအိစေလို့ 3 months ago
-
မြန်မာစာသင်ကြား ဟာသမျာ3း months ago
-
대구지리 (Vegetable fish soup)3 months ago
-
၃နှစ် မပြည့်ခင် အရွယ် သားသား4 months ago
-
Creamy Cheese Chocolate Ice Cream5 months ago
-
Potato Gratin with Rosemary Crust6 months ago
-
ဒွာ ဒဿမ ရတု7 months ago
-
-
-
-
-
-
ဆိတ်ရိုးစွပ်ပြုတ်1 year ago
-
Popular Posts
-
ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။ ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :)...
-
Happy New Year ပါ။ ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပု...
-
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းန...
-
ငါးဖယ်ကြော် ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့ ကြော်တာပါ။ ကျွန်မ အမျိုးသားက ငါးဖယ်ကြေ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။ မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊ င...
-
နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။ ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီး...
-
ထမင်းစားမြိန်စေတဲ့ ဟင်းရံလေးတစ်မယ်ပါ။ သရက်သီးလေးကို ထိပ်တိပြီး နာရီဝက် ၊ တစ်နာရီ ခန့်ရေစိမ်ထားပါ။ အခွံနွှာပြီး အမြောင်းလေးတွေစိပ်ပြီး ထောင်း...
-
ဘလော့လာ မိတ်ဆွေအပေါင်း မင်္ဂလာပါရှင်။ မရေးတာ ကြာနေပြီဖြစ်တဲ့ ဘလော့လေးကို ဇရစ်ရိုးလေးနဲ့ ဖုန်လာခါတာပါ။ :D ဇရစ် ကို ပင်နီစူးလားက ဝယ်လာပါတယ်။ ...
-
ပြီးခဲ့တဲ့ တစ်ပတ်က ဂဏန်းသေပြီးသား အကောင်လေးတွေကို ဈေးချထားတာတွေ့ လို့ ဝယ်ချက်စားဖြစ်ပါတယ်။ ဂဏန်းအခွံခွာနည်းကိုတော့ youtube ကနေကြည့်ပြီးေ...
-
ပေါ်မလာအတော်ကြာနေရာကနေ နေ့ လည်နေ့ခင်းအစာပြေ ရေနွေးကြမ်းလေးနဲ့  တွဲစားဖို့ ပဲပြားအစာသွတ်လေးနဲ့ အတူ ပြန်ပေါ်လာပါပြီ။:) ပဲပြားကို တြိဂံပုံလေး လှ...






9 comments:
စုဘူးရေ.. စုဘူးကြေးအိုးကမှ ကြေးအိုးစစ်စစ်ပုံပေါက်တယ်...
စားလို့ကောင်းမှာသေချာတယ်...
ကူးကူးဘ၀ ကြေးအိုးစားချင်လွန်းလို့ချက်ပါတယ်
ကြာဇံကမရှိ..း(
စုဘူးရေ...
ကြေးအိုးက စားချင်စရာလေး
စုဘူးရဲ့ ကြေးအိုးကို အဝ စားသွားပြီ...
စုဘူးရဲ့ ကြေးအိုးပန်းကန်မြင်လိုက်ရတာ သောက်ချင်လိုက်တာ.. ဒီတပတ် လုပ်စားဦးမယ်.. :)
ကြေးအိုးလုပ်တိုင်း ကျန်တာတော့ ကြေးအိုးအရသာ ဖြစ်ပါရဲ့  အသားလုံးကတော့ ဆိုင်ကလို စီးစီးလေးမဖြစ်ပဲ။ဖွယ်တယ်တယ်ကြီးပဲ ဖြစ်နေတယ်။ကော်မှုန့် က ဘယ်လောက်အတိုင်းအတာထဲ့ရမှာလဲ ဟင်.....
to the girl>> အသားကြိတ်ထားတာကို အရသာထည့်ပြီး အရင်ဆုံး စိစိပါအောင်နယ်ပါ။ ကော်မှုန့်ကို ဖြည်းဖြည်းချင်းထည့်ပြီး အသားနဲ့ကော်မှုန့်နယ်ရတာစေးပျစ်ပျစ်လေးဖြစ်တဲ့ထိနယ်လိုက် ကော်မှုန့်ထပ်ထည့်လိုက် လုပ်လိုက်တာပါ။ မဖွယ်ပါဘူး။ စမ်းကြည့်လိုက်ပါဦးနော် :)
to the girl>> အသားကြိတ်ထားတာကို အရသာထည့်ပြီး အရင်ဆုံး စိစိပါအောင်နယ်ပါ။ ကော်မှုန့်ကို ဖြည်းဖြည်းချင်းထည့်ပြီး အသားနဲ့ကော်မှုန့်နယ်ရတာစေးပျစ်ပျစ်လေးဖြစ်တဲ့ထိနယ်လိုက် ကော်မှုန့်ထပ်ထည့်လိုက် လုပ်လိုက်တာပါ။ မဖွယ်ပါဘူး။ စမ်းကြည့်လိုက်ပါဦးနော် :)
"ကျူဆိုင်" ဆိုတာ မသိဘူးဖြစ်နေပါတယ်၊ အားရင် ဓါတ်ပုံဖြစ်ဖြစ် တင်ပေးပါလို့ တောင်းဆိုပါရစေ၊ ဘယ်မှာ ၀ယ်လို့ရပါသလဲခင်ဗျာ..ကျေးဇူးတင်ပါတယ်
ကျူဆိုင်ဆိုတာ ကြက်သွန်မြိတ်ပဲလားမသိဘူး?
ကျိုးချိုင်ဆိုတာ ကြက်သွန်မိတ်လိုပါပဲ ဒါပေမယ့် အပြားပါ
Post a Comment