ငါးသံပုရာချဉ်စပ်အတွက် တိလားပီးယားငါး (tilapia) ကိုသုံးထားပါတယ်ရှင်။
ငါးတစ်ကောင်လုံးကို ဗိုက်ဖောက် သန့်ရှင်းပြီး အပေါ်အောက် ဓါးဖြင့်သုံးချက်စီလောက် မွှန်းပေးပါ။
ငါးကို ဆား၊ နနွင်း၊ကြက်သားမှုန့် တို့ဖြင့်နယ်ပြီး ခဏ နှပ်ထားပေးပါ။ ငါးကို ဒယ်အိုးပြားထဲမှာ ရေနည်းနည်းချင်းဆီထည့်ပြီး ပြုတ်ပါတယ်။ ရေကို အများကြီးတစ်ခါထည်းမထည့်ပါဘူး။
ပြုတ်တဲ့အချိန်မှာ အညှီနံ့ ပျောက်စေရန်အတွက် ဂျင်းကို အချောင်းလေးတွေလုပ်ပြီး ထည့်ပြုတ်ပါတယ်။
ငါးကျက်မဲ့အချိန်ကိုမှန်းပြီး ရေခမ်းလေးရအောင် ရေကို နည်းနည်းစီထည့်ပါမယ်။
ငါးကျက်လျှင် သတ်သတ်ဖယ်ထားပါ။
သံပုရာသီး အရည်ညှစ်ထားပါ။
ကော်ရည်ကို ရေအေးဖြင့် ဆား၊သကြား၊ ငရုတ်ကောင်း၊ သံပုရာရည် ထည့်ဖျော်ပြီး ကျဲကျဲလေးရအောင် မီးဖိုပေါ်တွင်ကျိုထားပါ။ချို ချဉ်ငန်စပ်အရသာအား မိမိစိတ်ကြိုက်ပြင်ဆင်ပါ။
ကော်ရည်အိုးချခါနီးတွင် နံနံပင် ရိတ်ရိတ်လှီးလေးများ၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ ကြိတ်ထားသည်ကို ထည့်ပါ။
အရည်အရသာအပေါ့အငန်အတွက်ကြက်သားမှုန့်၊ ဆားတို့ဖြင့် ပြင်ဆင်နိုင်ပါတယ်။
ဒီဟင်းမှာ အငန်အရသာအတွက် ငံပြာရည်ကို မသုံးထားပါဘူးရှင်။
ဟင်းပွဲပြင်ဆင်ရန်အတွက်ပန်းကန်ပြားထဲမှာ အရည်နည်းနည်းခံပြီး ငါးကိုထည့်ပါ။ ပြီးမှ အပေါ်မှ အရည်လောင်းချလိုက်ပါ။
အရည်အရသာဟာ ငါးရဲ့နောက်ကျောဘက်ကိုပါဝင်ပြီး စားလို့အင်မတန်ကောင်းပါတယ်။
အမြည်းအနေနဲ့ဘဲဖြစ်ဖြစ်၊ ထမင်းနဲ့ဘဲ ဖြစ်ဖြစ် ခံတွင်းလိုက်စေပါတယ်ရှင်။
You and Everything Else - Kdrama review
1 week ago






10 comments:
စုဘူးရေ...
ငါးသံပုရာကို အရမ်းကြိုက်တယ်...
ဒီမှာက ပင်လယ်ငါးတွေဘဲရှိလို့ စားလို့ မကောင်းဘူး
ရန်ကုန်ပြန်မှ လုပ်စားမယ်...
အခုတော့ စုဘူးရဲ့ ငါးကို သွားရည်ကျသွားတယ်...
တစ်ပွဲလောက်
စားလို့ကောင်းမဲ့ပုံဘဲနော်
ငံပြာရည် ဘာလို့မသုံးလဲ...
းဝ)
မမိုး..ရန်ကုန်ပြန်မှ လုပ်စားတော့နော်..မ :)
မမွန်..နှစ်ပွဲပေးလိုက်မယ်နော် နှစ်ယောက်မို့လို့ :)
Evy.. အချဉ်မကြိုက်တဲ့သူအတွက် သံပုရာလျှော့ညှစ်ပေးရတယ်။ တချို့က ချဉ်ပြီးစပ်လွန်းလို့တဲ့မကြိုက်ကြဘူး။ သူ့အရသာက အချဉ်အစပ်ကဲမှ ကောင်းသလိုဘဲ. :)
ကိုလူထွေး .. ကော်ရည်အရသာထဲမှာ ငံပြာရည်အရသာဝင်နေတာကို မကြိုက်လို့ပါရှင် :)
ငါးသံပုရာကို စားဖူးခင်ဗျား၊ ကြားလည်းကြားဖူးဘူး။ အတော်စားကောင်းမှာပဲနော်။ လုပ်ကြည့်အုန်းမယ်..။
အဲ့.. ကော်ရည်ဆိုတာ ဘယ်လိုဟာမျိုးလဲဟင်?
ဟို..စာရွက်ကပ်တဲ့ကော်ကို သုံးလို့ရလား?
အဟုတ်ကို မသိတာပါ နောက်တယ်လို့မထင်ပါနဲ့။ တကယ်ပြောတာ...။
မင်္ဂလာပါ..
ငါးသံပုရာ ချဉ်စပ် ကတော့ ကြိုက်လဲကြိုက်လို့ ခဏခဏ ၀ယ်စားဖြစ်တယ်လေ။
ဒီက မြန်မာဆိုင်တွေမှာ ရတယ်။ ဈေးတော့ ကြီးတယ်ဗျ။
အခုလို ငါးသံပုရာ လုပ်နည်းလေး ဝေမျှပေးတော့ ကိုယ်တိုင် ပြုလုပ်ဘို့လည်း သိပ်မခက် သလိုမို့ နောက်တစ်ခါတော့ ကိုယ့်ဘာသာကိုယ်ပဲ ငါးဝယ်ပြီး ငါးသံပုရာ လုပ်စားတော့မယ်။ များများလဲ စားရသေး..ဈေးလဲ သက်သာသေးနော်... ဝေမျှပေးတာ ကျေးဇူး...
ခင်မင်စွာဖြင့်
ကိုမျိုး
စုဘူးရေ...လာလည်ပြီး ငါးသံပုရာချဉ်စပ် ကြိုးစားချက်ကြည့်ဦးမယ်။ရေးရင်းနဲ့တောင်စားချင်လာပြီ
အားရင် ငါးကြော်နည်းပြောပြပေးပါဗျာ ။ ကြော်လိုက်ရင် အိုးမှာ ကပ်ပြီး အကုန် ကြေမွသွားတတ်လို့ပါ ။ ကျေးဇူးတင်ပါတယ်
ငါးသံပုရာကိုအရမ်းကြိုက်တယ်။အခုလို ချက်နည်းလေး ဝေမျှပေးတဲ့အတွက် ကျေးဇူးပါနော်။
Post a Comment