ကြက်သားနှပ်
ပထမဦးစွာ ကြက်သားနှပ်ရန်အတွက် ကြက်သားကို အတုံးကြီးကြီးရအောင် တုံးပေးပါ။
ကြက်သွန်နီ ကို နုတ်နုတ်လေးတွေလှီးပေးပါ။
ြ ကက်သွန်ဖြူ၊ဂျင်း ထောင်းပေးထားပါ။ ပြီးလျှင် ချက်မည့်အိုးထဲသို့ ကြက်သားထည့်ပြီး
ဆား၊ နနွင်းမှုန့် အနည်းငယ် ၊ ငံပြာရည်၊ ပဲငံပြာရည်အနောက်၊အရောင်တင်
တို့ နှင့်အရသာဝင်အောင်နယ်ပေးပါ။ ကြက်သွန်နီ၊
ြ ကက်သွန်ဖြူ၊ဂျင်း ထောင်းထားတာရောထည့်နယ်ပါ။
ကြက်သွန်နီများများထည့်လျှင် အနှစ်ပိုချိုပြီး စားလို့ ကောင်းပါတယ်။
ဆီထည့် ပြီးလုံးချက်ချက်ပါ။
ကြက်သားနူးစေရန် ရေအနည်းငယ်ထပ်ထည့်ပြီး တည်ပေးပါ။
ကြက်သားနူးအိနေပြီး ဆီပြန်လျှင် စားသုံးနိုင်ပါပြီရှင်။
မရမ်းသီးငါးပိချက်
မရမ်းသီးက အမေလူကြုံနဲ့ ထည့်ပေးလိုက်တာပါ။
အိမ်ရောက်တော့ အထုတ်တွေပိပြီး မရမ်းသီးက
အတော်ပျော့ချင်နေပြီ
မို့ တချို့ ကိုမြန်မြန်ထောင်းစားပစ်ရတယ်။
ကျန်တာထဲက သုတ်စားဖို့ နည်းနည်းဖယ်ပြီး မရမ်းသီးငါးပိချက် ချက်စားဖြစ်ပါတယ်။
မရမ်းသီးကို ထိပ်တိပြီး ထက်ခြမ်းခြမ်းကာ အစေ့ထုတ်ပါ။ ပါးပါးလှီးပြီးထောင်းပါ။
ကြက်သွန်နီ ဆီသတ်ပါ။ ကြက်သွန်ဖြူ၊ဂျင်း ရောထောင်းတာထည့်ပြီး ဆီသတ်ပေးပါ။
ခရမ်းချဉ်သီးထည့်ပါ။ ဆား၊ငါးပိ၊အရောင်တင်၊ပုစွန်ခြောက်မှုန့် ၊
ဟင်းခတ်မှုန့် နှင့် အတူ မရမ်းသီးထောင်းထားတာထည့်ပါ။
ရေအနည်းငယ်ထည့်တည်ပြီး ဟင်းအိုးချခါနီးတွင် ငရုတ်သီး
လှီးထားတာလေးတွေ အုပ်လိုက်ပါ။
ဘူးသီးဟင်းခါး
ငါးပိအနည်းငယ်၊ပုစွန်ခြောက်မှုန့် ၊ကြက်သားမှုန့် တို့ကို ရေထည့် ပြီး အိုးတွင်တည်ပေးပါ။
ကြက်သွန်ဖြူ၊ဂျင်း ဓါးပြားရိုက်ထည့်ပါ။ ဟင်းအိုးပွက်လျှင် အပေါ့ အငန်မြည်း၍ ဘူးသီးပါးပါးလှီးတာထည့်၊ငရုတ်ကောင်းမှုန့် ခတ်ပြီး သောက်သုံးနိုင်ပါပြီရှင်
Online Persona
2 weeks ago
3 comments:
ရှယ်ပါဘဲလားကွယ်။။။
ဟားဟား တူတူပဲ ။ လင်းလဲ အိမ်ကလူကြုံ မရမ်းသီးတွေ ပါလာတာ ထောင်းလိုက် သုတ်လိုက် လုပ်နေတာ အခု တော့ မရမ်းသီးငါးပိချက်ပဲကျန်တော့တယ်။ နည်းရပြီ ချက်မယ် ကျေးဇူး
အတော်ပါပဲ။
မရမ်းသီးတွေ လက်ဆောင်ရထားတယ်။
နည်းသိသွားပြီ။ Thanks! :)
Post a Comment