ကျွန်မ တုတ်ကွေးမိနေတာ (၅) ရက်ရှိ ပါပြီ။
decolgen သောက်ပြီး ကိုယ့်ဘာသာဆေးကုနေတာ (၂) ရက်လောက်ရှိပြီ။
နေကောင်းပြီဆိုပြီးရေချိုးလိုက်တာ ပြန်ဖျားလိုက်တာမှ အသည်းအသန်ပါဘဲလား။
ဒီနေ့ မှဆေးခန်းထသွားနိုင်တာ။ပိုက်ဆံလေးကုန်မှလူကလည်း ထူထူထောင်ထောင်ဖြစ်လာတယ်။
Postတွေရေးချင်ပေမဲ့ computer ကြည့်ရင်ကို ခေါင်းတွေမူးနေတယ်။
ကျောင်းတောင်မသွားနိုင်ဘူး။ဒီနေ့ တော့တစ်ခုခုတော့ရေးဦးမှဆိုပြီး
စဉ်းစားမိလို့ ကျွန်မနေ့ စဉ်ရက်ဆက်စားခဲ့ရတဲ့ ကြက်သားဆန်ပြုတ်ကို မျှဝေလိုက်ပါတယ်။
အဲဒီ ကြက်သားဆန်ပြုတ်က ကျွန်မချစ်သူပြုတ်ပြီး လာပို့ ပေးတာပါ။ :)
လူတစ်ယောက်စာအတွက် ဆန်လက်တစ်ဆုပ်စာလောက်ကို ရေအေးနဲ့ ပြုတ်ထားပါတယ်။
ရေနွေးနဲ့ ပြုတ်ရင် မြန်ပေမဲ့ ရေအေးနဲ့ မီးအေးအေးလေးနဲ့ ပြုတ်တာက ပိုပြီး နူးနူးနပ်နပ်ရှိ ပါတယ်။ ဆန်လေးတွေပွလာရင် ဆန်လုံးလေးတွေပျောက်အောင် ချေပေးပါ။
ကြက်သားကို ဆား၊ ဆနွင်း ၊ငံပြာရည်နဲ့ နယ်ပြီး၊ ကြက်ပြုတ်ရေလေးကျန်အောင် ပြုတ်ပါတယ်။
ကြက်သားနူးရင် အမွှာလေးတွေဖဲ့ပြီး ကြက်ပြုတ်ရေနဲ့ အတူ ဆန်ပြုတ်အိုးထဲထည့်ပေးပါ။ ဆန်ပြုတ်မပျစ်မကျဲအနေတော်လေးရပြီဆို ဆား၊ကြက်သားမှုန့် နဲ့ အပေါ့အငန်ပြင်ဆင်ပြီး စားသုံးနိုင်ပါတယ်ရှင်။
ကျွန်မကတော့ ငရုတ်ကောင်းမှုန့် နဲ့ ကြက်သွန်မြိတ်လေးခတ်ပြီး ဆီချက်လေးပါလေရုံ
ဆမ်းစားပါတယ်။
နက်ဖြန်ခါတော့ ထမင်းကလည်းစားချင်လှပြီမို့ ကိုယ့်ဘာသာ ဟင်းချက်ပြီးစားတော့မှာပါနော်။
You and Everything Else - Kdrama review
1 week ago






2 comments:
နေမကောင်းဖြစ်ရင် အားတွေကုန်တတ်တယ်..
ပြန်နေကောင်းရင် အားရှိအောင် များများစား..
ကြက်သားဆန်ပြုတ်လုပ်စားချင်လို့ ပြုတ်နည်းလေး လာဖတ်သွားတယ်။း)
ကျေးဇူးပါ
Post a Comment