မရမ်းသီးကို ထိပ်တိပြီး ထက်ခြမ်းခွဲပြီး အစေ့ထုတ်၍ ပါးပါးလှီးထားပေးပါ။
ငါးပိအနည်းငယ်ကင်ပေးပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ဂေါ်ဖီထုတ် ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူနှင့် ဆီချက်ချက်ပေးပါ။
မြေပဲဆံထောင်းထားပေးပါ။
ထို့ နောက် ပန်းကန်တစ်လုံးထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ဂေါ်ဖီထုတ် ၊
မရမ်းသီး၊မြေပဲဆံမှုန့် ၊ပုစွန်ခြောက်မှုန့် ၊ကင်ထားသောငါးပိ တို့ ထည့်၍ဆီချက်ဆမ်းပြီး သုတ်ပါ။
အပေါ့အငန်ပြင်ဆင်ရန်အတွက် ကြက်သားမှုန့်  နှင့်ငံပြာရည်အနည်းငယ် ထည့်ပေးပါ။
အစပ်ကြိုက်လျှင် ငရုတ်သီးမှုန့် ထပ်ထည့်ပေးပါ။
ချဉ်ချဉ်စပ်စပ်လေးနဲ့  မရမ်းသီးသုတ် ရပါပြီရှင်။
Online Persona
2 weeks ago
1 comments:
အမလေး.. ပုံမမြင်ရသေးပေမယ့် စာဖတ်နေရင်းကို သွားရည်ကျနေရပါပြီ ညီမလေးရယ်.. စားချင်တယ်.. စားချင်တယ်.. :D
မရမ်းသီးသုပ် မစားရတာ နှစ်နဲ့တောင် ချီနေပြီ.. :(
Post a Comment