မိဘရင်ခွင်ထဲကနေ ထွက်ပြီး အဝေးမှာလာနေကြရတဲ့သူတိုင်း အိမ်လွမ်းတဲ့ဒဏ်ကို
ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။ စိတ်ဆင်းရဲ ပင်ပန်းမှုတွေ၊လောကဒဏ်တွေကို
တွေ့ ကြုံရတိုင်းမှာ အလွမ်းဆုံးဟာ အမေပါဘဲ။
အခုတလော အိမ်အရမ်းလွမ်းမိတယ်။ အမေကို လွမ်းတယ်။
နေမကောင်းရင် အမေကို ပိုလွမ်းမိတယ်။
မြန်မာနိုင်ငံပြန်တိုင်း ချက်ကျွေးတဲ့ အမေ့လက်ရာလေးတွေ၊
မေတ္တာတရားလွှမ်းခြုံထားတဲ့အမေ့အိမ်ကဟင်းကို လွမ်းမိပါတယ်။
လူတိုင်းအတွက် အမေ့လက်ရာဆိုတာ အကောင်းဆုံးနေမှာပါဘဲနော်။
ဘာလို့ လဲဆိုတော့အမေ့ဟင်းမှာ မေတ္တာပါတာကိုး။
အမေကို လွမ်းတဲ့အထိမ်းအမှတ်နဲ့ 
မေတ္တာဓါတ်ပါတဲ့ အမေ့လက်ရာလေးတွေကို ဝေငှလိုက်ပါတယ်။
ဒါကတော့ မိုးကုတ်မျှစ်ကြော်ပါ။ ဈေးထဲမှာ နှီးလေးတွေနဲ့ တွဲပြီးရောင်းပါတယ်။
တစ်တွဲကို (၃၀၀)(၄၀၀)လောက်ပေးရပါတယ်။ အတိအကျ မသိတော့ပါ။
မန္တလေးရတနာပုံဈေးနားက ညဈေးတန်းမှာ အရမ်းပေါပါတယ်။ ပိန်ပိန်ရှည်ရှည်လေးတွေပါ။ ဈေးသည်တွေကတော့ မိုးကုတ်မျှစ်လို့ ခေါ်ကြပါတယ်။
အဲဒါကို ရေဆေး ပြီး အတုံးလေးတွေလှီးပါတယ်။
ကြက်သွန်နီ၊ဖြူ ဆီသတ်ပါတယ်။ ကြက်သွန်နွမ်းရင် ငါးပိထည့်ပြီး မွှေပေးပါ။
ပုစွန်ခြောက်မှုန့် ၊ငရုတ်ကြမ်းမှုန့် ၊ဆားအနည်းငယ်ထည့်ပါတယ်။
ပြီးရင် တုံးထားတဲ့မျှစ်ကိုထည့်ပြီး ချက်ပါ။
မျှစ်နူးရုံ ရေအနည်းငယ်ထည့်ပေးပါ။
ဆီလေးပြန်လာရင် စားလို့ ရပါပြီနော်။
အသားဟင်းမပါဘဲတောင် ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါ။
ခုလောလောဆယ် တမ်းတနေတဲ့ ဟင်းလည်းဖြစ်ပါတယ်။
Online Persona
2 weeks ago
3 comments:
အရင်ဆုံးလာစားသွားပါတယ်
ဟုတ်ပါတယ်။ လောကမှာ မိခင်ချက်တဲ့ဟင်းကို ဘယ်သားသမီးမှမီအောင်မချက်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မိခင်ချက်တဲ့ဟင်းမှာ မိဘမေတ္တာအပြည့်အ၀ပါနေလို့လေ။ :) စာလေးတွေလာဖတ်ရင်း သရေကျပြီးပြန်သွားပါတယ်။ :)
ကိုမိုးတိမ်ညို>>ကျေးဇူးနော်
chan>>ဟုတ်ပါတယ် chan ရေ ။မိဘ မေတ္တာနဲ့ ချက်တဲ့ဟင်းကို ဘာနဲ့ မှမမီနိုင်ဘူး :)
Post a Comment