
အရက်ချိုး၊ ကွမ်းချိုး ချတဲ့ဟင်းလေးပါ။
ကိုယ့်ဘာသာကိုယ်တော့ အပျင်းချိုးတွေချဖို့ ချက်စားဖြစ်ပါတယ်။ :)
ကြက်သားရဲ့ ဒူးဆစ်နဲ့တောင်ပံရိုးလေးတွေကို ရေဆေးပြီး
ဆား၊နနွင်းနည်းနည်း၊ပဲငံပြာရည် အကြည်၊
ကြက်သားမှုန့် နဲ့နယ်ပြီး ခဏနှပ်ထားပါ။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း တို့ကို တောက်တောက်စင်းပြီး
အရသာနယ်ထားသောကြက်သားနဲ့ လုံးပြီးတည်ရုံပါဘဲ။
ကြက်သားကို သူ့ရေနဲ့သူအရင်လုံးပြီးမှ ရေဖြည်းဖြည်းထပ်ထည့်ပြီး ဆူပွက်အောင်တည်ပါ။
အပေါ့အငန်လိုရင် ငံပြာရည်လေး စွက်ပါ။
ဈေးကြီးပေးဝယ်ထားရတဲ့ ဂွေးတောက်ရွက်ကို အရွက်ခြွေပြီး ရေဆေးထားပါတယ်။
အရွက်ရင့်တွေကို လွှတ်မပစ်ရက်လို့ ပါးပါးလှီးထည့်ပါတယ်။
စားတော့မယ်ဆိုမှပန်းကန်ထဲ ဂွေးတောက်ရွက်ထည့်ပြီး ဟင်းရည်ပွက်ပွက်ဆူ လောင်းထည့်ပါတယ်။
ဂွေးတောက်ရွက်ကိုပါ မီးဖိုပေါ်အကြာကြီးတည်ရင် တစ်ခါတစ်ရံ အရည်သောက်ရတာ ခါးသွားတတ်လို့ပါ။
You and Everything Else - Kdrama review
1 week ago






3 comments:
သိပ်ကြိုက်ပါတယ်။ ချိုခါးလေး..
အရွက်ကို ပြုပ်ပြီး ငပ်ရည်နဲ့ တို့ စားလည်းကြိုက်တာပဲ။
အရမ်းကြိုက်တယ်...ရန်ကုန်မှာလည်းအရင့်တွေချည်းပဲ..ပစ်မယ်ဆိုရင်ဘာမှတောင်စားရမှာမဟုတ်ဘူး...နယ်မှာတော့ထိပ်ညွန့်နုနုလေးတွေချည်း ခြွေရောင်းတာ
ဂွေးတောက်ရွက်အရမ်းကြိုက်တယ်စုဘူးရေ.. ရေနွေးဖျောတို့စားတယ်.. ကြော်စားတယ်..အကုန်လုပ်စားတယ်.. အိမ်မှာတော့ မာမီက အပင်လေးတွေစိုက်ထားတယ်.. ၄-၅ ညွန့်တော့ရတာပေါ့..အများကြီးစားချင်ရင်တော့ ဈေးက ၀ယ်ရတာဘဲ.. ပြောရင်းနဲ့စားချင်လာပီ..း))
Post a Comment