ငါးခေါင်းဟင်းရည်ချက်ရန်အတွက် လိုအပ်သောပစ္စည်းများကတော့
ငါးခေါင်း
မုန်ညင်းဖြူ
မျှစ်ချဉ်၊ မုန်ညင်းချဉ်
ကြက်အမြစ်အသည်း၊ နှလုံး။
ငုံးဥ [ဈေးကြီးလို့ ကျွန်မ မထည့်ထားပါဘူး။ ;-) ]
fish ball 0r fish cake
ကြက်သားကြိတ်သား၊
ကြက်ဥ
အကြော်မှုန့်
ကြက်သွန်နီ၊ ဖြူ၊ ဂျင်း။
စပါးလင် (ဝယ်မရလို့မထည့်လိုက်ရပါဘူး။)
brocoli (ကြိုက်တတ်ရင်)
ခရမ်းချဉ်သီး (၁)လုံး။
မိမိနှစ်သက်ရာ ငါးခေါင်းတစ်မျိုးကို မန်ကျီးသီးမှည့်အနှစ်ဖြင့် သေချာ နယ်ဆေးပါ။
ရေစင်စင်ပြန်ဆေးပြီးနောက် ဆား၊ နနွင်း၊ ငံပြာရည်နဲ့ နယ်ပါတယ်။
ဂျင်းကို ပါးပါးအလွှာလေးတွေလှီးပါတယ်။
ငါးခေါင်းကို ဂျင်းလွှာလေးတွေထည့် ရေနည်းနည်းထည့်ပြီး ပြုတ်ပါတယ်။
ကြက်အသည်းအမြစ်ကိုလည်းရေစင်စင်ဆေးပြီး ပါးပါးလှီးပြီး ဆား၊ နနွင်းနယ်ထားပါတယ်။
ကြက်နှလုံးကိုလည်း ထည့်ပြီးရောနယ်ပါတယ်။
ငုံးဥကိုလည်း ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ထားပါ။
ကြက်သားကြိတ်သားကို ဂျင်း၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာထည့်ပြီး ဆားနဲ့နယ်ပါတယ်။
နောက် အကြော်မှုန့်နဲ့  ကြက်ဥတစ်လုံးခေါက်ထည့်၊ ရေလေးနည်းနည်းလေးထည့်ပြီး ပျစ်ပျစ်လေးရတောင်နယ်ထားပါတယ်။
ငါးခေါင်းလေး ကျက်ပြီဆို မှ ဟင်းရည်ချက်မဲ့ အိုးထဲကို ဆီလေးနည်းနည်းလေးထည့်
ကြက်သွန်နီ၊ ဖြူ၊ ဂျင်းထည့်ပြီး ဆီသတ်ပါတယ်။
( ဒီက ငါးတွေညှီလွန်းတဲ့အတွက် ဂျင်းနဲ့ ပြုတ်ပြီးမှ ပြန်ဆီသတ်တာပါ။ )
ကြက်အသည်းအမြစ်၊ နှလုံးပါထည့်ဆီသတ်ပါတယ်။ fish ball ပါးပါးလှီးထည့်ပါတယ်။
အရောင်တင် နည်းနည်းထည့်လို့ရပါတယ်။ ကျွန်မကတော့ ဧည့်သည်ကျွေးမှာ ဖြစ်တဲ့ အတွက် အစပ်မစားနိုင်တာဖြစ်မှာ စိုးလို့ အရောင်တင်မထည့်ထားပါဘူး။
ငါးပိ၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်တို့ ထည့်ပါ။ ပြီးရင် ရေနွေးထည့်ပြီးတည်ထားပါ။
ကြက်သားကို အဆုပ်လေးတွေဆုပ်ပြီး ထည့်ပါတယ်။
ခရမ်းချဉ်သီးကို လေးစိပ် စိပ်ထည့်လိုက်ပါတယ်။ မျှစ်ချဉ်ထည့်ပါတယ်။
မျှစ်ချဉ်ကို အစပ်ကြိုက်ရင် အစပ်ထည့်လို့ရပါတယ်။ မုန်ညင်းချဉ် ထည့်ပါတယ်။
မုန်ညင်းဖြူထုတ်ကို မထူမပါးလှီးပြီး ခပ်လိုက်ပါ။ brocoli လှီးထားတာ ထည့်ပါတယ်။
ငုံးဥလေးကို အခွံခွာပြီးထည့်လိုက်ပါ။ အပေါ့ အငန်မြည်းပြီး ဟင်းရည်ပွက်ရင် သုံးဆောင်နိုင်ပါပြီနော်။
အိမ်မှာ ပန်းကန်ကြီးကြီးကောင်းတာ မရှိတော့ ဧည့်သည်လာမယ်ဆိုရင် ဒီလို ဟာမျိုးဘဲ အားကိုးရပါတယ်။း)
Online Persona
2 weeks ago
4 comments:
ဧည်သည်လာလုပ်မယ်လေ။ စုစုဗူးဗူးရဲ့ ပန်းကန်တွေသေးလဲ.. ရပါတယ်။ အိမ်ကပန်းကြီးကြီးယူလာခဲ့မယ်လေ။
မင်္ဂလာပါ..
အင်း..ငါးခေါင်းဟင်းရည် ကတော့ အကြိုက်ဆုံးပေါ့။ အခုပို့စ်လေးကို ဖတ်ပြီးတော့မှ ငါးခေါင်းဟင်းရည် ထဲမှာ ထည့်စရာတွေ အများသားနော်။
ခင်မင်စွာဖြင့်
ကိုမျိုး
ငါးခေါင်းဟင်းရည်က ဧည်သည်တွေ ဘာတွေ လာမှ ချက်စားရတာ ပျော်စရာကောင်းတာ...အမတို့ အိမ်မှာက ၂ ယောက်တည်းဆိုတော့ တခါချက်ပြီးရင် ၂ နပ် ၃ နပ်လောက် စားရတယ်... စုဗူးဆီ ဧည့်သည်လာလုပ်ရင် ချက်ကျွေးနော်.. :D
ရှယ်ပဲနော်.. ကြိုက်တယ်..
သူများချက်တဲ့ ဟင်းတွေဆိုရင် အားလုံးကြိုက်..
ကိုယ့်ဟာကိုယ်သာ မချက်ချင်တာ..
Post a Comment