မင်္ဂလာပါရှင်။ ပျောက်နေတာ ကြာပြီးခုမှ ပြန်ပေါ်လာတာဆိုတော့ Post မြန်မြန်တင်ဖြစ်အောင်
typing တိုတိုဘဲ ရိုက်ရတဲ့ ပုစွန်ကင် ကို မျှဝေ လိုက်ပါတယ်နော်။ပုစွန်ကင်ကို တစ်ခါလည်း ရေးဖူးပါတယ်ရှင်။
ဒါကတော့ အိမ်မှာ ဧည့်သည် ဖိတ်ကျွေးတုန်းက ရိုက်ထားတာပါ။ ထူးထူးဆန်းဆန်း တော့မဟုတ်ပါဘူး။ ပုစွန်ကို ရေဆေးပြီး အခွံချွတ် ချေးကြောင်းထုတ်ပါ။ ဆားလေးနည်းနည်း၊ ငရုတ်ကောင်းမှုန့် လေး နည်းနည်း နယ်ထားပါတယ်။ ဆိုင်ကလို အကင်မှာသုတ်ရမဲ့ အမှုန့်လည်း မရှိဘူးလေ။
နာရီဝက်လောက်နေမှ ကင်တဲ့ဇကာလေးပေါ်တင်ပြီး ကင်လိုက်ပါတယ်။
ပုစွန်လေးက ကွေးသွားရင် ကျက်တာမို့ အချိန်ခဏလေးအတွင်းမှာ သုံးဆောင်နိုင်ပါတယ်နော်။
နံနံပင်လေး ကိုက်၊ သံပုရာသီးလေးအရည်ညှစ်ပြီး သုံးဆောင်နိုင်သလို ကင်ပြီးသားလေးကို ပြန်သုတ်စားရင်လည်း စားလို့ကောင်းပါတယ်နော်။
Online Persona
2 weeks ago
5 comments:
ပုဇွန်ကင် နဲ့ ငါးခေါင်းဟင်း ပူပူလေး လာစားသွားတယ်နော် :-D
မပေါ်လာ အတော်ကြာပါရောလား...
ပုဇွန်ကင်ရော ငါးခေါင်းဟင်းရောကြိုက်တယ်ကွယ်...
ပုဇွန်ကင် ကဘီယာလေးနဲ့မှ :P
ပုစွန်ကင်ကြိုက်တယ်။ ငါးခေါင်းဟင်းလည်း အရမ်းကြိုက်။
ပုစွန်ကင်သုပ်ဆိုလည်း ကြိုက်တယ်။ အကုန်စားမယ်။
Post a Comment