
မင်္ဂလာပါရှင်။ ကျွန်မလည်း တော်တော်လေး အလုပ်ရှုတ်နေလို့ အချိန်အတော်ကြာ အသစ်မတင်နိုင်ဘူးဖြစ်နေပါတယ်။ လာလည်တဲ့ မိတ်ဆွေအပေါင်းကို ဟင်းအသစ်မရှိတော့
အားနာမိပါတယ်။ ဒါကြောင့်အချိန်လုပြီး ဟင်းသစ်တင်လိုက်ပါတယ်ရှင်။ တစ်ဆက်တည်းမှာဘဲ တောင်းပန်ချင်တာကတော့ နောက်လကုန်မှဘဲ ပြန်လည်ဟင်းချက်ပါမယ်လို့ ဘလော့ပေါ်ကနေ ခွင့်တိုင်ပါတယ်ရှင်။
ဒီဟင်းလေးကတော့ ငါးမြင်းဗိုက်သားကဲ့သို့သော အဆီများသော ငါးအပိုင်းတစ်မျိုးကို
ချဉ်ပေါင်ဖြင့် ချက် ခြင်းဖြစ်ပါတယ်။ ငါးကို မန်ကျီးမှည့်အနှစ်ဖြင့် ပွတ်ဆေးပြီး ရေသန့်သန့်ပြန်ဆေးပါ။
အတုံးလှလှ တုံးထားပေးပါ။ဆားနဲ့ နနွင်းနယ်ပြီး ခဏ နှပ်ထားပါ။ ချဉ်ပေါင်ကို အရွက်လေးတွေခြွေပြီး ဆားနဲ့နယ်ပြီး နာနာဖျစ်ဆေးပါတယ်။ ပြီးရင်ရေစင်အောင်ပြန်ဆေးပြီး ဓါးနဲ့ ကြမ်းကြမ်းလေးပြန်လှီးထားပါတယ်။ ဒီက ချဉ်ပေါင်တွေက အရမ်းကြီးတော့ ဟင်းချက်ရင် ပေါလောကြီးတွေဖြစ်နေမှာစိုးလို့ပါ။
နောက်အနှစ်လုပ်ဖို့ အတွက် ကြက်သွန်နီအနေတော်(၂)လုံးလောက် ထောင်းထားတာကို ဆီသတ်ပါတယ်။ ကြက်သွန်နွမ်းလာရင် ဂျင်း၊ကြက်သွန်ဖြူထောင်းတာကို ထည့်ပါမယ်။
ခရမ်းချဉ်သီး (၁)လုံးကို ပါးပါးလှီးပြီးထည့်ပါမယ်။ အရောင်တင်မှုန့်၊ ဆား၊
ငါးပိအနည်းငယ်နဲ့ကြက်သားမှုန့်တို့ ထည့်ပြီး အနှစ်ကို လိပ်လိပ်လေးရအောင်ချက်ပါတယ်။ ပြီးရင် ငါးကိုထည့်ပါတယ်။ သူ့အရည်လေးနဲ့သူ လုံးသားကျမှ ချဉ်ပေါင်ရွက်ထည့်ပြီး ရေထပ်ထည့်ပါတယ်။ ငါးကလည်းခဏနဲ့ကျက်တာ
မို့ ဆီပြန်ကြိုက်ရင် ဆီပြန်၊ အရည်စပ်စပ်လေးကြိုက်ရင် အရည်စပ်စပ်လေးနဲ့ ဟင်းအိုးချလိုက်ပါနော်။ ငရုတ်သီးတောထောင်းလေးနဲ့ဆို ရှယ်ပါဘဲနော်။
You and Everything Else - Kdrama review
1 week ago






15 comments:
ကောင်းတယ်ဗျို့ 
ကောင်းတယ်ဗျို့ 
မိုက်တယ်... အဆီပါတဲ့ငါးကို ချဉ်ပေါင်နဲ့ချက်တာ စားကောင်းမှာသေချာတယ်
အယ်စားချင်စရာနော်
စားမယ်သိလား
အားပါးပါး...
အိပ်ရေးပျက်တာနဲ့အတော်ပဲဗျာ...
စုဘူးအိမ်မှာ
ချဉ်စပ်လေးကို အ၀ဆွဲသွားတယ်...
ချဉ်ပေါင်ရွက်နဲ့ ငါးနဲ့ ချက်တာကြိုက်တယ်
good...
စုဘူးရေ.. အလုပ်ရှုတ်နေတဲ့ကြားက ချက်တဲ့ဟင်းကလည်း သွားရည်ကျစရာပါလားလို့.. :D စုဘူးချက်ထားသလို ငါးနဲ့ချဉ်ပေါင်ချက်စားဦးမယ်.. :)
အရည်စပ်စပ်လေးနဲ့စားမယ်...
အဲ..ဒီမှာချဉ်ပေါင်မရှိဘူးဆိုတော့ အိမ်ပြန်မှ စားရတော့မယ်
ချဉ်ပေါင်နဲ့ငါးက အကြိုက်ဆုံးဟင်းပဲ
ငံပြာရည်ဖျော်လေးနဲ့ နယ်စားရရင် တခြားဘာဟင်းမှ မလိုတော့ဘူး
မစားရတာကြာလို့ လာစားပါတယ်..
မစုဘူးရေ... ဟင်းလာမြည်းသွားပါတယ်ခင်ဗျာ။
ငါးနဲ့ချဉ်ပေါင်သိပ်ကြိုက်တာပေါ့... :)
ငါးနဲ့ချဉ်ပေါင်... သိပ်ကြိုက်တယ်။
မျှော်နေတာ စုစုဗူးဗူးရယ်. အခုမှပဲ ပြန်တွေ့ရတော့တယ်။
း)
စာလုံးပေါင်းမှားသွားလို့ ပထမ ကော်မန့် ကို ဖျက်လိုက်တာ။
စားချင်စိတ်ကအရမ်းများသွားတယ်။အဟီးးးးးး
ချဉ်ပေါင်အရမ်းကြိုက်တယ်နော်။ လာတာ နောက်ကျသွားတော့ ကျန်ပါ့ဦးမလားဘဲ။
း)
မင်္ဂလာပါ..
ငါးနဲ့ချဉ်ပေါင် ဟင်းကတော့ အကြိုက်ဆုံးပဲ ဗျို့..
ဗိုက်တောင် ဆာလာပြီ။ ချက်ပြီးရင်လဲ ပို့လိုက်အုံးဗျ..
အခုဟာက ဓာတ်ပုံကြည့်ပြီး မြင် ငတ်ကြီး ဖြစ်နေလို့ပါ.... ဟိ..ဟီး..
ခင်မင်စွာဖြင့်
ကိုမျိုး
Post a Comment