ဘလော့လာ မိတ်ဆွေအပေါင်း မင်္ဂလာပါရှင်။
မရေးတာ ကြာနေပြီဖြစ်တဲ့ ဘလော့လေးကို ဇရစ်ရိုးလေးနဲ့ ဖုန်လာခါတာပါ။ :D
ဇရစ် ကို ပင်နီစူးလားက ဝယ်လာပါတယ်။ (၁) စည်း ၁ ဒေါ်လာနဲ့ ၂ ဒေါ်လာဖိုးပေါ့။
ကဲ.. စချက်ပါပြီနော်။ ဇရစ်ကို လက်တစ်ဆစ် စာလောက် လှီးဖြတ်ပါတယ်။
အရိုးပိုင်းလေးတွေကို ဓါးနှောင့်လေးနဲ့ ထုပါတယ်။ ပြီးတော့ ဇရစ်တွေကို နနွင်း နည်းနည်း ၊ဆားနည်းနည်း ထည့်ထားတဲ့ ရေထဲမှာ အစေးကုန်အောင် ခဏ စိမ်ထားပါတယ်။ ပြီးမှ ရေစင်အောင် ပြန်ဆေးပါတယ်။
ပြီးရင်တော့ ထုံးစံအတိုင်း ကြက်သွန်နီ ၊ ဖြူ ဆီသတ်ပါတယ်။
အရောင်တင်၊ ငါးပိ အနည်းငယ် ၊ ဆား ၊ ကြက်သားမှုန့်တို့နဲ့ အနှစ်လေး လုပ်ပါတယ်။
ပြီးရင် ဇရစ်ထည့်၊ ရေအနည်းငယ်ထည့်ပြီး တည်ပါမယ်။ ဇရစ်လေး နူးရင် ဟင်းအိုးချလို့ရပါပြီနော်။
ဇရစ် သိပ်မနွမ်းခင် ဟင်းအိုးချပါနော်။
ဒါဆိုရင် ရာသီစာ ဇရစ်ကြော်လေး စားကြပါဦးနော်။ ကျွန်မ မေမေရဲ့ favourite ဟင်းလေးပါ။ :)
စင်ကာပူမှ မိတ်ဆွေများ ဇရစ်ရိုးလေးကို မက်မောတယ်ဆိုရင်ဖြင့် ပင်နီစူလာ ၃ထပ်က ရွှေအင်းဝနဲ့မျက်စောင်းထိုး ဆိုင်နာမည် (ရွှေစင် ထင်ပါရဲ့) မှာ သွားရောက်ဝယ်ယူပြီး ရာသီစာလေး စားလိုက်ကြပါဦးနော်။
Online Persona
1 week ago
7 comments:
ဖလံတောင်မွှေးမဟုတ်ဘူး၊ဇရစ်ရိုးပါ။ကင်ပွန်းချဉ်ရွက်နဲ.
ရောပြီးချဉ်ရည်ဟင်းချက်စားလဲရတယ်။ချင်ပေါင်ရွက်နဲ.
ရောကြော်စားလဲချွဲချွဲလေးနဲ.စားလို.ကောင်းတယ်။
ဖလံတောင်မွှေးလဲပင်နီစူလာမှာရပါတယ်။
ဇရစ်ရောဖလံတောင်ဝှေးရောစားချင်လိုက်တာ။
ပုံထဲကဟာဇရစ်နော်။ မစားရတာကြာလှပြီ။
(ဖလံတောင်ဝှေးကပိုပြီးအရောင်ဖြူပြီးဆူးမပါဘူး။
ဖလံတောင်ဝှေးကအပေါ်ကအရွက်တွေကိုခွာပြီးဖြတ်ထုတ် ပစ်ရတယ်။
ဈေးမှာဆိုအောက်ဖက်တွေခွာထားပြီးထိပ်ဖက်တွေချန်ထားလေ့ရှိတယ်။)
ဗိုက်တောင်ဆာလာပြီ။
အိုင်အိုရာ
စုဘူးရေ အဲဒါ ဇရစ်...
ဖလံတောင်ဝှေးရော ဇရစ်ရော မစားရတာ ကြာနေပြီ
စားချင်တယ် :)
ဇရစ်နဲ့ ဖလံတောင်မွှေး တူတူထင်နေတာ။ ပြင်လိုက်ပါပြီနော်။ အားလုံး ကျေးဇူးပါ။ :)
ကျေးဇူး .. တို့ လည်း ဇရစ်သိပ်ကြိုက်တာ..ဒီတပတ် သွားဝယ်လိုက်ဦးမယ်
ဇရစ်ရိုးစားချင်တယ်စုဘူး...
အချဉ်ဟင်းချက်စားလဲသိပ်ကောင်း..
တို့စရာလုပ်စားလဲကောင်း....
စင်ကာပူမှာနေရတဲ့သူတွေကံကောင်းတယ်သိလား..
စားချင်တာအကုန်ရတယ်..း)
ဇရစ်ရိုးလေးစားချင်လိုက်တာ မစားရတာအတော်လေးကြာခဲ့ပြီ
Post a Comment