ကင်းပုံသီးကို ထိပ်နှစ်ဖက်တိပြီး နှစ်ခြမ်းခြမ်း (သို့ ) လေးစိတ်စိတ်ပေးပါ။
ဆားနှင့်နာနာ နယ်ပြီး ရေစင်အောင်ပြန်ဆေးပါ။ ကြက်သွန်နီ ကို ဆီသတ်ပါ။
ကြက်သွန်ဖြူ၊ ဂျင်းထောင်းထားတာ ထည့်ပါ။ ကြက်သွန်နီနွမ်းလျှင် ခရမ်းချဉ်သီး (၁)လုံး ပါးပါးသေးသေးလေးတွေလှီးထည့်ပြီး အနှစ်လုပ်ပါ။
ငါးပိ၊ဆား၊ပုစွန်ခြောက်မှုန့် ထည့်ပါ။
ငရုတ်သီးအစိမ်းတောင့်ကို (၃)တောင့်လောက်ထောင်းထည့်ပေးပါ။
ငရုတ်သီးထည့်ထားလို့ အရောင်တင်လုံးဝမထည့်ပါဘူး။ကင်းပုံသီးထည့်ပါ။
ကင်းပုံသီးနူးအောင် ရေနည်းနည်းချင်းထည့်ပေးပါ။
ကင်းပုံသီးနူးပြီး ဆီပြန်ရင် စားလို့ ရပါပြီနော်။
Online Persona
2 weeks ago
9 comments:
စားချင်စရာလေးဘဲ။ တစ်ခါမှ ကင်းပုံသီးကို အဲလိုမချက်စားဘူးဘူး။ နောက်မှ ချက်စားကြည့်ဦးမယ်။ ခုတော့ သရေကျပြီး ပြန်သွားသည် :)
KYAW
Thanks for visiting my blog sis! :)
ကြိုက်မှာ သေချာတယ်။ စားချင်ပါဘိ အခု။
မဇနိ
ကျေးဇူး ညီမလေးရေ.. အမမှာ အခုလောလောဆယ် ကင်းပုံသီး ၁ ထုပ် ရှိနေတယ်.. ညီမလေး ပြောသလို ကြော်စားကြည့်မယ်... :)
အဲဒီကင်းပုံသီးကိုမစားရတာ ၅ နှစ်ကျော်ပီ..
အတိတ်ဟောင်းလေးပြန်သတိရအောင်များ လုပ်နေသလားစုဘူးရေ.. အိမ်ပြန်တိုင်းလဲ ကင်းပုံသီးရောင်းတာမတွေ့ဘူး...အလုတော့အလွမ်း ပြေ ပုံလေးဘဲငမ်းတော့မယ်
မဇနိ၊မနုစံ၊ကူးကူး လည်လည် လာပေးတဲ့အတွက် ကျေးဇူးပါရှင်။
ကင်းပုံသီး ဘယ်မှာဝယ်လို့ ရလဲ ခင်ဗျာ...
ကိုလူထွေး>>ကင်းပုံသီးကို jurong west st 42 ကwet market က ဝယ်ခဲ့ပါတယ်ရှင်။ စင်ကာပူကဆိုရင်တော့ pennisular plaza မှာ အမြဲတမ်းနီးပါး ဝယ်လို့ ရတတ်ပါတယ်ရှင်
can buy in little india also :-)
Post a Comment