ဖားကို fair price ကနေ တစ်ဘူးကို 3.5 $ နဲ့ ဝယ်လာပါတယ်။
မျက်စေ့က သေချာမကြည့်ဘဲခုတ်ထားတယ်ထင်လို့ဝယ်လာတာ အိမ်ရောက်တော့မှ
တုံးလုံးလှဲနေတဲ့ သန့်စင်ပြီးသား ဖားလေးနှစ်ကောင်ကိုတွေ့ပါတယ်။(အေးလေ ဖားကိုတော့ဘယ်သူက တုံးပြီးသားရောင်းမလဲနော်)။ ဒါနဲ့ ကိုယ့်ဘာသာမခုတ်လည်းဘယ်သူမှ လာခုတ်ပေးမှာမဟုတ်လေတော့ လက်အိတ်စွပ်ပြီး ဖားကို အတုံးသေးသေးလေးတွေဖြစ်အောင် ပုံဖျက်လိုက်ပါတယ်။
ပြီးရင်ရေဆေးပြီး ဆား၊နနွင်းနယ်ထားပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီသတ်ပါတယ်။ ဆီဆမ်းစားချင်တဲ့အတွက် ဆီအနည်းငယ်ပိုထည့်လိုက်ပါတယ်။ ကြက်သွန်နီနွမ်းရင် ဂျင်းထောင်းထားတာထည့်ပါတယ်။ ဥတစ်လုံးကြက်သွန်ဖြူလေးကို ဓါးပြားရိုက်ထားတာထည့်ပါတယ်။ ဖားလေးတွေတုံးထားတာထည့်၊ဆားနည်းနည်း၊ကြက်သားမှုန့်နည်းနည်းထည့်လိုက်တယ်။ပြီးတော့ ငရုတ်သီးအကြမ်းမှုန့်ထည့်တယ်။ အရသာနှံ့ အောင်မွှေပါတယ်။ ဖားကခဏလေးဘဲ ကျက်တဲ့အတွက် အနံ့ လေးမွှေးရင် သုံးဆောင်နိုင်ပါပြီနော်။ ချက်စားမယ်ဆိုလည်းပင်စိမ်းလေးအုပ်ပြီး ငရုတ်သီးစိမ်းလေး ခြမ်းထည့်ရေလည်ဆီလည်လေးဆို ကောင်းပါတယ်။ ခုတော့ ပင်စိမ်းမရှိတော့ကြော်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာတုန်းကတော့ မိုးဦးကျ ဖားပေါ်တဲ့ရာသီဆို ဆိုင်တွေက ကိုယ့်ဘာသာမတုံးချင်ရင် တုံးပေးလိုက်ပါတယ်။ အဆင်သင့်ချက်ရုံပါဘဲ။
ဖားပိုးလို့ ပက်လက်လေးတွေမြင်ပြီး မခုတ်ချင်ပါဘူး။
နောက်တော့ဖားဝယ်မစားတော့ဘူးလို့စဉ်းစားထားတယ်။ ခုတ်ပြီးသားလေးဆိုရင်တော့စားမယ်လေ။ :)။ ကြက်သားတောင်မခုတ်ချင်လို့ ဘူးနဲ့ထည့်ထားတာဘဲ ဝယ်စားတော့တယ်။ စဉ်းတုံးပေါ်က အမောက်တထောင်ထောင်နဲ့ကြက်ကြီးကိုကြည့်မိ ရင်စိတ်ထဲတမျိုးကြီးဖြစ်မိတယ်။
Online Persona
2 weeks ago
11 comments:
ဖားတခါမှမစားဖူးဘူး.. ဒို့အဖေတော့အရမ်းကြိုက်တာ... အလှဘဲကြည့်သွားတယ်...
တိုအမေလည်း ဖားကို ဂျင်းများများနဲ့ ကြော်ပေးတတ်တယ်..တွေ့ရင်ပေါ့ အမြဲတော့ မတွေ့ဘူးလေ..
ဖားသားကိုညီမလေး နဲ့ အဖေတအားကြိုက်တယ် အကြွပ်ကြော်တာလေ ငရုတ်သီးနဲ့ ကိုယ့်ဘာသာတေ့တခါမှမချက်စားဖူးဘူး သူတို့ကိုအမေလုပ်ကျွေးတုန်းကတော့နှိုက်စားဖူးတယ် အရသာသိပ်မမှတ်မိတော့ဘူး
စုဘူးရေ..အသည်းယားတယ်.. ကလိကလိနဲ့... စားလို့ကောင်းလားဟင်..အရသာရော ဘာအသားနဲ့တူလဲဟင်...
ဖားသား တခါမှမစားဘဖူးဘူးကွယ် အဟီးးး စားရမှာလဲ ကြောက်ချာကြီးးး အီးဟိးးးး
ဖားသားတစ်ခါစားဖူးတယ်..ချိုဆိမ့်ဆိမ့်လေး
ဖားနဲ့  မကျီးရွက် နဲ့ အစပ် ကြော်တာလဲ ကောင်းတယ် နော်..ချဉ်စပ်လေးး))
'ဖား' စားတဲ့သူတွေ ပေါလာတယ်နော်...းP
ဖားစားတဲ့သူတွေက 'စားဖား' ကိုကြိုက်တယ်လို့ ဆရာကံချွန်ရေးတာ ဖတ်ဖူးတယ်...
းဝ)
စားချင် လိုက်တာ...
တို့လည်း ဖားသား ကြိုက်တယ်...
ဖားတွေရောင်းနေတာတော့မြင်တယ် ကားကားရားရားကြီးမို့ မ၀ယ်စားရသေးဘူး။ ကြော်ရင် ဆီအရမ်းစင်တယ်ပြောလို့။ စုဘူးလို ကြော်စားကြည့်အုံးမယ်။
ချက်ကြည့်မည်။ ဖားသား အလွန်ကြိုက်သည်။ ဂိုးဒန်းမိုင်းသွားတိုင်း စားဖြစ်နေကျ အစားစာရင်းမှာ ဖားသားခြောက်စပ်လဲ ပါသည်။ ကိုယ်တိုင် ချက်ကြည့်မည်။
Post a Comment