တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပေါင်းခ စေဖို့ မယ်ဇလီဖူးသုတ်လေး စားကြရအောင်နော်..
ပထမဦးစွာ မယ်ဇလီဖူးကို ရေဆေးပြီး မာလကာရွက်နှင့် မန်ကျီးမှည့် ထည့်ကာ နှစ်ရေခန့်ပြုတ်ပါမယ်။ အခါးများကုန်စင်စေရန် ဖြစ်ပါတယ်။
ပြုတ်ပြီးသားမယ်ဇလီဖူးများကို ရေစင်အောင်ညှစ်ပြီး ငရုတ်ဆုံဖြင့်အလုံးကွဲအောင်ထောင်းပါတယ်။
မယ်ဇလီဖူးလေးတွေအလုံးကွဲပြီးညက်သွားတာဟာ အသုတ်အရသာကို ပိုမိုကောင်းမွန်စေပါတယ်။
အာလူးကိုလည်းပြုတ်ပြီး အအေးခံအခွံနွှာပြီး ပါးပါးလှီးထားပါ။
မြေပဲဆံထောင်းထားပါ။ နှမ်းထောင်းထားပါ။
အသုတ်ထဲကို နှမ်းထောင်းပြီးထည့်ခြင်းဟာ မွှေးပျံ့ပြီးအရသာထူးစေပါတယ်။
ကြက်သွန်ဖြူ၊နီ ဆီချက် ချက်ထားပါ။
ထို့နောက် မယ်ဇလီဖူး၊အာလူးပြုတ်၊ပုစွန်ခြောက်မှုန့်၊မြေပဲထောင်း၊နှမ်းထောင်း၊ဆား၊
ငံပြာရည်၊ကြက်သားမှုန့်၊သံပုရာရည်ညှစ်ထည့်၊ဆီချက်တို့ဖြင့် သုတ်စားနိုင်ပါတယ်။
နံနံပင်နှင့်ကြက်သွန်နီကြော်ကြိုက်ပါက အသုတ်ပေါ်မှ ဖြူးနိုင်ပါတယ်ရှင်။
ငရုတ်သီးတောင့်စပ်စပ်လေးကိုက်၊ ကြက်သွန်ဖြူလေးကိုက် ပြီး ရေနွေးကြမ်း ဖြင့် သုံးဆောင်နိုင်ပါပြီနော်။
Online Persona
1 week ago