မင်္ဂလာနှစ်သစ်ပါရှင်။ သင်္ကြန်ရက်အမှတ်တရ ဝက်သားတုတ်ထိုးနဲ့ ကြာဇံကြော် လေး လုပ်ကျွေးလိုက်ပါတယ်နော်။
ဝက်သားတုတ်ထိုးကတော့ Professional လုပ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နည်းလမ်းလေး ကို ရှယ်ထားတာပါနော်။
ပထမဦးဆုံး wet market ကို သွားပြီး ခေါင်းတစ်ခြမ်း၊အစာအိမ်၊အူချို၊လျှာ၊အသဲ၊ကျောက်ကပ်၊နားရွက် စသည်ဖြင့် မိမိနှစ်သက်ရာများကို စားမည့်လူဦးရေနှင့် မှန်းပြီး ဝယ်ပါတယ်။ ဝက် အမွှေးလေးတွေကို မီးမြိုက်ပြီး ဖယ်ရှားပါတယ်။
သံပုရာသီး ကို အချဉ်ရည်ဖျော်ရန်အတွက် အရည်ညှစ်ြပီး ပန်းကန်တစ်လုံးထဲထည့်ထားပါ။ သံပုရာအခွံလေးတွေရယ်၊ဆားရယ်နဲ့ရောပြီး ဝက်သားများကို အနံ့ပျောက်စေရန် သေချာနယ်ပြီး ဆေးပါ။
ဆေးပြီးသားဝက်သားများကို ကြက်သွန်ဖြူ၊ ဂျင်းထောင်း၊ ဆား၊ငံပြာရည်၊ပဲငံပြာရည်အကြည်၊ပဲငံပြာရည်အနောက် အနည်းငယ် (အရမ်းများရင် အရောင်မည်းသွားမှာ စိုးလို့ပါ)၊ကြက်သားမှုန့် ထည့်ပြီးနယ်ပါ။
သစ်ဂျပိုးခေါက်၊ နာနတ်ပွင့် ထည့်ပြီး ပေါင်းအိုးနဲ့ ထည်ပါတယ်။ ရိုးရိုးအိုး နဲ့ တည်လည်းရပါတယ်။ ဆိုင်တွေမှာ ရေနွေးငွေ့နဲ့ အိုးအကြီးကြီးတွေနဲ့ ထည့်ပြီး တည်ကြပါတယ်။ ကြက်ဥ စားချင်ရင်လည်း သတ်သတ်ပြုတ်ပြီး မှ အခွံခွာပြီး အိုးထဲပြန်ထည့်ရင် ပဲငံပြာရည်ရောင်မဲမဲလေးရပါတယ်။ ဝက်သားတုတ်ထိုးအိုးကို အရည်လေးနဲ့ ချပါ။ ဒါမှ စားလို့ကောင်းပါတယ်။ အသည်းထည့်မယ်ဆိုရင် နောက်မှ ထည့်ပါနော်။ အသည်းက ကြာရင် မာသွားတတ်လို့ပါ။
အချဉ်အတွက် ငရုတ်သီးအစိမ်းတောင့်နဲ့ ကြက်သွန်ဖြူနဲ့ ကိုကြိတ်ပြီး Tomato sauce ရယ်၊ ညှစ်ထားတဲ့ သံပုရာရည်ရယ် ဆား အနည်းငယ်ထည့်ပြီး စပ်ပါတယ်။
ကြာဇံကြော် ကတော့ တုတ်ထိုးနဲ့ စားမယ်ဆိုရင် ကျွန်မ အသားထည့်မကြော်ပါဘူး။ ဒီမှာ ကြော်နည်း ရေးဖူးပါတယ်နော်။ သုံးဆောင်ကြည့် ပါ။
15June25
4 days ago
4 comments:
ကောင်းတယ် ကြိုက်တယ် ကြာဆံမစားတော့ဘူး
တုတ်ထိုးပဲ အ၀စားမယ်
တနေ့ လုံး အသစ်တက်တာမြင်လို့ လာတာ လာလို့ ကို မရဘူး။ ဟုတ်သေးဘူး။ လာလို့ တော့ရတယ်။ အဟောင်းဘဲတွေ့ ရတယ်။ ဒါနဲ့ ခုကျမှထပ်လာရတယ်။ သိပ်စားချင်တယ်။ လူများမှကောင်းမယ်ထင်တယ်နော်။ စုံအောင်ထဲ့ရင် အများကြီးနော်။
အိုင်အိုရာ
ဝက်သားမစားလို့ကြာဇံကြော်ပဲစားသွားတယ်။လင့်လည်းယူထားတယ်နော်
တီလဲတုတ်ထိုး လုပ်စားအုံးမယ် ကြာဇံ ကတော့ တနေ့က ကြော်တယ်
ကောင်းမှကောင်းပဲ အိုအိရှိ
စကားမစပ် ဟင်းသစ်ချင်ထားတယ်နော်
Post a Comment