
အုန်းစိမ်းဂျယ်လီ လေးပါ။ ပုံမှာ ပြထားတဲ့ ဂျယ်လီထုတ်ကို သူ့အညွှန်းအတိုင်း ရေ (သို့) အုန်းစိမ်းရည် ထည့်ပြီး ပွက်လာသည်အထိကျို ပြီး ပုံစံခွက်ထဲထည့်ပြီး အုန်းသီးဖတ်လေးတွေ ခြစ်ထည့်အအေးခံပါ။ သကြားထည့်စရာမလိုပါဘူး။
ရေခဲသေတ္တာရှင်းထားတဲ့ အကြော်ပါ။ ပုစွန်အစိမ်းအနည်းငယ်ကျန်တာကို တောက်တောက်စင်းပြီး ပြောင်းဖူး၊ နံနံပင်တောက်တောက်စင်း၊ အကြော်မှုန့်၊ ကြက်ဥတစ်လုံးခေါက် အရသာလေးစွက်ပြီး ကြော်ထားတာပါ။ငါးကျီးအစိုကို ဆား၊ နနွင်းနယ်ပြီး ကြွတ်ကြွတ်လေး ကြော်ထားတာပါ။
မန္တလေး ကောက်ညှင်းပဲကြော်လေးပါ။ kidney bean ပဲဘူးကို အကြော်မှုန့်နဲ့ရောပြီး ကြော်ထားတာပါ။
ဆီထမင်းလေးပါ။ ဒီမှာရေးဖူးပါတယ်နော်။ ဒယ်အိုးထဲမှာ ချက်တာကတော့ အကောင်းဆုံးပါဘဲ။
ဒီတစ်ပတ်အတွင်း ချက်စားဖြစ်တာလေးတွေထဲက အချို့ပါ။
My Life Bucketlist!
2 months ago






1 comments:
ကိုယ်လည်းဟိုးတပါတ်ကမန္တလေးပဲကြော်ကြော်စားဖြစ်တယ်။ ဆီထမင်းမလုပ်ဖြစ်တာကြာသွားပြန်ပြီ။ ကြည့်ပြီးစားချင်လာပြီ။
အိုင်အိုရာ
Post a Comment