ကြက်ခြေထောက်ရိုး ကုလားသုတ်


ပြီးခဲ့တဲ့အပတ်က လုပ်စားဖြစ်ခဲ့တဲ့ ကြက်ခြေထောက်သုတ်လေးပါ။
ကျွန်မက ကြက်သားဆို အရိုးဘဲ ကြိုက်တတ်လို့ ကြက်သားဝယ်ရင် ခြေထောက်ရိုး၊ တောင်ပံရိုး ဝယ်တာများပါတယ်။


ဒီတစ်ခေါက်တော့ဟင်းရည်ချက်ဖို့ဝယ်လာတဲ့ကြက်ခြေထောက်ရိုးကိုရုတ်တရက်သုတ်စားဖို့ စိတ်ကူးရတာကြောင့်ရေဆေး၊ ခြေညည်းလေးတွေညှပ်ပေးပြီး ဆား၊ ငံပြာရည်၊ နနွင်း
( သာမန်ထက်များထည့်ပေးပါ. ဝါထိန်ထိန်လေး ဖြစ်နေအောင်လို့ပါ)
နယ်ပြီး ရေခမ်း ပြုတ်ပါတယ်။

အသုတ်သုတ်ဖို့အတွက် ပန်းကန်တစ်ခုထဲမှာ ကြက်သွန်ပါးပါးလှီး ၊ ဂေါ်ဖီပါးပါးလှီး၊ ပူဒီနာလေး တွေခြွေထည့်၊ ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ထားပါ။ ကြက်ရိုးကိုလည်း အဆင်ပြေသလို ဖဲ့ထည့်ထားပါ။

ပဲမှုန့်အစိမ်းကို ရေအေးလေးနဲ့ အခဲမကျန်အောင် ဖျော်ပေးထားပါ။ ဒယ်အိုးထဲမှာ ဆီပါလေကာ လေးထည့်ပြီး ကြက်သွန်ဖြူထောင်းလေး နည်းနည်းထည့် နနွင်းလေးထည့်ပြီး ဆီသတ်ပါတယ်။ ပြီးမှ ရေဖျော်ထားတဲ့ ပဲမှုန့် ထည့်ပါတယ်။ ( ကျွန်မက ပဲအစိမ်းနံ့ နံမှာဆိုးတဲ့အတွက် ဆီသတ်တဲ့ နည်းကိုဘဲ သုံးပါတယ်။ ) ပဲရည်ကို ကျဲကျဲလေးပဲ ဖျော်ပါတယ်။

ပွက်ရင် ကြက်သားသုတ်ဖို့ လုပ်ထားတဲ့ပန်းကန်ထဲကို လောင်းထည့်၊ မဆလာလေး များများထည့်၊ သံပုရာရည်လေးညှစ်၊ ငရုတ်သီး ကြမ်းမှုန့်၊ငံပြာရည်လေး ကြက်သားမှုန့်လေးကို အပေါ့အငန် မြည်းပြီးထည့် ၊ သမအောင် နယ်လိုက်ပါလေ။ ရေနွေးကြမ်းလေးနဲ့ဆို ကောင်းမှကောင်း ... :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

7 comments:

Iora said...

မျှော်လိုက်ရတာနော်။း)
ကိုယ်လည်း ကြက်သားဆို အရိုးပိုကြိုက်တယ်။ လုပ်စားမလားတွေးနေတာ အဖေါ်မရှိလို့ မစားဖြစ်ဘူး။ ဒီကဘဲစားသွားတော့မယ်နော်။
အိုင်အိုရာ

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်စရာလေး
ကြက်ခြေထောက်ဆို ဘယ်လိုလုပ်လုပ် ကြိုက်တာ

မြူးမြူး said...

စားချင်လိုက်တာ.. ဗိုက်တောင်ဆာလာပြီ

Crystal said...

ကြက်ရိုးသုပ် စားချင်လို့ လာကြည့်ပြီး နည်းယူသွားပါတယ်။ ကျေးဇူး :)

jasmine(တောင်ကြီး) said...

ကောင်မယ့်ပုံလေးနော်....
အားတဲ့အခါလုပ်စားအုန်းမယ်
ခင်မင်တဲ့ jasmine

No Name said...
This comment has been removed by the author.
tun said...

last week we go and eat 99Restaurant near peninsula plaza,very nice..

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online