ဝက်ခေါင်းသားလေး နဲ့ မြီးရှည်လေးပါ။
မန္တလေး မြီးရှည် စစ်စစ် ပါဗျာ။ မန္တလေးရဲ့ နာမည်ကြီးမြီးရှည် ဖြစ်ပြီး ၁၆လမ်းနဲ့ ၈၁ လမ်းထောင့်မှာ ရှိတာပါ။
မန်း မြီးရှည်ဆိုင်တွေရဲ့ ထုံးစံအတိုင်း အထမ်းလေးနဲ့ပါ။ ထိုင်စားစရာ စားပွဲ ကုလားထိုင် သီးသန့် မရှိဘဲ ခွေးခြေခုံလေးတွေကို ဆက်ပြီး စားပွဲလုပ်။ နောက်ခုံတစ်ခုနဲ့ ကုလားထိုင် လုပ်ပြီး စားကြရတာပါ။
ဝက်တစ်ကောင်လုံးကို ကြိုက်ရာအပိုင်းနဲ့စားလို့ရပါတယ်။
အသားသုတ်လည်း သတ်သတ်မှာစားလို့ရပါတယ်။ ဓါတ်ပုံတော့ ရှာမတွေ့လို့တင်တော့ဘူးနော်။
ဟင်းရည်ကလည်း ဝက်ရိုးကို နူးမြေ့နေအောင် ထည်ထားတော့ ချိုပြီးလေးနေတာဘဲ။
ပထမ ဟင်းရည်ပန်းကန်မှာ ဝက်ရိုးထည့်ပေးပြီး နောက်ဟင်းရည်ထပ်တောင်းရင်တော့ အရိုးပါတော့ဘူးဗျ :)
အိမ်မှာ ဘယ်လိုဘဲ လုပ်စားစား ဆိုင်လက်ရာကို မမှီတာတော့ အမှန်ဘဲဆိုတော့ မန်းမြီးရှည်တွေမှာ secret receipe ရှိမှာတော့ အမှန်ပါဘဲ။
ကျွန်မလုပ်စားတဲ့ မြီးရှည်ကိုတော့ နောက်မှ သတ်သတ်တင်ပေးပါ့မယ်။
အဲဒီဆိုင်က မနက်(၁၀.၃၀) လောက်က စဖွင့်ပြီး နေ့လည်(၂) နာရီလောက်ဆို ဆိုင်သိမ်းပါတယ်။ လူတွေလည်းများတော့စောင့်ရတာတော့နည်းနည်းကြာတယ်။ ဘာဘဲဖြစ်ဖြစ် ရွှေမန်းမြေကို ရောက်မယ်ဆိုရင်တော့ သွားရောက်စားသုံးကြည့်ပါလို့ ။
Online Persona
1 week ago
7 comments:
ကိုယ်ကတော့ စုဘူးအိမ် လုပ်တာဘဲစားချင်ပါတယ်။
အိုင်အိုရာ
မန္တလေးမြီးရှည်မစားရတာ ကြာပေါ့။။
ဟိုတစ်ခေါက် ရောက်သွားတော့ စားမယ်ဆိုတာ အကြောင်းကြောင်းနဲ့ မစားဖြစ်လိုက်ဘူး
ဒီတစ်ခေါက်တော့ စားဖြစ်အောင်စားရမယ်း)
အစ်မရေ၊ လင့်ချိတ်ပေးတဲ့ အတွက်ကျေးဇူးပါနော်။ ကျောင်းက အစ်ကို တစ်ယောက်က ချက်နည်းပြုတ်နည်းသိချင်ရင် စုဘူးအိမ်ကို လာကြည့်တယ်တဲ့။
၁၆ လမ်းက မြီးရှည်တော့ မစားဖူးဘူး...တက္ကသိုလ်နားမှာ လာလာရောင်းတဲ့ ဖိုးဌေးမြီးရှည်ကတော့ စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ...စွဲလွန်းလို့ တစ်ရက်တစ်ခါ မစားရရင်ကို မနေနိုင်အောင်ဖြစ်တာ...ရေးရင်းနဲ့တောင် မျက်စိထဲမှာပြန်မြင်လာသေးတယ်...အရိုးဟင်းချိုလေးနဲ့...ဟင်း...
အခုတော့လည်း မြီးရှည်နဲ့ဝေးတာ ၁၀ နှစ်တောင်ပြည့်တော့မယ်...မစားရတာကြာပြီဖြစ်တဲ့ မန်းလေးမြီးရှည်ပုံကို ပြန်မြင်ရတာ ရည်းစားဟောင်းကို ပြန်တွေ့ရသလိုပဲ ရင်ခုန်ပါဘိ...အလွမ်းပြေကြည့်ရအောင် ပုံလေးတွေကို ကော်ပီကူးသွားတယ်...
ဟင်းချက်နည်းတွေ အခုလိုဖတ်ခွင့်ရတာ ကျေးဇူးအများကြီးတင်ပါတယ်
ပထမဆုံးရောက်ခိုက်မှာ စားချင်တာနဲ့တည့်တည့်တိုးလို့ လင့်ပါချိတ်သွားပါကြောင်း
ခင်မင်လျှက်
မဒိုးကန်
Post a Comment