ငါးဥကို ရေလေးနဲ့ဖွဖွလေးဆေးပြီး ဆား၊နနွင်းခပ်ဖွဖွနယ်လိုက်ပါတယ်။
ပြီးရင် ရေသင့်တော်ရုံထည့်ပြီး ငါးဥကျက်အောင်ပြုတ်လိုက်ပါတယ်။မညှီအောင်ဂျင်းလေးပါ လှီးထည့်ပြီးပြုတ်ပါတယ်။ ကျွန်မက ငါးဥကို အကြေမချက်ဘဲ အတုံးလေးတွေတုံးပြီး
ချက်ချင်လို့ အရင်ပြုတ်လိုက်ပါတယ်။ ကြက်သွန်နီဆီသတ်ပြီး ကြက်သွန်ဖြူ၊ဂျင်း များများထပ်ထည့်ပြီးဆီသတ်ပါတယ်။ ခရမ်းချဉ်သီးကို တစ်ခြမ်းထည့်လိုက်ပါတယ်။အရောင်တင်၊ဆားထည့်ပါတယ်။ ကြက်သွန်ဖတ်လေးတွေနဲ့ ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်လာပြီဆိုရင် ပြုတ်ထားတဲ့ငါးဥကို အတုံးလေးတွေ တုံးပြီးထည့်ပါတယ်။ မန်ကျီးရည်အနည်းငယ်ထည့်ပါတယ်။ အချိုမှုန့်အစား ကြက်သားမှုန့်အနည်းငယ်ထည့်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး ဆီပြန်တဲ့အခါ စားသုံးနိုင်ပါပြီရှင်။နံနံပင်လေးကြက်သွန်မိတ်လေးခပ်လိုက်ရင် အနံ့ ပိုမွှေးသွားပါတယ်။ အကြောတက်တဲ့ အကျင့်ရှိသူများ အတွက်ကတော့ မသုံးဆောင်တာအကောင်းဆုံးပါဘဲရှင်။
ငါးဥဟင်း
ကြက်သားနဲ့ မျှစ်ချက် + ငါးပိထောင်း
ကြက်သားကို ဒီအတိုင်းမစားချင်လို့ အမြဲတစ်ခုခုနဲ့ ရောချက်ဖြစ်ပါတယ်။
ခုလည်းကြက်သားတစ်ဘူးကို မျှစ်တစ်ထုတ်နဲ့ရောချက်ထားပါတယ်။
ကြက်သားကို ဆား၊နနွင်း၊ငြံပာရည်တို့နဲ့ နယ်ထားပါတယ်။ ကြက်သွန်နီဆီသတ်ပါတယ်။
ကြက်သွန်ဖြူ၊ဂျင်းရောထောင်းတာ ထည့်ပါတယ်။ အရောင်တင်ထည့်ပါတယ်။ ငါးပိနည်းနည်းထည့်ပါတယ်။ ကြက်သားထည့်ပြီးလုံးပါတယ်။ သူ့ရေနဲ့ သူကုန်သွားရင် ရေဆေးထားတဲ့မျှစ်ထည့်ပါမယ်။
(မျှစ်က ကျက်ပြီးသားမလို့ ပြန်မပြုတ်တော့ပါဘူး)ရေထပ်ထည့်ပါမယ်။
ကြက်သားလည်းနူး၊မျှစ်လည်းဝါးလို့ရပြီဆိုရင် ရေလည်ဆီလည်လေးမှာ ဟင်းအိုးချလို့ရပါပြီရှင်။ ငါးပိထောင်းစပ်စပ်လေးနဲ့လိုက်ဖက်ပါတယ်။
ငါးပိထောင်း
ရခိုင်ငါးပိကို ထမင်းစားဇွန်းနဲ့ ၁ဇွန်းကင်ပါတယ်။ ငရုတ်သီး(အစပ်စားနိုင်သလောက်)အရင်ထောင်းပါတယ်။ကြက်သွန်ဖြူထောင်းပြီး ငါးပိကင်ပါထည့်ပါတယ်။ဆီလေးဆမ်းပြီး သံပုရာရည်လေးညှစ် သုံးဆောင်ပါနော်။
ပုစွန်ချဉ်သုတ်
ပုစွန်ချဉ်သုတ်အတွက်လိုအပ်သောပစ္စည်းများ
-ကြက်သွန်နီ၊ကြက်သွန်ဖြူ ပါးပါးလှီးပါ။
-ငရုတ်သီးစိမ်း ပါးပါးလှီးပါ။
-နံနံပင်၊ ကြက်သွန်မြိတ် ပါးပါးလှီးထားပါ။
-ပုစွန်ချဉ်ကိုလည်း အတုံးသေးလေးများဖြစ်အောင်လှီးပါ။
ပန်းကန်တစ်ခုထဲတွင် ပစ္စည်းအစုံထည့်၊ ဆား၊ ငံပြာရည်ထည့်ပြီး ဆီစိမ်း ဆမ်းပြီး သုတ်စားပါတယ်။
ပုစွန်ချဉ်ကို ကြော်ပြီးလည်း စားသုံးနိုင်ပါတယ်။
ဆိတ်သားခြောက်ချက်
ဆိတ်သားခြောက်ကို နာရီဝက်ခန့် ရေစိမ်ထားပါ။ ကြက်သွန်နီပါးပါးလှီး(သို့)ထောင်းပါ။
၊ကြက်သွန်ဖြူ၊ဂျင်း ထောင်းထားပါ။ ခရမ်းချဉ်သီး ခပ်နုတ်နုတ်လှီးထားပါ။
ဆိတ်သားခြောက်ဟင်းက အနှစ်များများမှစားကောင်းတာမို့ ခရမ်းချဉ်သီးကို ပိုထည့်ထားပါတယ်။
ဆိတ်သားခြောက်ကို စဉ်းနီတုန်းပေါ်တင်ပြီး နည်းနည်းပြားသွားအောင်ထုပေးပါ။
ဆိတ်သားခြောက်က မနူးလွယ်လို့ပါ။ အတုံးခပ်သေးသေးတုံးပါ။ ကြက်သွန်နီကို နနွင်းဖြင့်ဆီသတ်ပါ။ ကြက်သွန်လေးတွေရွှေဝါရောင်ပြောင်းသွားရင် ကြက်သွန်ဖြူ၊ဂျင်းထောင်းထားတာထည့်ပါ။
ခရမ်းချဉ်သီးထည့်ပါ။ အရောင်တင်၊ဆား၊ငါးပိထည့်ပါ။ ကြက်သွန်နဲ့ခရမ်းချဉ်သီး အနှစ်လေးတွေလိပ်လာပြီဆိုရင် ဆိတ်သားခြောက်ထည့်ပါ။ သူ့ရေနဲ့သူ ခဏတည်ထားပါ။ ထို့နောက် ရေထပ်ထည့်ပြီးအသားနူးသည်ထိတည်ပါ။ ခရမ်းသီးနဲ့လည်းရောပြီးချက်စားတဲ့ အလေ့ရှိကြပါတယ်။ မရိုးနိုင်တဲ့အညာဟင်းလေးပါ။သုံးဆောင်ကြည့်ပါနော်။
ကျွန်မကတော့ ဆိတ်သားခြောက်ချက်ရင် ငရုတ်သီးတောထောင်းလေး ထောင်းတဲ့အကျင့်ရှိပါတယ်။
မုန်ညင်းစော

မုန်ညင်းစောဆိုတာကတော့ မုန်ညင်းချဉ်ရေအမျိုးအစားပါဘဲ။ ဆီလုံးဝမပါဘဲနဲ့ အရသာချဉ်ချဉ်ချိုချို လေး ခံတွင်းရှင်းတဲ့ အရည်သောက်တစ်မျိုးပါဘဲ။ ချက်ရတာလည်း အရမ်းလွယ်ပါတယ်။
လိုအပ်သောပစ္စည်းများကတော့
-မုန်ညင်း ရွက် (ပေါင်းတဲ့မုန်ညင်းရွက်မျိုးပါ။ ထိုင်ဝမ်မုန်ညင်းအသေးလေးတွေကို မသုံးပါဘူး) မထူမပါးလှီးပြီးရေဆေးပြီး ဇကာနှင့်စစ်ထားပါ။
-ငါးပိ ကွမ်းသီးလုံးခန့် 
-ဆား
-သကြားဟင်းစားဇွန်း(၁)ဇွန်း
-မန်ကျီးသီးကလေး လက်သီးဆုပ်ခန့် (ဟီးဟီး ဘယ်လိုပြောရမှန်းမသိလို့ ပါ။ မင်းဂွတ်သီးအရွယ်ခန့် ပေါ့နော်)။
မန်ကျီးသီးအစေ့များကို ပါခဲ့ရင်ဖယ်ထားပါ။
-နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ကို ရိတ်ရိတ်လေးတွေလှီးပြီး ပန်းကန်တစ်လုံးထဲမှာ အပုံလေးတွေ ခွဲပုံထားပါ။
-ကြက်သွန်နီ ၁လုံး (ပါးပါးလှီးပါ)။
-ခရမ်းချဉ်သီး၁လုံး (ပါးပါးလှီးပါ)။
ဟင်းရည်အိုးထဲကို မန်ကျီးသီးလုံး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆား၊သကြား၊ငါးပိ ထည့်ပါ။ ကျက်ပြီးသား ရေနွေးနွေးထည့်ပြီး ဟင်းရေပွက်အောင်ထည်ပါ။အချို အချဉ်ကိုတော့ မိမိအကြိုက်အတိုင်းမှန်းဆထည့်ပါနော်။ ကျွန်မကတော့ ချဉ်လွန်းတာလည်းမကြိုက်၊ချိုတာလည်းမကြိုက်မလို့ ခံတွင်းရှင်းရုံ ချဉ် ချိုလေးချက်ပါတယ်။ မုန်ညင်းထည့်ပါ။ မုန်ညင်းရွက်နူးသွားရင် ဟင်းအိုးချလို့ ရပါပြီ။ ဟင်းရေသောက်တော့မယ်ဆိုရင် ဟင်းရေသောက်ပန်းကန်ထဲကို ပါးပါးလှီးထားသော ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းထည့်ပြီး နံနံပင်ခပ်ပြီး သောက်ပါနော်။ ငါးသလဲထိုး ကြွပ်ကြွပ်ကြော်လေးနဲ့ လိုက်ဖက်ပါတယ်ရှင်။
ထမင်းနဲ


ထမင်းနဲကို မိမိအိမ်မှာ အလွယ်တကူ တစ်နိုင်ချက်တဲ့နည်းလေးကိုမျှဝေလိုက်ပါတယ်ရှင်။ ကျွန်မလည်း ချက်တတ်လွန်းလို့ မဟုတ်ပါဘူး။ မန္တလေးမှာ တပို့ တွဲလတင်မကဘဲ ရာသီမရွေးဝယ်စားလို့ ရတဲ "့ဒေါ်ရှိ"ထမင်းနဲ ရှိပါတယ်။ အဝေးမှာနေရတော့ မလွယ်တာကို တမ်းတပါတယ်။ မရှိတာမှ စားချင်ပါတယ်။ အဲဒါနဲ့ ကျွန်မလည်း တစ်ပိုင်တစ်နိုင်လေး လက်တဲ့စမ်းတာပါ။ ထမင်းနဲထိုးဖို့ လူရှာစရာလည်းမလိုပါဘူး။ ၃၊၄ ယောက်စာလောက်ကတော့ ကိုယ့်ဘာသာချက်နိုင်ပါတယ်။
-ပထမဦးစွာ ကောက်ညင်းဆန်ကို ရေဆေးပြီး ထမင်းချက်သလိုဘဲ rice cooker မှာချက်ပါတယ်။ ဆားနည်းနည်း ထည့်ချက်လိုက်ပါတယ်။ အချိုကြိုက်ရင် သကြားပါထည့်နိုင်ပါတယ်။ပျော့စေချင်တဲ့အတွက် ရေကိုသာမန်ထက်ပိုထည့်ပေးပါတယ်။ ငချိတ်နဲ့ချက်ချင်လည်းရပါတယ်။ ကျွန်မကတော့ ငချိပ်ချက်တာ အဆင်မပြေဘူးလို့ အဖြူဘဲ ချက်ပါတယ်။ ကြိုက်တာတော့ ငချိပ်နဲ့ထိုးတာ ပိုကြိုက်ပါတယ်။
-အုန်းသီးဆံကို ရေဆေးပြီး ပါးပါးလေးတွေလှီးထားပါ။ ဆီထဲထည့်ပြီး ရွှေဝါရောင်သမ်းလာအောင်ကြော်ပါ။ ပန်းကန်တစ်ခုထဲ ခပ်ထည့်ထားပါ။
-မြေပဲဆန်ကို ကြော်ပြီး လုံးကွဲလေးများရအောင်ထောင်းထု ပါ။
-နှမ်းနက်ကို လှော်ပါ။ (နှမ်းနက်မရှိလို့ အဖြူရောင်ကို သုံးထားပါတယ်)။
ဂျင်းကို အချောင်းလေးများဖြစ်အောင်လှီးထားပါ။
-ထို့ နောက် မကပ်တဲ့ဒယ်အိုးထဲမှာ ဆီထည့်ပါ။ ဆီကျက်ရင် ဂျင်းထည့်ကြော်ပါ။
ဂျင်းနံ့ မွှေးလာရင် ချက်ထားတဲ့ကောက်ညင်းကိုထည့်ပါ။ ပေါ့ရင် ဆားထပ်ထည့်ပြီးမွှေပါ။
အုန်းသီးကြော်ထည့်ပါ။ မြေပဲဆန်၊ နှမ်းလှော်ထည့်ပါ။
ဟိုဘက်ဒီဘက်လှန်ပြီး မွှေနေရင်းနဲ့ထမင်းနဲနံ့ လေးထွက်လာပါတယ်။
ကောက်ညင်းလည်းကြေပြီဆိုတော့ အသင့်သုံးဆောင်နိုင်ပါပြီ။ ရေနွေးကြမ်းလေးနဲ့ဖြစ်ဖြစ် ကော်ဖီနဲ့ဖြစ်ဖြစ် သုံးဆောင်နိုင်ပါတယ်။
စားလို့ မကုန်သေးဘူးဆိုရင်ဘူးလေးနဲ့ရေခဲသေတ္တာထဲထည့်ထားနော်။
နောက်နေ့ ပြန်နွှေးပြီး အလုံးလေးတွေဖြစ်အောင်ဆုပ်ပြီး ထမင်းနဲကြော်လုပ်လို့ ရတယ်။ အုန်းသီးကိုတော့သေချာကြော်ထားမှ အထားခံတာနော်။ မကပ်တဲ့ယောက်မလို ဇွန်းမျိုးလည်းသုံးနော်။
ဓါတ်ပုံကတော့ တစ်ယောက်စာ ထည့်ထားတာပါရှင်။
မုန်ညင်းပေါင်း
မုန်ညင်းပေါင်းကို ကျွန်မတို့ က နေ့ လည်နဲ့  ညနေ စာတတ်တဲ့အချိန်မှာ ရေနွေးကြမ်းနဲ့ တွဲပြီး စားသုံးပါတယ်။ကော်ဖီနဲ့ လည်းတွဲဖက်ပြီး သုံးဆောင်ရင်လိုက်ဖက်ပါတယ်။ မန္တလေးမှာတော့ မုန်ညင်းပေါင်းရောင်းတဲ့ဆိုင် အတော်ရှားပါတယ်။ ရေနီမြောင်းဘေးက ဝင်းစံပယ်ရယ် ၊ မန်းတက္ကသိုလ်မြောက်ဘက်ပေါက် friend လက်ဖက်ရည်ဆိုင်နဲ့ မျက်စောင်းထိုးက ဈေးတန်းလေးမှာ ရပါတယ်။
ဝင်းစံပယ်က နေရာကောင်းတော့ ဈေးကြီးပါတယ်။ အဲဒီဆိုင်မှာ မှိုပေါင်းလည်းရတယ်။ တစ်ပွဲ ဘယ်လောက်လည်းတော့ မမှတ်မိတော့ဘူး။ မိန်းနားလေးက ဆိုင်ကတော့ ဖက်နဲ့ထုတ်ပေါင်းတာ။ တစ်ထုတ်မှ ၁၀၀ရယ်။ နည်းတော့နည်းတာပေါ့။ မန္တလေးမှာနေတုန်းက မုန်ညင်းပေါင်းမလုပ်တတ်ဘူး။ ကြိုက်တော့ကြိုက်တတ်တယ်။ သူငယ်ချင်းတစ်ယောက်က မုံရွာဇာတိ၊ သူ့ အမေက ကနီ ကတဲ့။ သူတို့ အိမ်မှာဆို မုန်ညင်းပေါင်း ခဏခဏ လုပ်စားတယ်။ အထက်ဘက်က ဓလေ့ တဲ့။ ကျွန်မကတော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာနေပြီး ရိုးရာအစာဆို အကုန်ကြိုက် ။ မုန်ညင်းပေါင်းကို စင်ကာပူရောက်မှ လုပ်ကြည့်ဖူးတာ။ပထမဆုံး အခန်းဖော်က မိုးကုတ်က။ သူက ခဏခဏပေါင်းစားတယ်။ သူလုပ်တာကြည့်ပြီး ကျွန်မလည်း လုပ်ကြည့်တာ။ ခုတော့ အတော်လက်တက်နေပါပြီ စိတ်ချလက်ချ လိုက်လုပ်ကြည့်ပါ.. :)
လိုအပ်သောအရာများ
မုန်ညင်း (မြန်မာနိုင်ငံမှာတော့ မုန်ညင်းခါးကို လုပ်တယ်တဲ့။ ဒီမှာတော့တွေ့ တဲ့မုန်ညင်းဘဲ ဝယ်လာပါတယ်)
ဆန်မှုန့် 
ကြက်သွန်နီ အနေတော် ၂လုံး
ကြက်သွန်ဖြူ ၃မွှာခန့် 
ခရမ်းချဉ်သီး ၁လုံး
ပဲပုပ် ၂ချပ် (ကင်ပြီးထောင်းထားပါ)
မှိုခြောက် (ရေသေချာဆေးပြီး စိမ်ထားပါ။ ပါးပါးလှီးထည့်ရမည်။)
ငါးပိ ကွမ်းသီးလုံးခန့် 
ဆား ၊ဆီ အနည်းငယ်
တို့ ဖြစ်ပါတယ်။
မုန်ညင်းကို အရွယ်တော်လှီးဖြတ်ပြီး ရေစင်စင်ဆေးပြီးဇကာဖြင့်ရေစစ်ထားပါ။ ခရမ်းချဉ်ကို ပါးပါးလှီးထားပါ။ ကြက်သွန်နီ၊ ဖြူကို ပါးပါးလှီး (သို့ )ထောင်းပါ)။ ထို့ နောက် ဇလုံကြီးကြီးတစ်ခုအတွင်းထည့်ပြီး မုန်ညင်းများကို ဆန်မှုန့် ဖြင့်နယ်ပါ။ ဆန်မှုန့် နည်းပါက စားလို့ မကောင်းပါ။ ဆန်မှုန့် နည်းတာများတာ နယ်ရင်းနဲ့ သိသာပါတယ်။နယ်ရတာလည်း လက်နာပါတယ်။ ပြီးရင် ဆီ (နယ်လို့ ကောင်းရန်)၊ ဆားအနည်းငယ်၊ငါးပိ၊ ကြက်သွန် နီ၊ဖြူ၊ မှိုခြောက်၊ခရမ်းချဉ်၊ပဲပုပ်ထောင်းရော ထည့်ပြီး နှံ့ အောင်နယ်ပါ။ အရသာမြည်းကြည့်ပါ။ အစိမ်းနံ့တော့ရှိပါတယ်
ပြီးရင်ထမင်းပေါင်းအိုးတဲကိုရေထည့်ပြီး သူ့ ရဲ့ ပေါင်းတဲ့ အံလေးထဲကို
နယ်ထားတဲ့ မုန်ညင်းထည့်ပြီးပေါင်းပါ။
၄၅မိနစ် ၊(၁) နာရီလောက်ဆို အနံ့ လေးတွေမွှေးလာပြီး စားလို့ ရပါပြီနော်။
အစပ်ကြိုက်ရင် ငရုတ်သီးမှုန့် ထည့်ပြီး ဆီချက်လေးဆမ်းစားပါနော်။
တစ်ချို့ ကလည်းကြက်သွန်နီပါးပါးလှီးပြီးထည့်စားတတ်ကြပါတယ်။ နံနံ ၊ ကြက်သွန်မြိတ်ကြိုက်ရင်လည်း ထည့်စားနော်။
ဒီမှာလည်း မမမိုးကောင်းသူရဲ့  ဂွတ်ရှယ်မိုးကောင်းမုန်ညင်းပေါင်းပါရှင်။
My Blog List 1
-
My Life Bucketlist!3 months ago
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ4 months ago
-
-
၂၉၁၁၂၀၂၅10 months ago
-
-
Well, you get what you pay for7 years ago
-
-
khin8 years ago
-
Havana Blues10 years ago
-
ကားနံပါတ်တွေ အင်္ဂလိပ်လို ပြောင်းလဲသတ်မှတ်ပြီ13 years ago
-
စိတ်အချဉ်ပေါက်ခြင်း13 years ago
-
၂.၉.၂၀၁၂ တနင်္ဂနွေနေ့ ဆွမ်းလောင်းလှူခြင်း14 years ago
-
For “Harvest Thanksgiving Festival”15 years ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)15 years ago
-
အမေစုနှင့် Exclusive Interview15 years ago
-
တူမလေးများနဲ့ တလတာ..15 years ago
-
-
-
-
My Blog List 2
-
02/04/20266 months ago
-
-
MY GIRL 211 years ago
-
အမှိုက်ပစ်ခြင်း အနုပညာ11 years ago
-
မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ15 years ago
-
-
-
-
-
My Blog List 3
-
ကြာရိုးသုပ်5 days ago
-
-
ပဲပြုပ် Sprouted Yellow Pea7 years ago
-
ကမ္ဘာကြီးကို အလှူကြီး ပေးလိုက်ပါ။7 years ago
-
အလှနတ်သမီးလေး မလိခ...7 years ago
-
-
ငါးဥဘာလချောင်ကြော်လေး ကြော်စားကြဦးမလား8 years ago
-
-
Happy 20188 years ago
-
အချဉ်ပေါင်း (၁)8 years ago
-
Zuma Zen Blaster: Sang Game Legendaris10 years ago
-
ဒိုနောင်းမှာ တနေ့တာ(ညနေပိုင်း)11 years ago
-
၈နှစ်ပြည့် အမှတ်တရ11 years ago
-
'' အလွယ်ချက် အုန်းထောပတ်ထမင်း "12 years ago
-
ဂွေးသီး ငပိချက်12 years ago
-
-
ကျွန်တော့ အတွေ့အကြုံများ ၄12 years ago
-
မုန့်ဟင်းခါး12 years ago
-
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၄13 years ago
-
နံနက်စာနှင့် နေ့လည်စာများ13 years ago
-
-
-
-
-
ဆိတ်ရိုးစွပ်ပြုတ်15 years ago
-
-
-
-
Popular Posts
-
ငါးဖယ်ကြော် ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့ ကြော်တာပါ။ ကျွန်မ အမျိုးသားက ငါးဖယ်ကြေ...
-
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းန...
-
ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။ ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :) ကြေ...
-
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့...
-
့ ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြေ...
-
Happy New Year ပါ။ ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပုရာ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။ မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊ ငံပြာရ...
-
နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။ ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမ...
-
ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ြ...
-
အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေြ...





