Saturday, July 18, 2009

ထမင်းနဲ



ထမင်းနဲကို မိမိအိမ်မှာ အလွယ်တကူ တစ်နိုင်ချက်တဲ့နည်းလေးကိုမျှဝေလိုက်ပါတယ်ရှင်။ ကျွန်မလည်း ချက်တတ်လွန်းလို့ မဟုတ်ပါဘူး။ မန္တလေးမှာ တပို့ တွဲလတင်မကဘဲ ရာသီမရွေးဝယ်စားလို့ ရတဲ "့ဒေါ်ရှိ"ထမင်းနဲ ရှိပါတယ်။ အဝေးမှာနေရတော့ မလွယ်တာကို တမ်းတပါတယ်။ မရှိတာမှ စားချင်ပါတယ်။ အဲဒါနဲ့ ကျွန်မလည်း တစ်ပိုင်တစ်နိုင်လေး လက်တဲ့စမ်းတာပါ။ ထမင်းနဲထိုးဖို့ လူရှာစရာလည်းမလိုပါဘူး။ ၃၊၄ ယောက်စာလောက်ကတော့ ကိုယ့်ဘာသာချက်နိုင်ပါတယ်။
-ပထမဦးစွာ ကောက်ညင်းဆန်ကို ရေဆေးပြီး ထမင်းချက်သလိုဘဲ rice cooker မှာချက်ပါတယ်။ ဆားနည်းနည်း ထည့်ချက်လိုက်ပါတယ်။ အချိုကြိုက်ရင် သကြားပါထည့်နိုင်ပါတယ်။ပျော့စေချင်တဲ့အတွက် ရေကိုသာမန်ထက်ပိုထည့်ပေးပါတယ်။ ငချိတ်နဲ့ချက်ချင်လည်းရပါတယ်။ ကျွန်မကတော့ ငချိပ်ချက်တာ အဆင်မပြေဘူးလို့ အဖြူဘဲ ချက်ပါတယ်။ ကြိုက်တာတော့ ငချိပ်နဲ့ထိုးတာ ပိုကြိုက်ပါတယ်။
-အုန်းသီးဆံကို ရေဆေးပြီး ပါးပါးလေးတွေလှီးထားပါ။ ဆီထဲထည့်ပြီး ရွှေဝါရောင်သမ်းလာအောင်ကြော်ပါ။ ပန်းကန်တစ်ခုထဲ ခပ်ထည့်ထားပါ။
-မြေပဲဆန်ကို ကြော်ပြီး လုံးကွဲလေးများရအောင်ထောင်းထု ပါ။
-နှမ်းနက်ကို လှော်ပါ။ (နှမ်းနက်မရှိလို့ အဖြူရောင်ကို သုံးထားပါတယ်)။
ဂျင်းကို အချောင်းလေးများဖြစ်အောင်လှီးထားပါ။
-ထို့ နောက် မကပ်တဲ့ဒယ်အိုးထဲမှာ ဆီထည့်ပါ။ ဆီကျက်ရင် ဂျင်းထည့်ကြော်ပါ။
ဂျင်းနံ့ မွှေးလာရင် ချက်ထားတဲ့ကောက်ညင်းကိုထည့်ပါ။ ပေါ့ရင် ဆားထပ်ထည့်ပြီးမွှေပါ။
အုန်းသီးကြော်ထည့်ပါ။ မြေပဲဆန်၊ နှမ်းလှော်ထည့်ပါ။
ဟိုဘက်ဒီဘက်လှန်ပြီး မွှေနေရင်းနဲ့ထမင်းနဲနံ့ လေးထွက်လာပါတယ်။
ကောက်ညင်းလည်းကြေပြီဆိုတော့ အသင့်သုံးဆောင်နိုင်ပါပြီ။ ရေနွေးကြမ်းလေးနဲ့ဖြစ်ဖြစ် ကော်ဖီနဲ့ဖြစ်ဖြစ် သုံးဆောင်နိုင်ပါတယ်။
စားလို့ မကုန်သေးဘူးဆိုရင်ဘူးလေးနဲ့ရေခဲသေတ္တာထဲထည့်ထားနော်။
နောက်နေ့ ပြန်နွှေးပြီး အလုံးလေးတွေဖြစ်အောင်ဆုပ်ပြီး ထမင်းနဲကြော်လုပ်လို့ ရတယ်။ အုန်းသီးကိုတော့သေချာကြော်ထားမှ အထားခံတာနော်။ မကပ်တဲ့ယောက်မလို ဇွန်းမျိုးလည်းသုံးနော်။
ဓါတ်ပုံကတော့ တစ်ယောက်စာ ထည့်ထားတာပါရှင်။

9 comments:

စန္ဒကူးမေ said...

စုဘူးရေ.. ထမင်းနဲအရမ်းကြိုက်တာသိလား.. မနှစ်ဒီဇင်ဘာတုန်းက မန္တလေး ပွဲဈေးတန်းမှာ သွားဝယ်စားသေးတယ်.. ကောင်းမှကောင်း.. လမ်းသွားလမ်းလာ ဖုန်တစ်ထောင်းထောင်းနဲ့.. ရောင်းတဲ့ သူတွေကလဲ ကြွပ်ကြွပ်အိပ်ကိုလက်မှာ စွပ်ပီး ဖဲ့ ထည့်ပေးတာ.. ဟားဟား..

JuneOne said...

ထမနဲကြိုက်တယ်။လုပ်စားဦးမယ်။

စူးနွယ် said...

တို့အဖွားလည်း အဲလိုပဲ တပိုင်တနိုင် အိမ်မှာ လုပ်ပေးတတ်တယ်

မြူးသျှရီ said...

မမစုဘူးအိမ်လေးရေ...
စားချင်လိုက်တာနော်
း)

ကိုလူထွေး said...

အားကောင်းမောင်သန် ယောက်ျားကြီးတွေ လိုတယ်လို့ ဖတ်ဖူးတယ်... တော်တော် ပင်ပန်းမှာနော်

းဝ)

လပြည့်ရိပ် said...

ထမင်းနဲ ကိုအရမ်းကြိုက်တာ....... ခုတော့နည်းသိသွားပြီ........လုပ်စားကြည့်ဦးမယ်

မဟာဆန် said...

ကောက်ညှင်းဆန် ရှိတယ်။ မနက်ဖြန် မနက် ထမင်းနဲ လုပ်စားမယ်။

rose of sharon said...

လုပ်စားကြည့်အုံးမယ်... ဖြစ်ပါ့မလားတော့မသိသေးဘူး

မိုးကောင်းသူ said...

ထမင်းနဲ့လေး ထိုးစားမယ်။ လုပ်ရတာတော့ လွယ်ဘူးနော်။