pennisular plaza ကဝယ်လာတဲ့ ပဲကို ဆီဆမ်း၊ဆားဖြူး ပြီး ကြက်သွန်နီ၊ကြက်သွန်ဖြူ
လှီးထည့်ပြီး နယ်ထားတာပါ။ စွန်တာနီပဲ လို့ ခေါ်လားမသိဘူး။
ပဲတွေရဲ့ နာမည်တွေကို ခွဲခြားမသိပါဘူး။
(စားတော်ပဲတော့သိပါတယ်) စားတော့စားတတ်ပါတယ်။
မစားရတာ ကြာတော့ တော်တော်စားလို့ ကောင်းပါတယ်။
သုံးဆောင်ကြည့်ပါနော်။
[ကျွန်မ စာမေးပွဲမပြီးသေးတာမို့ blog မလည်နိုင်သေးတာကို ခွင့်လွှတ်ပေးပါ။
စာမေးပွဲဖြေနိုင်ပါစေ ဆုတောင်းပေးတဲ့ မိတ်ဆွေများအားလုံးကို တကယ်ကျေးဇူးတင်ပါတယ်ရှင်။
အားလုံးသောမောင်နှမများ မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေရှင်။]
Online Persona
3 weeks ago
5 comments:
ပဲချင်းလဲစားမှ။ အစ်မလဲ ပဲချက်တယ်။ ပဲသုပ် ကျွေးပါလား။ :D
ပဲသုတ်နဲ့ ရေနွေးကြမ်း သိပ်ကောင်း
နှစ်သစ်မှာ ပျော်ရွှင်ပါစေ
စာမေးပွဲ ဖြေနိုင်ပါစေ... ကျက်ထားတာတွေတိုးပါစေ... ဖြေနိုင်တာတွေ မေးပါစေ... ချရေးတာတွေ မှန်ပါစေ...
အဲဒါ ပဲကတီပါလို့ ခေါ်တယ်ထင်တယ် kidney bean လို့ ပြောတာဘဲ
ပဲကတီပါသုပ်..ဟုတ်တယ်ဟုတ်..
စားချင်လိုက်တာ...
Post a Comment