စာမေးပွဲကတော့(၂၇) ရက်နေ့ က ပြီးသွားပါပြီ။ အလုပ်တွေကတော့ ဆက်ရှုတ်နေဆဲပါပဲ။
အိမ်ပြောင်းရမှာမို့ အထုတ်တွေသိမ်းနေရတယ်။မြန်မာနိုင်ငံကို လည်း (၂)ရက်နေ့ ပြန်မလို့ 
လက်မှတ်ဝယ်ပြီးပြီ။ ထမင်းတောင်ချက်မစားဖြစ်ပါဘူး။ မြေအိုးမြီးရှည်ဘဲ ချက်စားပါတယ်။:P
ဒီနေ့ လုပ်စားတဲ့မြေအိုး မြီးရှည်ကတော့မြေအိုးမရှိလို့ ဒန်အိုးနဲ့ ချက်စားဖြစ်တာပါ။မန္တလေးမှာတော့မြေအိုးမြီးရှည်ဆိုင်တွေက ညဈေးတန်းတလျှောက်မှာ
ပေါမှပေါ ပါဘဲ။မြေအိုးမြီးရှည်ရဲ့ အရသာကိုတော့ ပူပူစပ်စပ်နဲ့ မာလာဟင်းကြိုက်တဲ့သူတိုင်း
ကြိုက်ပါလိမ့်မယ်။ ကျွန်မကတော့ မြေအိုးမြီးရှည်ကို ကြေးအိုးထက် ကြိုက်ပါတယ်။
လက်ကိုင် ရိုးတံရှည်လေးနဲ့ မြေအိုးလေးထဲမှာ ထည့်ချက်ပြီး
gas မီးဖို ပေါ်ကချချချင်း ပူပူနွေးနွေး စားရတာ တော်တော်ကောင်းပါတယ်။
ကျွန်မကတော့ ဒန်အိုးထဲမှာ ထည့်ချက်ပြီး ရိုးရိုးပန်းကန်ထဲမှာ ထည့်စားပါတယ်။
ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ကြက်ရိုးကို ဆား၊ငံပြာရည်၊ဂျင်းရည်တို့ နဲ့ နယ်ပြီး
ပြုတ်ထားပါတယ်။ ပြီးရင် အရိုးတွေဖယ်ပြီး အရည်စစ် ယူထားပါတယ်။
ငါးဖယ်လုံး၊ငုံးဥပြုတ်ထားပါတယ်။ မြီးရှည်ဖတ်ကို ရေနွေးဖျောထားပါတယ်။
စားတော့မယ်ဆိုမှ gas မီးဖိုကိုဖွင့်၊ဒန်အိုးထဲကို
ကြက်ပြုတ်ရည် တစ်ခါစား စာထည့်ပါ။ မပွက်ခင် မာလာဟင်းအနှစ်ကို ဟင်းစား
ဇွန်းနဲ့ တစ်ဇွန်းထည့်၊ ကြက်အူချောင်း ထည့်ပါတယ်။မြီးရှည်ဖတ်ထည့်ပါတယ်။ကိုက်လန်၊ ထိုင်ဝမ်မုံညင်း၊ ကို မလှီးဖြတ်ဘဲ ဒီအတိုင်းထည့်ပါတယ်။ brocoli ကြိုက်ရင် ထပ်ထည့်လိုက်ပါ။ အရွက်စိမ်းစိမ်းလေးတွေရတုန်းမှာ မီးဖို ပိတ်ပြီး ပြုတ်ပြီးသားငုံးဥလေးတွေနဲ့ ငါးဖယ်လုံး ထည့် ပြီး အပေါ့အငန်မြည်းကြည့်လိုက်ပါ။ ပြီးရင်ပဲငပိ အနှစ်လေး ဟင်းပေါ်မှာ ပုံလိုက်ပါနော်။ ဒါဆို မြေအိုးမြီးရှည်ရပါပြီနော်။ ကျွန်မနည်းက ဆိုင်တွေနဲ့ ကွာနိုင်ပါတယ်။ဒါပေမဲ့ 
မန္တလေး ညဈေးတန်းက ဆိုင်တွေရဲ့ အရသာအတိုင်းပါဘဲ ...:)
Online Persona
3 weeks ago
11 comments:
ကောင်းမှကောင်း။ စမ်းလုပ်ကြည့်ဦးမယ်
ဆယ်ရက်လောက်ကြာမှပဲ နောက်ထပ်ဟင်းအသစ် ချက်တော့တယ်။ ကြားရက်တွေတုန်းက ဘယ်တွေမှာ လည်စားနေသလဲ
မမစုဘူးလေးရေ......
လာစားသွားပြီနော်။။။
ကျေးဇူးပါမအားတဲ့ကြာချက်ကျွေးလို့ နော်။။။
စုဘူးပြောသလိုပဲ ကြေးအိုးထက် မြေအိုးမြီးရှည် ပိုကြိုက်တယ်။ ပြန်ရင် အစ်မအတွက်ပါ ပိုစားခဲ့နော်။ိအိမ်ပြောင်းမယ်ဆိုလို့ လာကူသိမ်းပေးရအုံးမလား။
မြေအိုး မြီးရှည် တခါမှ မစားဖူးဘူး။ အမ တူလေးက သူ သိပ်ကြိုက်လွန်းလို့ ခဏခဏ ပြောပြလို့ ကြားဖူးနေတယ်။ မန္တလေးမှာ ပေါပေမဲ့ ရန်ကုန်မှာ တွေ့ရခဲတယ် ထင်မိတယ်။ အိမ်ချင်းနီးရင်တော့ အိုးလေးကိုင်ပြီး ပြေးလာခဲ့ပါတယ် ညီမရေ။ မြည်းတယ်ဆိုပြီး အ၀တီးချင်လို့ပါ။ :)
စူဘူးရေ..မာလာဟင်းအနှစ်ထုပ် မ၀ယ်တတ်လို့ ဖြစ်နိုင်ရင် ပုံလေးတင်ပေးပါလားဟင်။ ခရီးသွားကာနီး အလုပ်ရှုပ်နေရင်လည်း အပြန်မှ ပေါ့နော်။
ဟင်.. ဒါဆို အစားအသောက်တွေ လာငမ်းလို့ မရတော့ဘူးပေါ့။ ညန်ညန် ပန်လာနှော်...။
မြီးရှည်ကြိုက်တယ် အိမ်ပါ သယ်သွားတယ်နော်
မြေအိုးမြီးရှည်ဆို ကြိုက်မှကြိုက်ပဲ
ရေကျော်က ဆိုင်တွေ စားကောင်းတယ်...
ပြန်သွားပြီထင်ရဲ့ များများစားခဲ့ပါ။
Gas မီးဖို မရှိရင် လုပ်လို့ ရဘူးလားဗျ။
ကျွန်တော်တို့ ရွာက Gas ရှိဘူးဗျ။
ဟီးဟီး။ နောက်တာ။
မန္တလေး အရင် ရတနာပုံဈေးနားက ညနေပိုင်းဖွင့်တဲ့ တရုတ်ဆိုင်လေးတွေကို သတိရတယ်ဗျာ။
ကျွန်တော်လည်း သိပ်ကြိုက်တယ်။
Post a Comment