ဂွေးတောက်ရွက်ကို အရွက်ကြမ်းများဖယ်ပြီး အရွက်နုလေးများချည်းရအောင် သင်ထားပေးပါ။
ဂွေးတောက်ရွက်ကို မန္တလေးမှာတော့ ဈေးနည်းနည်းကြီးပြီး အရွက်ကြမ်းများတာဘဲရပါတယ်။
အဝကြော်စားဖို့ ဆို ၁၀၀၀ ဖိုးလောက်မှ ဝပါတယ်။ လွိုင်လင်ကိုရောက်ဖူးတုန်းကတော့
ဂွေးတောက်ချိုဆိုပြီး စားဖူးပါတယ်။ ကျွန်မတို့ မြန်မာပြည်မက အရွက်ထက်သေးပြီး
ပိုလည်းနုပါတယ်။ ခါးတဲ့အရသာလည်း အရမ်းမများဘဲနဲ့ အရွက်ကလေးတွေက နုနေတာဘဲ။ တော်တော်လေးစားလို့ ကောင်းပါတယ်။ဂွေးတောက်ရွက်ကို ကျွန်မက ငရုတ်သီးကြမ်းမှုန့် 
နဲ့ အစပ်ကြော်စားသလို ကြက်ဥနဲ့ လည်း ကြော်စားပါတယ်။ကြက်သားနဲ့ လည်း
အရေစပ်စပ်လေးနဲ့ ချက်ပါသေးတယ်။ ဒီနေ့ တော့ ဂွေးတောက်ရွက်ကို
ဆူးပုတ်ရွက်နဲ့ ရောကြော်တာကို တင်လိုက်ပါတယ်။
ဆူးပုတ်ရွက်ကိုလည်း အရွက်ကြမ်းများဖယ်ပြီး သင်ထားပေးပါ။
အရွက်နှစ်မျိုးလုံးကို ရေစင်စင်ဆေးပြီး ဇကာနဲ့ စစ်ထားပါ။
ကြက်သွန်နီဆီသတ်၊ ပုစွန်ခြောက်မှုန့် ထည့်၊ ဆားအနည်းငယ်၊ကြက်သားမှုန့်၊အရွက်တွေထည့်ပြီး ငရုတ်ကြမ်း
မှုန့် ထည့်ပါ။ အိုးချခါနီးမှ ကြက်သွန်ဖြူ ဓါးပြားရိုက်တာလေးကို အုပ်လိုက်ပါနော်....။
You and Everything Else - Kdrama review
1 week ago






7 comments:
မမရေ..
ဂွေးတောက်ရွက်ကအဲ့လိုမျိုးလား
မြူးလေးတခါမှမစားဖူးဘူးလေ
း)
အင်ဥသုတ်ဆို...
ချက်ချင်းကြီး ဥကနေ ဘာဖြစ်သွားရတာလဲ...
းဝ)
ဂွေးတောက်နဲ့ဆူးပုတ်စားပြီးရင်တော့ သွေးတက်တော့မယ်လေ။ နည်းနည်းတော့ စားသွားတယ်နော် စုဘူးရေ။
စားချင်လိုက်တာ အဲဒီအရွက်၂မျိုးစလုံး ဒီမှာမရှိဘူး
ဂွေးတောက်ရွက်နုနုလေးတွေကို သတိရတယ်
ဆူးပုတ်ကတော့ အာရှဆိုင်မှာ တခါတလေ ၀ယ်လို့ရတယ်
စားချင်လာပိ... ဆူးပုတ်ရွက်ဆို အရမ်းကြိုက်
ဂွေးတောက်ရွက် ဟင်းချို...
ဆူးပုတ်ရွက်ကို ကြက်ဥနဲ့ ခြောက်ခြောက်လေး ကြော်...
အဲဒါ ယမကာလုင် အကြိုက်လို့ ပြောကြပြန်တယ်။
ကိုယ်က ယမကာလုင် မဟုတ်ပေမယ့် ဒီဟင်းအတွဲကို ကြိုက်နေမိပြန်တယ်။
Post a Comment