
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ဟင်းတွေထဲက အသားခြောက်ကို ခရမ်းသီးနဲ့ရောချက်တဲ့ အညာဟင်းတစ်မျိုးကို မျှဝေလိုက်ပါတယ်ရှင်။ အသားခြောက်ကိုတော့ အမဲသားမစားတဲ့အတွက် ဆိတ်သားခြောက်ကို အသုံးပြုထားပါတယ်။ ခရမ်းသီးကို အရှည်လိုက် အပိုင်းလေးတွေပိုင်းပြီး ရေဆေးထားပါတယ်။ ဆိတ်သားခြောက်ကို အနူးလွယ်စေဖို့ ရေကြာကြာ စိမ်ထားပါတယ်။ ပြီးရင် ငရုတ်ကျဉ်ပွေ့ နဲ့ နည်းနည်းထုပြီး အတုံးလေးတွေတုံးထားပါမယ်။ ကြက်သွန်နီအလုံးကြီး ၁လုံးခွဲလောက်ကို ပါးပါးလှီးပြီးဆီသတ်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူ ရောထည့်ပါတယ်။ ကြက်သွန်နီလေးတွေခြောက်လာလျှင် ခရမ်းချဉ်သီး ၂လုံး ကို ခပ်နုတ်နုတ်လှီးပြီး ထည့်ပါတယ်။ အရောင်တင်၊ဆား၊ငါးပိ အနည်းငယ်ထည့်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီးလေးတွေ လိပ်လာပြီဆိုရင် အတုံးလေးတွေ တုံးထားတဲ့ အသားခြောက်ကို ထည့်ပါမယ်။ သူ့ အရည်လေးနဲ့သူ အရင်ကျက်စေပြီးမှ ရေနွေးလေးထည့်ပြီး ဆက်တည်ပါတယ်။ အသားခြောက်နူးခါနီးပြီဆိုမှ အချိန်မှန်းပြီး ခရမ်းသီးကို ထည့်ပါတယ်။ အသားလည်းနူး ခရမ်းသီးလည်းအိ အချိန်ကိုက်ပါဘဲနော်။ သုံးဆောင်ကြည့်ပါရှင်။
My Life Bucketlist!
2 weeks ago






11 comments:
ပလပ် ဂလု
ဒါမျိုးဟင်းဆို အရမ်းကြိုက်
သွားရေကျ သွားပါတယ်...
ဘယ်လို ချက်ချက်ကြိုက်တယ်။ :D
ကောင်းမယ့်ပုံပဲနော်...လုပ်စားကြည့်ချင်ပေမယ့်... ဆိတ်သားခြောက်ကမရှိ... :(
မစုဘူးရေ... ဆိတ်သားခြောက်ခရမ်းသီးချက်လေးကို မြိန်ရေယှက်ရေ မြည်းသွားပါတယ်ခင်ဗျာ။
စုဘူးလေးရေ
အရမ်းကြိုက်ပါတယ်။ အဲလို ခရမ်းချဉ်သီးလေးနဲ့  ချက်တာ။ အမဲခြောက်ဘဲဖြစ်ဖြစ် ဆတ်သားခြောက် ဘဲဖြစ်ဖြစ် အရမ်းကြိုက်တယ်
ကျေးဇူးနော်
အကုန်စားသွားတယ်။ ပါဆယ်ပါထုတ်သွားတယ်
့အဟမ်းအဟမ်း..
အသားခြောက်ဆို အရမ်းရမ်းကိုကြိုက်..
အကုန်သုံးဆောင်သွားပါတယ်ရှင်..
စားချင်စိတ်ပေါက်သွားတယ်... ဆိတ်သားခြောက်လေးရထားတာရှိတယ် ... အတော်ဘဲ
မရောက်တာကြာလို့ ကျန်သေးရဲ့လားမသိ...
းဝ)
ခံတွင်းပြတ်နေတာကြာပြီ အိမ်မှာချက်ပြီးဆွဲပြစ်လိုက်ဦးမယ်ကျေးဇူးနော်
Post a Comment