မယ်ဇလီဖူးသုတ်


တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပေါင်းခ စေဖို့ မယ်ဇလီဖူးသုတ်လေး စားကြရအောင်နော်..

ပထမဦးစွာ မယ်ဇလီဖူးကို ရေဆေးပြီး မာလကာရွက်နှင့် မန်ကျီးမှည့် ထည့်ကာ နှစ်ရေခန့်ပြုတ်ပါမယ်။ အခါးများကုန်စင်စေရန် ဖြစ်ပါတယ်။

ပြုတ်ပြီးသားမယ်ဇလီဖူးများကို ရေစင်အောင်ညှစ်ပြီး ငရုတ်ဆုံဖြင့်အလုံးကွဲအောင်ထောင်းပါတယ်။
မယ်ဇလီဖူးလေးတွေအလုံးကွဲပြီးညက်သွားတာဟာ အသုတ်အရသာကို ပိုမိုကောင်းမွန်စေပါတယ်။

အာလူးကိုလည်းပြုတ်ပြီး အအေးခံအခွံနွှာပြီး ပါးပါးလှီးထားပါ။
မြေပဲဆံထောင်းထားပါ။ နှမ်းထောင်းထားပါ။

အသုတ်ထဲကို နှမ်းထောင်းပြီးထည့်ခြင်းဟာ မွှေးပျံ့ပြီးအရသာထူးစေပါတယ်။
ကြက်သွန်ဖြူ၊နီ ဆီချက် ချက်ထားပါ။
ထို့နောက် မယ်ဇလီဖူး၊အာလူးပြုတ်၊ပုစွန်ခြောက်မှုန့်၊မြေပဲထောင်း၊နှမ်းထောင်း၊ဆား၊
ငံပြာရည်၊ကြက်သားမှုန့်၊သံပုရာရည်ညှစ်ထည့်၊ဆီချက်တို့ဖြင့် သုတ်စားနိုင်ပါတယ်။

နံနံပင်နှင့်ကြက်သွန်နီကြော်ကြိုက်ပါက အသုတ်ပေါ်မှ ဖြူးနိုင်ပါတယ်ရှင်။
ငရုတ်သီးတောင့်စပ်စပ်လေးကိုက်၊ ကြက်သွန်ဖြူလေးကိုက် ပြီး ရေနွေးကြမ်း ဖြင့် သုံးဆောင်နိုင်ပါပြီနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

11 comments:

ငွေစန္ဒာ said...

စုဘူးရေ တန်ဆောင်မုန်းလပြည့်ဆိုတော့ မယ်ဇလီဖူးသုတ်လေးလာစားသွားတယ်။
လင့်လေးယူထားတယ်နော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မကျန်မှာစိုးလို့ စောစောစီးစီး လာစားတယ်နော်
ဆေးပေါင်းခအောင် လို့လေ....
အမယ် မယ်ဇလီဖူးသုပ်က ဒီတိုင်းနေတော့ စားချင်စရာလို့မထင်ဘူး စုဘူးအိမ်ဘလော့ပေါ်ရောက်တော့မှ လှလှပပ စားချင်စရာ ဖြစ်နေရော

Sunny said...

မယ်ဇလီဖူးသုပ်လေး လာစားသွားပါတယ်.. ဆေးပေါင်းခအောင်လို့.. :)

Baby taster said...

စားဖူးဘူး သိလား
စားဖူးချင်တယ်း)

Shinlay said...

မနေ့ က အာရှဆိုင်ကိုသွားပြီး မယ်ဇလီဖူး သွားရှာပါတယ်။ အရင်ကဆို ပုလင်းနဲ့ ရောင်းပါတယ်။
မနေ့ ကတော့ မတွေ့ ခဲ့ပါ။ ဒီနှစ်တော့မစားရတော့ပါ။ စုဘူးဆီကပဲလာစားသွားပါတယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

မယ်ဇလီဖူးသုတ် မစားရတာ ကြာပြီ။ အညာမှာ နေတုန်းကတော့ နှစ်စဉ် ဒီလပြည့်ညဆို တအိမ်တက်ဆင်း ဝေငှရင်း အ၀စားရတာ...

လေးစားခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

စန္ဒကူး said...

ဝေးးးး... ကူးလဲ မနှစ်ကသုပ်စားတယ် နိုဝင်ဘာဆေးပေါင်းခတဲ့နေ့မှာလေ..
ဒီနှစ်တော့ လူကြုံမရှိတာနဲ့မစားရတော့ဘူး.. စုဘူးဆီမှာဘဲ အ၀ကစ်သွားတယ်

T T Sweet said...

ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုတ် လာမြည်းသွားတယ်နော်။ ပင်နစူးလားမှာ မယ်ဇလီဖူးရောင်းလားမသိ။ စားချင်တယ်။

rose said...

မယ်ဇလီဖူးသုပ်လေး မြည်းကြည့်သွားပါတယ် အစ်မရေ...။

Ven.Khe said...

ရှရွတ်..ရွတ်..ရှူးရှဲ..ရှူးရှဲ ..ဟား ဟား
(ငရုပ်သီးစပ်လို့မြည်တဲ့အသံ) ဟိဟိ...
အလှူရှင်ကစေတနာကောင်းတော့..
ဗိုက်ကားအောင်ဆွဲသွားတယ်..
အိမ်အတွက်လဲ..အထုတ်လေးဆွဲ..အဲအဲ..
လင့်လေးဆွဲသွားတယ်.ဟိဟိ...။
(တူညားတေကိုပြန်တွားကြွေးမလို့ပါ)
ပျော်ရွှင်ပါစေဗျာ..
ဆေးပေါင်းလဲများများခပါစေ....။

Unknown said...

မယ်ဇလီဖူးသုပ် စားသွားပါတယ်
တိုက်တိုက်ဆိုင်ဆိုင် ကျနော့်မွေးနေ့မှာ စားခွင့်ရတဲ့အတွက် မမစုဘူးအိမ်ကို ကျေးဇူးတင်ပါတယ်။
မြန်မာပြည်ကို လွမ်းလိုက်တာ...........

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online