စားတော့မလို့ ပွဲပြင်ထားပါတယ်။
အကြော်၊ကြက်ဥ၊နံနံ၊ပဲသီး၊သံပုရာသီး။
မုန့်ဟင်းခါး ဟင်းရည်အိုးပါ။
မုန့်ဟင်းခါးဖတ်ခြောက်ထုတ်ကို ရေအေးကြာကြာစိမ်ထားပြီးမှ ပြုတ်ပါမယ်။ ပြုတ်ပြီးသားမုန့်ဖတ်လေးတွေကို ရေအေးအေးနဲ့ အပူပျောက်အောင်ဆေးချပြီးမှ ဇကာနဲ့စစ်ထားပါမယ်။

ငါးအသားလေးတွေ နွှင်ထားတာပါ။
အရိုးတွေကို ထောင်းပြီးယူထားတဲ့ ငါးပြုတ်ရည်ပါ။
ငါးခူပြုတ်ပြီးသားလေးပါ။
ပဲကို ခေါက်မွှေနေတုန်း ရိုက်ထားတာပါ။
ဒီတစ်ပတ် ပိတ်ရက်မှာ အချိန်ရတာနဲ့ မုန့်ဟင်းခါးကို Ready made မဟုတ်ဘဲ အိမ်ချက်လေး သေချာချက်စားဖြစ်ပါတယ်။ မုန့်ဟင်းခါးချက်တဲ့ ကုလားပဲ၊ဆန်လှော်မှုန့်၊ငါး တို့ရဲ့ အချိုးအဆကိုတော့ ကျွန်မချက်တဲ့ အချိုးအဆအတိုင်း ရေးပေးလိုက်ပါတယ်။
မြန်မာအလေးချိန်နဲ့ဆိုလျှင်တော့ မုန့်ဖတ် (၁)ပိသာအတွက် ငါး(၂၅) ကျပ်သား၊ ပဲ(၁၀)သား၊ ဆန်လှော်မှုန့် (၅) ကျပ်သားထည့်ပါတယ်။
စင်ကာပူမှာတော့ ငါးတစ်ထုတ်ဝယ်ရင် ငါးခူအရွယ်တော် (၃)ကောင်လောက်ပါတတ်ပါတယ်။ ကုလားပဲကို နို့ဆီဘူးနဲ့ တစ်ဝက်ကျော်ကျော်လေးပြုတ်ပါတယ်။ ဆန်လှော်က ပဲအချိုးအဆရဲ့ တစ်ဝက်ပါ။ ကျွန်မကတော့ အဲဒီအချိုးနဲ့ ချက်ပါတယ်။ မိမိစိတ်တိုင်းကျသလို လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်။
ချက်နည်းလေးကတော့
ငါးခူကို မန်ကျီးမှည့်နှစ်နဲ့ပွတ်ဆေးပြီး အတွင်းက ထုတ်စရာရှိတာတွေ ထုတ်ပါမယ်။ ရေခဲရိုက်ထားတဲ့ အထုတ်တွေက တော့ သန့်ရှင်းပြီးသားများပါတယ်။ ငါးခူကိုဆား၊နနွင်း၊ငံပြာရည်နဲ့နယ်ပြီး ငါးပိ ကွမ်းသီးလုံးခန့်ထည့်ပြီး စပါးလင်သုံးချောင်းခန့်ကို ရေဆေး တစ်ပတ်လျှိုထုံးပြီး ထည့်ပြုတ်ပါမယ်။ ငါးကို အအေးခံပြီး အသားနွှင်ထားပါမယ်။ အရိုးလေးတွေကိုလည်း ဂရုတစိုက်ဖယ်ထားပါမယ်။ အလယ်ကျောရိုးနဲ့ ခေါင်းတွေကို ထောင်းပြီး ရေနွေးလေးနဲ့ရောကာ အရိုးတွေဖြူသည်အထိ အရိုးထောင်းရည် ယူထားပါမယ်။
ကုလားပဲကို နူးမြေ့နေအောင်ပြုတ်ပြီး ညက်အောင် ထောင်း(သို့) ကြက်ဥမွှေတံနဲ့ မွှေထားပေးပါ။
မြေပဲဆံအစိမ်းလက်တစ်ဆုပ်ခန့်ကို လည်းထောင်းထားပါ။
ဆန်လှော်ကို ရေအေးနဲ့ရောပြီး ဖျော်ထားပါ။
ကြက်သွန်ဖြူ၊ဂျင်းနဲ့ရောပြီး စပါးလင်အနုပိုင်းလေးတွေပါ ရောထောင်းပါ။ ကြက်သွန်နီကို ငါးဆီသတ်ဖို့ ပါးပါးလှီးပြီး အလုံးလိုက်ထည့်ဖို့အတွက်လည်း အဆင်သင့်လုပ်ထားပါ။ ဒီမှာတော့ ကြက်သွန်နီအလုံးသေးမဝယ်လိုက်ရလို့ အကြီးကိုဘဲ လေးစိပ် စိပ်ထည့်ထားပါတယ်။
ငှက်ပျောအူကိုလည်း အရင့်တွေခွာပြီး အနုလေးတွေကို ပါးပါးလှီးကာ နနွင်းရည်စိမ်ထားပါတယ်။
စချက်ပါပြီနော်..
ကြက်သွန်နီ ဆီသတ်ပါမယ်။ ကြက်သွန်နွမ်းရင် ဂျင်း၊ကြက်သွန်ဖြူ၊စပါးလင်ထောင်းထားတာ ထည့်ပြီး ငါးထည့်ဆီသတ်ပါမယ်။ ဆား၊ငါးပိအနည်းငယ်၊ကြက်သားမှုန့်၊ငံပြာရည်တို့နှင့်၊အရောင်တင် ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါမယ်။ အနံ့မွှေးလာရင် ငါးရိုးထောင်းတဲ့အရည်ထည့်ပါမယ်။ ခြေထားတဲ့ပဲကို ရေနွေးလေးနဲ့မွှေပြီးထည့်ပါမယ်။မြေပဲဆံထောင်းနှင့် ဆန်လှော်ဖျော်ထားတာထည့်ပြီး ရေနွေးရောကာ ဟင်းရည်အိုးထည်ထားပါမယ်။ ပဲတွေအိုးမကပ်အောင် မွှေပေးရပါမယ်။
မုန့်ဟင်းခါးကို ရေနွေးဖြင့်ချက်ခြင်းက ဝမ်းလျှောတာ ဝမ်းပျက်တာ မဖြစ်စေဘဲ ကြာရှည်အထားခံစေပါတယ်။
ဟင်းရည်စပွက်လာရင် ငှက်ပျောအူဖတ်လေးတွေ ထည့်ပါတယ်။
ကြက်သွန်နီ နူးလောက်မည့် အချိန်နဲ့ ဟင်းရည်အိုးအရည်ကျမဲ့ အချိန်မှန်းပြီး ကြက်သွန်နီ လေးစိပ်ကွဲများထည့်ပါတယ်။
ငါးဖယ်ကို သတ်သတ်မကြော်တော့ဘဲ အလုံးသေးသေးလေးတွေလုံးပြီး ဟင်းရည်အိုးထဲထည့်ပါတယ်။
ကြက်ဥ ၁လုံးကို နာနာခေါက်ပြီး ဟင်းရည်အိုးထဲကို အမျှင်လေးများအဖြစ် ထည့်နိုင်ပါတယ်။
ဟင်းရည်အပွက်မှာ ငရုတ်ကောင်းခပ်ပါတယ်။အရသာအတွက် ငံပြာရည်နဲ့ အချိုမှုန့်အစားထိုး ကြက်သားမှုန့်ဖြည့်စွက်ထည့်ပါမယ်။
နံနံပင်၊ပဲတောင့်ရှည်၊ပဲကပ်ကြော်၊ဘူးသီးကြော်၊အီကြာကွေး၊ကြက်ဥပြုတ် တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။
မုန့်ဟင်းခါးလို့ရေးကြသလို မုန့်ဟင်းငါးလို့လဲရေးကြလို့ ဘယ်ဟာအမှန်လဲ ဝါးတားတားဖြစ်နေမိပါတယ်။ Sorry ပါနော်။
မုန့်ဟင်းခါး
Posted by
subuueain
|
Labels:
ရိုးရာ အစားအစာများ
Subscribe to:
Post Comments (Atom)
My Blog List 1
-
-
၂၉၁၁၂၀၂၅6 months ago
-
-
Well, you get what you pay for7 years ago
-
စိတ်ရှုပ်တဲ့အခါ7 years ago
-
-
khin8 years ago
-
MUA Web Converter9 years ago
-
Havana Blues9 years ago
-
ကားနံပါတ်တွေ အင်္ဂလိပ်လို ပြောင်းလဲသတ်မှတ်ပြီ12 years ago
-
စိတ်အချဉ်ပေါက်ခြင်း12 years ago
-
၂.၉.၂၀၁၂ တနင်္ဂနွေနေ့ ဆွမ်းလောင်းလှူခြင်း13 years ago
-
For “Harvest Thanksgiving Festival”14 years ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)15 years ago
-
အမေစုနှင့် Exclusive Interview15 years ago
-
တူမလေးများနဲ့ တလတာ..15 years ago
-
-
-
-
My Blog List 2
-
02/04/20261 month ago
-
-
MY GIRL 210 years ago
-
အမှိုက်ပစ်ခြင်း အနုပညာ11 years ago
-
မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ15 years ago
-
-
-
-
-
My Blog List 3
-
ကြက်သွန်နီဆီချက်1 week ago
-
ရောင်စုံ ကြက်တောင်ပံကြော်4 weeks ago
-
ပဲပြုပ် Sprouted Yellow Pea6 years ago
-
ကမ္ဘာကြီးကို အလှူကြီး ပေးလိုက်ပါ။7 years ago
-
အလှနတ်သမီးလေး မလိခ...7 years ago
-
-
ငါးဥဘာလချောင်ကြော်လေး ကြော်စားကြဦးမလား7 years ago
-
-
Happy 20188 years ago
-
အချဉ်ပေါင်း (၁)8 years ago
-
Zuma Zen Blaster: Sang Game Legendaris9 years ago
-
ဒိုနောင်းမှာ တနေ့တာ(ညနေပိုင်း)10 years ago
-
၈နှစ်ပြည့် အမှတ်တရ11 years ago
-
'' အလွယ်ချက် အုန်းထောပတ်ထမင်း "11 years ago
-
ဂွေးသီး ငပိချက်12 years ago
-
-
ကျွန်တော့ အတွေ့အကြုံများ ၄12 years ago
-
မုန့်ဟင်းခါး12 years ago
-
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၄12 years ago
-
နံနက်စာနှင့် နေ့လည်စာများ12 years ago
-
-
-
-
-
ဆိတ်ရိုးစွပ်ပြုတ်14 years ago
-
-
-
-
Popular Posts
-
ငါးဖယ်ကြော် ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့ ကြော်တာပါ။ ကျွန်မ အမျိုးသားက ငါးဖယ်ကြေ...
-
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းန...
-
ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။ ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :) ကြေ...
-
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့...
-
့ ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြေ...
-
Happy New Year ပါ။ ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပုရာ...
-
နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။ ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။ မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊ ငံပြာရ...
-
ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ြ...
-
အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေြ...
Current User
User Online






6 comments:
အိုး စားချင်လိုက်ပါဘိ
ဆိုင်က မုန့်ဟင်းခါးထက် အများကြီး အများကြီး သာမယ်ဆိုတာ လက်ရာကြည့်တာနဲ့ သိသာနေပြီ
တကယ်ပါဘဲ သွားရေတောင်ကျလာပြီ ...
မုန့်ဟင်းခါးလွမ်းနေတာ
ချက်စားဦးမယ် စိတ်ပါသွားပြီ
မစားဖြစ်တာကြာပြီ။ နောက်တပတ်တော့ ချက်စားဦးမှ။
ရှယ်ဘဲ။
အစ်မ တစ်လ ကျော်ကျော်လောက် ပျောက်နေလို့ သတိရနေတာ။ ရို့စ် ဘလော့ဂ်လေး စပြီး မရေးခင်တည်းက အစ်မဘလော့ဂ်က ပာင်းလေးတွေ လာငေးနေကျ။ ပို့စ်လေးတွေ မှန်မှန် ရေးပါနော်။ ရို့စ်လည်း မုန့်ပာင်းခါး ချက်ရင် ပဲဝါခြမ်းတွေ ခြေပြီး ချက်လေ့ ရှိတယ်။ အရင်တစ်ပတ်ကပဲ အိမ်မှာ ချက်စားဖြစ်တယ်။ ငှက်ပျောအူကတော့ ၀ယ်လို့ မရတော့ မထည့်ဖြစ်ဘူး။ အစ်မ မုန့်ပာင်းခါးလေးက စားကောင်းမယ့်ပုံလေး။
စားချင်တယ် စုဘူးရေ.. မုန့်ဟင်းခါးကို ready made ထုပ်တွေချည်းစားနေရတာ ကြာတော့ မစားချင်တော့ဘူး.. အခုလို အိမ်ချက်လက်ရာလေး စားချင်နေတာ.. ဒီမှာက ငါးခူအရှင်ဝယ်မရတော့ တစ်ခါတလေ ပင်လယ်ငါးနဲ့ ချက်ကြည့်တာ သိပ်စားမကောင်းသလိုပဲ.. :D အခု စုဘူးလက်ရာကို မြင်တော့ မုန့်ဟင်းခါး စားချင်စိတ်တွေ ဖြစ်လာပြီ.. နောက်တပတ်ကြရင် ချက်စားဦးမယ်.. :)
မုန့်ဟင်းငါးဆို သိပ်ကြိုက်..။
ကိုယ်တိုင်ချက်စားဖူးဘူး..။
တနေ့နေ့တော့ ချက်ဖြစ်မယ်ထင်ပါတယ်။
နည်းအတွက် ကျေးဇူး။
Post a Comment