ငါးခူ အကောင်ကြီးကြီး တွေရလို့ ငါးဒုက္ခ ဟင်း လုပ်စားဖြစ်ပါတယ်။ ငါးခူ ဗိုက်ထဲကို အစာပလာ တွေ သွပ်ပြီး ငါးခူကို နှီးနဲ့ ခါးကနေတစ်ဝက်စည်းပြီး သေချာတုတ် ကြော်တဲ့ သာမန် မခက်ခဲတဲ့ ဟင်းအမယ်ပါ။ ငါးနေရထိုင်ရ ခက်တာမို့ ငါးဒုက္ခ ခေါ်ဟန်တူပါရဲ့.....
ပထမဦးစွာ ငါးခူကို မန်ကျီးမှည့်နှင့်ပွတ် ရေသေချာစွာဆေးပြီး ဆား၊ နနွင်းနယ်ပြီး နှပ်ထားပါတယ်။
အစာပလာအတွက် ကတော့ မိမိနှစ်သက်ရာပါ။ ငရုတ်သီးတော့ စပ်ရပါမယ်။ ဒါမှလည်း ပိုစားကောင်းပါတယ်။
ကျွန်မကတော့ golden mile ကဝယ်လာတဲ့ မျှစ်နုနုလေးတွေကို ရေနဲ့ နှစ်ထပ်လောက်ပြုတ်ပါတယ်။ ပြီးတော့ ဒယ်အိုးထဲကို ဆီပါလေရုံထည့်ပြီး ကြက်သွန်ဖြူ၊ နီ ထောင်း ငရုတ်သီးစိမ်းထောင်း ပုစွန်ခြောက် မှုန့်၊ဆား တို့နဲ့အတူ မျှစ်ကို သေချာလုံးပါတယ်။
နောက် အဲဒီအစာတွေကို ငါးဗိုက်ထဲကို သွပ်ပြီး ငါးကို နှီးနဲ့ စည်းပြီး ကြော်ပါတယ်။
နည်းစနစ်အမှန်ကတော့ ကြော်ပြီး နှီးတွေကို ဖြုတ်လိုက်ရင် ငါးလေးက ကွေးကွေးလေး ဖြစ်နေပါတယ်။
ကျွန်မမှာ စည်းစရာ ကြိုးကောင်းကောင်းမရှိလို့ ငါးလေးက သိပ်မကွေးရှာပါဘူး။
သုံးဆောင်ကြည့်ပါနော်။
ငါးခူ ဒုက္ခကြော်
Read User's Comments(7)
တစ်ပတ်အတွင်း စားစရာအချို့
အုန်းစိမ်းဂျယ်လီ လေးပါ။ ပုံမှာ ပြထားတဲ့ ဂျယ်လီထုတ်ကို သူ့အညွှန်းအတိုင်း ရေ (သို့) အုန်းစိမ်းရည် ထည့်ပြီး ပွက်လာသည်အထိကျို ပြီး ပုံစံခွက်ထဲထည့်ပြီး အုန်းသီးဖတ်လေးတွေ ခြစ်ထည့်အအေးခံပါ။ သကြားထည့်စရာမလိုပါဘူး။
ရေခဲသေတ္တာရှင်းထားတဲ့ အကြော်ပါ။ ပုစွန်အစိမ်းအနည်းငယ်ကျန်တာကို တောက်တောက်စင်းပြီး ပြောင်းဖူး၊ နံနံပင်တောက်တောက်စင်း၊ အကြော်မှုန့်၊ ကြက်ဥတစ်လုံးခေါက် အရသာလေးစွက်ပြီး ကြော်ထားတာပါ။
ငါးကျီးအစိုကို ဆား၊ နနွင်းနယ်ပြီး ကြွတ်ကြွတ်လေး ကြော်ထားတာပါ။
မန္တလေး ကောက်ညှင်းပဲကြော်လေးပါ။ kidney bean ပဲဘူးကို အကြော်မှုန့်နဲ့ရောပြီး ကြော်ထားတာပါ။
ဆီထမင်းလေးပါ။ ဒီမှာရေးဖူးပါတယ်နော်။ ဒယ်အိုးထဲမှာ ချက်တာကတော့ အကောင်းဆုံးပါဘဲ။
ဒီတစ်ပတ်အတွင်း ချက်စားဖြစ်တာလေးတွေထဲက အချို့ပါ။
Subscribe to:
Posts (Atom)
My Blog List 1
-
15June254 days ago
-
Online Persona3 months ago
-
-
Well, you get what you pay for6 years ago
-
စိတ်ရှုပ်တဲ့အခါ6 years ago
-
-
khin7 years ago
-
MUA Web Converter8 years ago
-
Havana Blues9 years ago
-
ကားနံပါတ်တွေ အင်္ဂလိပ်လို ပြောင်းလဲသတ်မှတ်ပြီ11 years ago
-
စိတ်အချဉ်ပေါက်ခြင်း11 years ago
-
၂.၉.၂၀၁၂ တနင်္ဂနွေနေ့ ဆွမ်းလောင်းလှူခြင်း12 years ago
-
For “Harvest Thanksgiving Festival”13 years ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)14 years ago
-
အမေစုနှင့် Exclusive Interview14 years ago
-
တူမလေးများနဲ့ တလတာ..14 years ago
-
-
-
-
My Blog List 2
-
-
MY GIRL 29 years ago
-
ငိုညည်းတဲ့ အသည်းများ....9 years ago
-
အမှိုက်ပစ်ခြင်း အနုပညာ10 years ago
-
မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ14 years ago
-
-
-
-
-
My Blog List 3
-
ဝက်နံရိုးဟင်းချို1 week ago
-
မုန့်ပြားသလက် အပေါက်ဖောက်နည်း1 month ago
-
ပဲပြုပ် Sprouted Yellow Pea6 years ago
-
ကမ္ဘာကြီးကို အလှူကြီး ပေးလိုက်ပါ။6 years ago
-
အလှနတ်သမီးလေး မလိခ...6 years ago
-
-
ငါးဥဘာလချောင်ကြော်လေး ကြော်စားကြဦးမလာ6း years ago
-
-
Happy 20187 years ago
-
အချဉ်ပေါင်း (၁)7 years ago
-
Zuma Zen Blaster: Sang Game Legendaris8 years ago
-
ဒိုနောင်းမှာ တနေ့တာ(ညနေပိုင်း)10 years ago
-
၈နှစ်ပြည့် အမှတ်တရ10 years ago
-
'' အလွယ်ချက် အုန်းထောပတ်ထမင်း "10 years ago
-
ဂွေးသီး ငပိချက်11 years ago
-
-
ကျွန်တော့ အတွေ့အကြုံများ ၄11 years ago
-
မုန့်ဟင်းခါး11 years ago
-
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၄11 years ago
-
နံနက်စာနှင့် နေ့လည်စာများ11 years ago
-
-
-
-
-
ဆိတ်ရိုးစွပ်ပြုတ်14 years ago
-
-
-
-
Popular Posts
-
ငါးဖယ်ကြော် ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့ ကြော်တာပါ။ ကျွန်မ အမျိုးသားက ငါးဖယ်ကြေ...
-
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းန...
-
ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။ ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :) ကြေ...
-
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့...
-
့ ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြေ...
-
Happy New Year ပါ။ ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပုရာ...
-
နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။ ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။ မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊ ငံပြာရ...
-
အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေြ...
-
ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ြ...
Current User
User Online