ပုစွန်ထုတ်ဆီပြန် ရာဇဝင်လေးက တော့ မင်းဒင်ရဲ့ သက်ခိုင် ဖတ်တုန်းက ချက်စားဖြစ်ခဲ့တာပါ။
ပုစွန်ထုတ်ချက်ရင် ကျွန်မက ဘယ်တော့မှ ခရမ်းချဉ်သီးနဲ့ ဂျင်းမထည့်ပါဘူး။ သက်ခိုင်ထဲမှာ ပုစွန်ထုတ်ကို ခရမ်းချဉ်သီး အကွင်းလိုက် ၊ ကြက်သွန်ဖြူ အဝိုင်းလေးတွေကပ်ပြီး ဆီပြန်ချက်ထားတာကို ဖတ်ရင်းနဲ့ စားချင်စိတ်ဖြစ်လာလို့ ချက်စားဖြစ်တာပါ။
ပုစွန်ထုတ်ကို ထုံးစံအတိုင်း ချေးကြောင်းထုတ်၊ ခေါင်းဖြုတ်ပြီး ဆား၊ နနွင်းနယ်ထားပါတယ်။
ကြက်သွန်နီကို ဆီများများ ထည့်ပြီး ခြောက်နေအောင် ကြော်ပါတယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးထည့် ၊အရောင်တင်မှုန့်ထည့်ပြီး ပုစွန်ထည့်ပါတယ်။
ဟင်းအိုးချခါနီး ပုစွန်လေးကွေးမှ ခရမ်းချဉ်သီး အကွင်းလိုက်လှီးတာလေးနဲ့ နံနံပင် အုပ် ၊ အပေါ့အငန်လေး မြည်းပြီး ကြက်သားမှုန့်လေးနည်းနည်းထည့်ပါတယ်။ yummy...
Online Persona
1 week ago
1 comments:
ပုဇွန်ကို ဘယ်လိုဖြစ်ဖြစ်ကြိုက်တယ်
ဘယ်နှကောင်စားစား မဝဘူး
ခုလည်း သွားရည်လေး သိမ်းပြီး ပြန်သွားရတယ်
Post a Comment