ကန်စွန်းရွက်နဲ့ ပုစွန်ဆိတ်ချက်

ပုစွန်ဆိတ်လေးတွေကို ရေဆေးပြီးလှော်လိုက်ပါတယ်။ ကန်စွန်းရွက်၊ ကြက်သွန်နီ(၁)လုံး၊ ခရမ်းချဉ်သီး(၂)လုံး၊ဆား၊နနွင်း၊အရောင်တင်၊ ငါးပိစိမ်းစားအနည်းငယ်၊ဆီနဲနဲထည့်ပြီး လှော်ထားတဲ့ ပုစွန်ဆိတ်သေးသေးလေးတွေနဲ့ လုံးချက် ချက်ထားတာပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆိတ်သားနှပ်



ဆိတ်သားကို ပထမဦးစွာ အရိအရွဲ တွေ စင်အောင်ဓါးချွှန်လေးနဲ့ လှီးပြီး သန့် ထားပါမယ်။

မန်ကျီးသီးမှည့် ကို ရေနွေးစိမ်ပြီး အနှစ်လုပ်ထားပေးပါ။

ဆိတ်သားတုံးများကို မန်ကျီးသီးမှည့်နဲ့ နယ်ပြီး နှစ်ထပ် သုံးထပ်ဆေးပေးပါ။

နောက်ပြီးဆိတ်သားကို ရေစင်အောင်ပြန်ဆေးပြီး ဂျင်းထောင်းရေနဲ့ နယ်ပြီး နှပ်ထားပေးပါ။

ဆား၊ နနွင်း၊ ငံပြာရည်တို့ ပါရောနယ်ပါ။

ကြက်သွန်နီဥကြီး (၄) ဥလောက်ကို ပါးပါးလေးတွေလှီးပြီး ရွှေဝါရောင်သန်းလာ

သည်ထဆီများများနဲ့ ကြော်ပါ။

ကြက်သွန်ကြော်တစ်ဝက်ကို သတ်သတ်ဖယ်ထားပါ။

ကျန်တစ်ဝက်ကို ဂျင်း၊ကြက်သွန်ဖြူထောင်းများများ၊ကရဝေးရွက်

၊သစ်ဂျပိုးခေါက်၊တို့ ရောထည့်ပြီး ဆီသတ်ပါ။ထို့ နောက် နှပ်ထားသော ဆိတ်သားကို ထည့်ပါ။

အရောင်တင်၊ဆား၊ငံပြာရည်အနည်းငယ် ထည့်ပြီး ထည်တားပေးပါ။

ရေနည်းနည်းချင်းစီထည့်ပြီး မီးအေးအေးလေးနဲ့ နှပ်ထားပေးပါ။

ဟင်းအိုးချခါနီးရင် မဆလာလေးအုပ်လိုက်ပါ။

မညှီဘဲ စားလို့ ကောင်းတဲ့ ဆိတ်သားနှပ်ရပါပြီ။ ဟင်းကျက်ပြီဆိုမှ

ကြော်ထားတဲ့ ကြက်သွန် နီကြော်ကို

ရောလိုက်ပါ။ အနှစ်များများ ချိုချိုလေးနဲ့ စားလို့ ကောင်းပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အကြော်နဲ့ ရေမုန့် 



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြေအိုးမြီးရှည်



စာမေးပွဲကတော့(၂၇) ရက်နေ့ က ပြီးသွားပါပြီ။ အလုပ်တွေကတော့ ဆက်ရှုတ်နေဆဲပါပဲ။
အိမ်ပြောင်းရမှာမို့ အထုတ်တွေသိမ်းနေရတယ်။မြန်မာနိုင်ငံကို လည်း (၂)ရက်နေ့ ပြန်မလို့ 
လက်မှတ်ဝယ်ပြီးပြီ။ ထမင်းတောင်ချက်မစားဖြစ်ပါဘူး။ မြေအိုးမြီးရှည်ဘဲ ချက်စားပါတယ်။:P
ဒီနေ့ လုပ်စားတဲ့မြေအိုး မြီးရှည်ကတော့မြေအိုးမရှိလို့ ဒန်အိုးနဲ့ ချက်စားဖြစ်တာပါ။မန္တလေးမှာတော့မြေအိုးမြီးရှည်ဆိုင်တွေက ညဈေးတန်းတလျှောက်မှာ
ပေါမှပေါ ပါဘဲ။မြေအိုးမြီးရှည်ရဲ့ အရသာကိုတော့ ပူပူစပ်စပ်နဲ့ မာလာဟင်းကြိုက်တဲ့သူတိုင်း
ကြိုက်ပါလိမ့်မယ်။ ကျွန်မကတော့ မြေအိုးမြီးရှည်ကို ကြေးအိုးထက် ကြိုက်ပါတယ်။
လက်ကိုင် ရိုးတံရှည်လေးနဲ့ မြေအိုးလေးထဲမှာ ထည့်ချက်ပြီး
gas မီးဖို ပေါ်ကချချချင်း ပူပူနွေးနွေး စားရတာ တော်တော်ကောင်းပါတယ်။
ကျွန်မကတော့ ဒန်အိုးထဲမှာ ထည့်ချက်ပြီး ရိုးရိုးပန်းကန်ထဲမှာ ထည့်စားပါတယ်။
ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ကြက်ရိုးကို ဆား၊ငံပြာရည်၊ဂျင်းရည်တို့ နဲ့ နယ်ပြီး
ပြုတ်ထားပါတယ်။ ပြီးရင် အရိုးတွေဖယ်ပြီး အရည်စစ် ယူထားပါတယ်။
ငါးဖယ်လုံး၊ငုံးဥပြုတ်ထားပါတယ်။ မြီးရှည်ဖတ်ကို ရေနွေးဖျောထားပါတယ်။
စားတော့မယ်ဆိုမှ gas မီးဖိုကိုဖွင့်၊ဒန်အိုးထဲကို
ကြက်ပြုတ်ရည် တစ်ခါစား စာထည့်ပါ။ မပွက်ခင် မာလာဟင်းအနှစ်ကို ဟင်းစား
ဇွန်းနဲ့ တစ်ဇွန်းထည့်၊ ကြက်အူချောင်း ထည့်ပါတယ်။မြီးရှည်ဖတ်ထည့်ပါတယ်။ကိုက်လန်၊ ထိုင်ဝမ်မုံညင်း၊ ကို မလှီးဖြတ်ဘဲ ဒီအတိုင်းထည့်ပါတယ်။ brocoli ကြိုက်ရင် ထပ်ထည့်လိုက်ပါ။ အရွက်စိမ်းစိမ်းလေးတွေရတုန်းမှာ မီးဖို ပိတ်ပြီး ပြုတ်ပြီးသားငုံးဥလေးတွေနဲ့ ငါးဖယ်လုံး ထည့် ပြီး အပေါ့အငန်မြည်းကြည့်လိုက်ပါ။ ပြီးရင်ပဲငပိ အနှစ်လေး ဟင်းပေါ်မှာ ပုံလိုက်ပါနော်။ ဒါဆို မြေအိုးမြီးရှည်ရပါပြီနော်။ ကျွန်မနည်းက ဆိုင်တွေနဲ့ ကွာနိုင်ပါတယ်။ဒါပေမဲ့ 
မန္တလေး ညဈေးတန်းက ဆိုင်တွေရဲ့ အရသာအတိုင်းပါဘဲ ...:)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သင်္ဘောသီးတောသုတ်


သင်္ဘောသီးတောသုတ်လေး သုံးဆောင်သွားပါနော်။
သ
င်္ဘောသီးကို ခြစ်ဖြင့်ခြစ်ပြီး ရေစိမ်ထားပါ။မြေပဲဆံကို မှုန့်နေအောင် ထောင်းထားပါ။
မန်ကျီးသီးမှည့်ကို ရေဆေးပြီး ရေနွေးနွေးလေးဖြင့်စိမ်ထားပါ။
(မန်ကျီးသီးစိမ်းထောင်းပြီးသုတ်လည်း ကောင်းပါတယ်)။ ငရုတ်သီးစိမ်းကို ထောင်းထားပါ။
ကြက်သွန်ဖြူဆီချက် ချက်ထားပေးပါ။ငါးပိ ကင်ထားပါ။
ပုစွန်ခြောက်မှုန့် လည်း ထည့် သုတ်ပါတယ်။ အားလုံးစုံရင် ဇလုံတစ်ခုထဲကို
သင်္ဘောသီးဖတ်လေးများကိုရေစင်အောင် သေချာညှစ်ပြီးထည့်ပါ။ မြေပဲဆံမှုန့် ၊ပဲမှုန့် အနည်းငယ်၊ မန်ကျီးရည်၊ငရုတ်သီးထောင်း၊ငါးပိကင်
၊ဆား၊ကြက်သားမှုန့် ၊ဆီချက်တို့ ထည့်နယ်ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပဲသုတ်


pennisular plaza ကဝယ်လာတဲ့ ပဲကို ဆီဆမ်း၊ဆားဖြူး ပြီး ကြက်သွန်နီ၊ကြက်သွန်ဖြူ
လှီးထည့်ပြီး နယ်ထားတာပါ။ စွန်တာနီပဲ လို့ ခေါ်လားမသိဘူး။
ပဲတွေရဲ့ နာမည်တွေကို ခွဲခြားမသိပါဘူး။
(စားတော်ပဲတော့သိပါတယ်) စားတော့စားတတ်ပါတယ်။
မစားရတာ ကြာတော့ တော်တော်စားလို့ ကောင်းပါတယ်။
သုံးဆောင်ကြည့်ပါနော်။
[ကျွန်မ စာမေးပွဲမပြီးသေးတာမို့ blog မလည်နိုင်သေးတာကို ခွင့်လွှတ်ပေးပါ။
စာမေးပွဲဖြေနိုင်ပါစေ ဆုတောင်းပေးတဲ့ မိတ်ဆွေများအားလုံးကို တကယ်ကျေးဇူးတင်ပါတယ်ရှင်။
အားလုံးသောမောင်နှမများ မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေရှင်။]

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကင်းပုံသီး အစပ်ချက်



ကင်းပုံသီးကို ထိပ်နှစ်ဖက်တိပြီး နှစ်ခြမ်းခြမ်း (သို့ ) လေးစိတ်စိတ်ပေးပါ။
ဆားနှင့်နာနာ နယ်ပြီး ရေစင်အောင်ပြန်ဆေးပါ။ ကြက်သွန်နီ ကို ဆီသတ်ပါ။
ကြက်သွန်ဖြူ၊ ဂျင်းထောင်းထားတာ ထည့်ပါ။ ကြက်သွန်နီနွမ်းလျှင် ခရမ်းချဉ်သီး (၁)လုံး ပါးပါးသေးသေးလေးတွေလှီးထည့်ပြီး အနှစ်လုပ်ပါ။
ငါးပိ၊ဆား၊ပုစွန်ခြောက်မှုန့် ထည့်ပါ။
ငရုတ်သီးအစိမ်းတောင့်ကို (၃)တောင့်လောက်ထောင်းထည့်ပေးပါ။
ငရုတ်သီးထည့်ထားလို့ အရောင်တင်လုံးဝမထည့်ပါဘူး။ကင်းပုံသီးထည့်ပါ။
ကင်းပုံသီးနူးအောင် ရေနည်းနည်းချင်းထည့်ပေးပါ။
ကင်းပုံသီးနူးပြီး ဆီပြန်ရင် စားလို့ ရပါပြီနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online