သင်္ဘောသီးတောသုတ်လေး သုံးဆောင်သွားပါနော်။
သင်္ဘောသီးကို ခြစ်ဖြင့်ခြစ်ပြီး ရေစိမ်ထားပါ။မြေပဲဆံကို မှုန့်နေအောင် ထောင်းထားပါ။
မန်ကျီးသီးမှည့်ကို ရေဆေးပြီး ရေနွေးနွေးလေးဖြင့်စိမ်ထားပါ။
(မန်ကျီးသီးစိမ်းထောင်းပြီးသုတ်လည်း ကောင်းပါတယ်)။ ငရုတ်သီးစိမ်းကို ထောင်းထားပါ။
ကြက်သွန်ဖြူဆီချက် ချက်ထားပေးပါ။ငါးပိ ကင်ထားပါ။
ပုစွန်ခြောက်မှုန့် လည်း ထည့် သုတ်ပါတယ်။ အားလုံးစုံရင် ဇလုံတစ်ခုထဲကို
သင်္ဘောသီးဖတ်လေးများကိုရေစင်အောင် သေချာညှစ်ပြီးထည့်ပါ။ မြေပဲဆံမှုန့် ၊ပဲမှုန့် အနည်းငယ်၊ မန်ကျီးရည်၊ငရုတ်သီးထောင်း၊ငါးပိကင်
၊ဆား၊ကြက်သားမှုန့် ၊ဆီချက်တို့ ထည့်နယ်ပါ။
You and Everything Else - Kdrama review
1 week ago






7 comments:
အရင်ဆုံး စားသွားပြီဗျို့ ;)
တောသုပ်ကလေးက ကောင်းမယ့်ပုံပဲ။
စားချင်စရာလေး.. :)
ငယ်ငယ်က အညာကို သွားလည်တော့ အပင်က အသီးကိုခူးပြီး သုပ်တဲ့ သင်္ဘောသီးသုပ်နဲ့  ထမင်းစားခဲ့ဖူးတာကို သွားသတိရတယ်...
သင်္ဘောသီးတောသုပ် မြင်တာနဲ့ သွားရည် တများများကျသွားတယ်။
တောသုပ်လေးတစ်ပွဲပေးပါဗျို့
သုတ်နည်းလေး ဘယ်တော့ ပေးမှာလဲ။ စောင့်နေပါတယ်။ ကျွန်တော်က ဒါမျိုးစားဖူးတယ်။ အဲဒါ နည်းလေး သိချင်တာ။
Post a Comment