ဝက်နားရွက်သုတ်


ဝက်နားရွက်ကို ရေသေချာဆေး၊ အပေါ်ယံကို ဓါးနဲ့ခြစ်ပြီး သန့်ရှင်းရေးလုပ်ပါတယ်။
ဆား၊ဂျင်းရည်၊ ပဲငံပြာရည်အကြည်နဲ့နယ်ပြီး ပြုပ်ပါတယ်။
နူးတဲ့အခါ ပါးပါးလှီးပါတယ်။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးပါးပါးလှီးပါတယ်။
ငရုတ်သီးစိမ်းလှီးထည့်ပြီး Chilli garlic sauce ထည့်ပါတယ်။ အလွယ်တကူရမယ်ဆိုရင် ပဲပင်ချဉ်လေး ထည့်သုတ်ရင် ပိုကောင်းပါတယ်။ ဆီ၊ ဆား ၊ငံပြာရည် သင့်ရုံထည့်၊ သံပုရာရည်ညှစ်၊ နယ်ပြီးတဲ့အခါ သုံးဆောင်နိုင်ပါပြီရှင်။ ဝက်သားမစားသူများ sorry ပါနော် :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

12 comments:

စူးနွယ်လေး said...

ကြိုက်တယ်..ငယ်ငယ်ကဆို အဖေက ဈေးက၀ယ်ဝယ်လာတယ် မြည်းဖို့..တို့ကလေးတွေကလည်း ၀ိုင်းစားတာပေါ့..သူမစားရတော့ဘူး...ဒါနဲ့အမေက အားရပါးရစားနိုင်အောင် အိမ်မှာ လုပ်လုပ်ပေးတယ်

nu-san said...

စားချင်လိုက်တာ.. အမဟိုတလောကတော့ ညီမလေးဆီက ၀က်သားနှပ်နည်းကို ကြည့်ပြီး ချက်ကြည့်လိုက်သေးတယ်...မဆိုးဘူး..စားကောင်းတယ်..
ဝက်နားရွက်ကို ဒီက Korea Town မှာ ၀ယ်လို့ရတယ်ဆိုတော့ နောက်တခါ ရောက်ဖြစ်ရင် ၀ယ်ပြီး စုဘူးပြောသလို သုပ်စားဦးမယ်.. :)

moemoestar said...

ကိုယ့်အမျိုးသားက ခြေလေးချောင်းသား မစားတော့
ကိုယ့်တစ်ယောက်တည်း ချက်မစားဖြစ်ဘူး။
စုဘူးလေးက သုပ်ကျွေးတာကျေးဇူးပါနော်။

ထောပတ်သီး said...

ကြိုက်တယ် မစုဘူး ထောထောဆိုတအားကြိုက်တယ်

စိမ်း... said...

ဟင့် ရက်စက်လိုက်တာ... စားချင်လာပြီ... ဘယ်မှာရှာဝယ်ရမှာလဲလို့....

Yu Ya said...

ဝက်နားရွက်သုတ်လေးက စားချင်စဖွယ်လေးပါလားဗျ..
အားနာပါးနာနဲ့ အကုန်လုံး မြည်းသွားပါတယ် ခင်ဗျ..

yu ya

Anonymous said...

မရေ......
နောက်တခါ တခြားသုပ်ကျွေးနော်.........မမ
ခုရုံလေးစားသွားရဖူးသိလား
ဝက်သားစားဖူးရယ်လေ နော်.......မမ

rose of sharon said...

အရမ်းကြိုက်တယ်

ဝက်ဝံလေး said...

အိ ငါ့နားရွကို သုပ်စားတာလားလို့ ဟီးးးးး နော် ပြန်မယ် တွား လာထော်နဲ့ ဟင့် ရွှတ် ဟိဟိ စ တာ မစားဖူးဘူး စုဘူးရယ် သိလား စားကောင်းမယ့် ပုံပဲနော်

ဘိုင် တာ့တာ

မွေးနေ့ ဆုတောင်းလေးအတွက် ကျေးဇူးးးးပါနော်

Anonymous said...

Oh my God.
My fav!!!
Wanna eat now.

T T Sweet said...

ဝက်ခေါင်းသုတ်၊ ၀က်နားရွက်သုတ် ကြိုက်ပါတယ်။ ညီမသုတ်ထားတာ စားချင်စဖွယ်လေး။ ၀ိတ်ချဖို့ အစားလျော့စားနေလို့ ဘလော့တွေထဲပဲ လိုက် သွားရည်ကျနေရပါသည်။

ခရေညို said...

စားလို့ကောင်းလိုက်တာ ( အမြင်နဲ့)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online