ဘဲတောင်ပံလေးတွေကို Pressure cooker နဲ့ပေါင်းထားတာပါ။
ဘဲတောင်ပံတွေကို ရေစင်စင်ဆေးပြီး ပြန်ခုတ်ပါတယ်။
ဆား၊နနွင်း၊ငံပြာရည်လေးနယ်ပြီး နှပ်ထားပါတယ်။
ငရုတ်သီးအခြောက်တောင့်ကို ရေနွေးနဲ့ဆေးပြီး ထောင်းထားပါတယ်။
ကြက်သွန်နီအနေတော် (၃)ဥကို လှီးပြီး ကြက်သွန်ဖြူနဲ့ ဂျင်းကိုထောင်းထားပါတယ်။
Pressure cooker ထဲမှာ အရသာနယ်ထားတဲ့ဘဲတောင်ပံ၊ ကြက်သွန်နီ၊ဖြူ၊ဂျင်း၊ငရုတ်သီးထောင်း၊ဆီ၊ ရေအသားမြုပ်ရုံထက်နည်းနည်းပိုထည့်၊ဆား၊ငံပြာရည်၊ ကြက်သားမှုန့်တို့ထည့်ပြီး ထည်လိုက်ပါတယ်။ ဆူသံစကြားရပြီး ၁၅ မိနစ်လောက်နေရင် သုံးဆောင်နိုင်ပါပြီရှင်။
Online Persona
2 weeks ago
5 comments:
ချက်ကြည့်အုံးမယ် မမ ကြက်သားလဲ ရတာပေါ့နော်..။ ငရုပ်သီး ထောင်းရမှာ ပျင်းတယ် ငရုပ်စုံတော့ ရှိတယ်။
မျှဝေပေးတာ ကျေးဇူးတင်ပါတယ် မမ။
မင်္ဂလာပါ...
အင်း.. ဘဲတောင်ပံ အစပ်ချက် မစားဘူး ဘူးဗျ။ ချက်ကြည့်အုံးမှ။
အရမ်းကြီး ခက်ရခက်ဆစ် ချက်ရတာမျိုးတော့ မဟုတ်ဘူးနော်။ လွယ်မယ့်ပုံဘဲ။ စမ်းကြည့်အုံးမှ။
ခင်မင်စွာဖြင့်
ကိုမျိုး
စားချင်လိုက်တာ။ တစ်ခါလောက် ဖိတ်ကျွေးပါလား။
ဒီမှာတော့ ဘဲသားရှားတယ်၊
ကြက်တောင်ပံကိုချက်ကြည့်မယ်နော်၊
စုဘူးရဲ့ လက်ရာလေးက စားချင်စရာလေး...
အရသာရှိမဲ့ပုံဘဲ... စမ်းချက်ကြည့်ဘို့ ဘဲတောင်ပံ ဘယ်မှာ ရနိုင်မလဲ စုံစမ်းရဦးမယ်....
Post a Comment