မြန်ဆန်ပြီး စားလို့ကောင်းတဲ့ ဟင်းလေးပါ။
အကောင်ကြီးရင် အခွံချွတ်ရတာလည်း မြန်တယ်လေ။
ပုစွန်ကို အခွံ မချွတ်ခင် ရေဆေးလိုက်ပြီးမှ အခွံချွတ်ပြီး
နောက်ကျောက အစာဟောင်းလမ်းကြောင်းလေးကို ထုတ်ပါတယ်။
ဆား၊နနွင်းလေးသင့်ရုံနယ်ပြီးနှပ်ထားပါ။
ကြက်သွန်နီကို ဆီနိုင်နိုင်နဲ့ဆီသတ်ပါတယ်။
ကြက်သွန်ဖြူထောင်းထားတာလေးထည့်ပြီးအနံ့မွှေးလာရင်
ဆားအနည်းငယ်နဲ့အရောင်တင်မှုန့်ထည့်ပါ။
ခဏနေတော့ ပုစွန်ထည့်လိုက်ပါ။
'ပုစွန်ကွေး' ဆိုတဲ့အတိုင်း ခဏလေးနဲ့ ကျက်ပါတယ်နော်။
ကျွန်မတို့အိမ်မှာတော့ ပုစွန်ထုပ်ဆီပြန်ချက်ရင်
ရှောက်သီးသုပ်၊ ကြာဇံဟင်းခါးနဲ့ ဟင်းစပ်ပါတယ် :-)။
သုံးဆောင်ကြည့်ပါနော်။
Online Persona
2 weeks ago
7 comments:
စားချင်စရာ ။ My favourite!!!
စုဗူးလေးရေ
ပုစွန်ဆီပြန်ရော၊ ရှောက်သီးသုပ်ရော၊ ကြာဆံဟင်းခါးရော စားမယ်နော်။ ရှောက်သီးသုပ်ကို ပိုလွမ်းတယ်။ တစ်ပွဲပို့ပေးပါနော်။
စုဗူးရေ...
ပုဇွန်ဆီပြန်က ချက်ရတာလည်းမြန်ပြီး
စားလို့ လည်းကောင်းလို့ ကြိုက်တယ်...
အေးဟယ်...စားချင်စရာလေးနော်..စုစုဗူးဗူးရယ်
မတည့်လို့ ပုစွန်အဲောလက်အကောင်ကြီးတာတောင်
မစားရတာကြာပြီ။ တစ်ကောင်လောက်စားရင်
ရမှာပါ။ ချက်စားအုံးမယ်။
း)
ရှောက်သီးသုပ် ငရုပ်သီးစပ်စပ်နဲ့ တပွဲပေးပါ...
းဝ)
မင်္ဂလာပါ..
ပုဇွန်ဆီပြန်ကတော့ စားလို့လဲကောင်း၊ ချက်ရတာလဲ မြန်ပါ့နော်။ ခဏခဏ ချက်စားဖြစ်ပါတယ်။
ကျွန်တော်ကတော့ ပုဇွန်ဆီပြန် နဲ့ အညာပဲလှော် ရယ်.. ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်းလေးရယ်..တွဲဖက်သုံးဆောင်တယ်.. :) :)..
ခင်မင်စွာဖြင့်
ကိုမျိုး
ရှောက်သီးသုပ်ပဲ စားချင်တယ်။ မမရေ..။
Post a Comment