ဒီနေ့ တပို့တွဲလပြည့်နေ့ဖြစ်ပါတယ်ရှင်။ ကျွန်မလည်း သတိမထားမိဘဲ မမရှင်းလေး ရဲ့ post ကို သွားဖတ်မှ သတိရသွားတာကြောင့် ဈေးမြန်မြန်သွားပြီး ထမင်းနဲထိုးဖြစ်ပါတယ်ရှင်။ အရုဏ်ဆွမ်းတော့ မမီတော့ဘူးပေါ့။ လပြည့်နေ့မှာ ထမင်းနဲအမီ ကပ်လိုက်နိုင်တဲ့အတွက် မမရှင်းလေးကို ကျေးဇူးပါနော် :) ။ ကျွန်မရဲ့ ထမင်းနဲချက်နည်းကို ဒီမှာ ရေးဖူးပါတယ်။ မင်္ဂလာပါရှင်။
Online Persona
2 weeks ago
3 comments:
စုဗူးရေ...
လပြည့်နေ့ ကို ထမနဲ မထိုးနိုင်လိုက်လို့ 
သစ်သီးဆွမ်းဘဲကပ်လိုက်ရတယ်...
စုဗူးထိုးတဲ့ ထမနဲက စားကောင်းမှာ သေချာတယ်...
အချိန်မီ ကပ်လိုက်ရတာ ၀မ်းသာပါတယ်။
သာဓု၊သာဓု၊သာဓု
မနက်ဖြန်လုပ်မယ် မမရေ..
လုပ်ပြီးဓာတ်ပုံတင်မယ် ဟိဟိ..
မမရဲ့နည်းလေး ကြည့်သွားတယ်နော်..
ကျေးဇူး..
Post a Comment