ထမင်းစားမြိန်စေတဲ့ ဟင်းရံလေးတစ်မယ်ပါ။
သရက်သီးလေးကို ထိပ်တိပြီး နာရီဝက် ၊ တစ်နာရီ ခန့်ရေစိမ်ထားပါ။
အခွံနွှာပြီး အမြောင်းလေးတွေစိပ်ပြီး ထောင်းရလွယ်ကူစေရန် ခပ်သေးသေးလေးတွေလှီးပါ။
ငရုတ်ဆုံထဲမှာ ခပ်သေးသေးလှီးထားသော သရက်သီးလေးများကို ထည့်ပြီး ထောင်းပါ။
ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူ ကိုလှော်ပြီး ထောင်းပါ။
မြေပဲဆံထောင်း၊ ငါးပိကင် ၊ပုစွန်ခြောက် ရောထည့်ထောင်းပါ။
အရသာအတွက် ဆားလေး ၊ ကြက်သားမှုန့် လေး ဖြည့်စွက်ပြီး
ဆီစိမ်း(သို့) ဆီချက် ကြိုက်နှစ်သက်ရာ ဆမ်းပါ။
အစပ်ကြိုက်လျှင် အရောင်လည်းလှစေရန် ငရုတ်သီးမှုန့် ထည့်နယ်နိုင်ပါတယ်ရှင်။
အပေါ်က နံနံပင်နဲ့ ကြက်သွန်နီကြော်လေး ဖြူးထားတာပါ။
သုံးဆောင်ကြည့်ပါနော်။
My Life Bucketlist!
1 month ago






7 comments:
ကောင်းမဲ့ပုံ ချဉ်စပ် သွားတွေ့ျကျိန်း ဂလု.
စုဘူးရေ့ 
အရမ်းကို ထမင်းမြိန်မှာ သေချာတယ်။ အရမ်းကြိုက်တာ။ မမကွမ်နောက်ကနေ ကပ်ပြီး လိုက်စားနေတာ နှစ်အိမ်ရှိပြီ။ ဟိဟိ
ရှူးရှူး ရှဲရှဲ နဲ့ စားမြိန်မှာပဲနော်.
ကြိုက်ပါတယ် ... သရက်သီးထောင်း ... စားချင်စဖွယ်လေး ...အိမ်မှာခဏခဏ ထောင်းစားတယ်။ ၀က်သားနီချက်တို့ ဘာတို့နဲ့ဆို သိပ်လိုက်။
အိမ်မှာတော့ မွှေးအောင် ပဲဆီစိမ်းလေးဆမ်း၊ ကြက်သွန်နီလေးတွေ အစိမ်းလှီးထည့်တယ်။
သရက်သီးမထောင်းတတ်ဘူး..အရည်တွေစင်လို့
စားရတာတော့ သိပ်မချဉ်ရင် ကြိုက်တယ်
အရမ်းကောင်းမှာသေချာတယ်
အရမ်းကြိုက်တာ မမရေ..
အသံကြားးတာနဲ့ သွားရည်တွေမြိုချရတာ အမောပါပဲ..။
Post a Comment