

အာပူလျှာပူ လုပ်စားဖို့ ငါးရွှေကို ဆား၊ ငံပြာရည် နယ်ပြီး ငါးပိအနည်းငယ်ထည့်ပြီး ပြုတ်ပါတယ်။
ပြုတ်ရည်ထဲကို ပဒဲကော လက်တစ်ဆစ်လောက် ထောင်းထည့်ပါတယ်။ ကြက်သွန်ဖြူလေးကို မညက်တညက်လေး ထောင်းထည့်ပါတယ်။ ငါးပြုတ်ရပြီိဆို ငါးကို အအေးခံပြီး အသားထွင်ပါတယ်။
တစ်ဝက်ကို ငါးပြုတ်ရည်ထဲကို ပြန်ထည့်ပြီး တစ်ဝက်ကို အသုတ်သုတ်ဖို့အတွက် ဒယ်အိုးထဲမှာ ဆီနည်းနည်းထည့်ပြီး ခြောက်အောင်လှော်ထားပါတယ်။
ဟင်းရည်ပွက်ရင် အပေါ့အငန်လေး ဖြည့်စွက်ကာ ငရုတ်ကောင်း နိုင်နိုင်ခပ်ပါတယ်။
ငရုတ်သီးစိမ်းတောင့်ကိုလည်း ဟင်းရည်အိုးထဲထည့်ပြုတ်ပါတယ်။
ပြီးမှ ဆယ်ယူ ညက်အောင်ထောင်းပြီး ရေနွေးလေးထည့်ပြီး ငရုတ်သီးရည်လုပ်ထားပါတယ်။
ငါးပိ မီးကင်ပြီး ထောင်းထားပါသေးတယ်။
မန်ကျီးသီးမှည့်ကို လည်း ရေနွေးနွေးလေးနဲ့စိမ်ပြီး အနှစ်ယူထားပါတယ်။
နံနံပင်၊ ပဲသီး ပါးပါးလှီးထားပါတယ်။
ပန်းကန်ထဲကို မုန့်ဖတ်လေးထည့်၊ ဟင်းရည်လေး ထည့်ပြီး ချဉ်ငန်စပ်လေး စားလို့ရပါပြီနော်။
အသုတ် ကိုလည်း ဆီလုံးဝမပါဘဲ ငါးလှော်၊ ကြက်သွန်နီ ပါးပါးလှီး၊ မန်ကျီးရည်၊ ငံပြာရည်၊ ငါးပိထောင်း၊ ငရုတ်သီးရည်တို့နှင့် သုတ်ပါတယ်။
ငါးဖယ်ကြော်၊ ပဲကပ်ကြော် စသည်ဖြင့် တွဲဖက်စားသုံးနိုင်ပါတယ်။
ကျွန်မကတော့ နေပူမိုးရွာ အမြဲစားတဲ့ အစားအစာလေးပါ။
You and Everything Else - Kdrama review
1 week ago






2 comments:
ကြိုက်တယ်။ ရန်ကုန်မှာ နေ့ လည်ဆိုစားဖြစ်တယ်။ အခုတော့ အရည် အတွက်အထုတ်ဝယ်လာတယ်။
မဆိုးပါဘူး။
အရမ်းကြိုက်တယ်...ချက်မစားဖြစ်တာကြာပြီ...
Post a Comment