ခရမ်းသီးမီးဖုတ်သုတ်


ခရမ်းသီးမီးဖုတ်သုတ် လုပ်ဖို့ အတွက်လိုအပ်သောပစ္စည်းများကတော့
ခရမ်းသီး (၁)လုံး (ထောပတ်ခရမ်းသီး)လို့ လည်းခေါ်ကြပါတယ်။
မြေပဲဆံထောင်း။
နံနံပင်။
ကြက်သွန်မြိတ်။
ဆား။
ငံပြာရည်။
ဟင်းခတ်မှုန့် ။
ဆီချက် တို့ ဖြစ်ပါတယ်။
ကြက်သွန်နီ ကိုလည်း ပါးပါးလှီးထားပေးပါ။

ပထမဦးစွာ ခရမ်းသီးမီးဖုတ်ထားပါ။ gas မီးဖိုပေါ်တင်ပြီးကင်လည်း ရပါတယ်။ အရည်
တော့ နည်းနည်းကျပြီး ညစ်ပတ်မှာပေါ့။ ခရမ်းသီးရပြီဆိုရင် ဓါးနဲ့ ခွဲပြီး ဇလုံထဲထည့် ပြီး အအေးခံထားပေးပါ။ အဲဒါဆိုရင် ခရမ်းသီးထဲက အစပ်ရည်တွေထွက်သွားပါလိမ့်မယ်။
ပြီးရင် ခရမ်းသီးအသားကို ဇွန်းနှင့်ခြစ်ယူပြီး ကြက်သွန်နီ၊ မြေပဲဆံထောင်း၊ နံနံပင်၊ ကြက်သွန်မြိတ်၊
ဆား၊ငံပြာရည်၊ ဟင်းခတ်မှုန့် ၊ ဆီချက် တို့ နှင့် သုတ်စားနိုင်ပါတယ်။
ထမင်းမြိန်စေတဲ့ဟင်းကောင်းတစ်မျိုးဖြစ်ပါတယ်။
ခရမ်းသီးမီးဖုတ်ထားတာကို ကြက်ဥနဲ့ ရောပြီး ကြော်စားရင်လည်း စိမ့်စိမ့်လေး
စားလို့ ကောင်းပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

3 comments:

စန္ဒကူး said...

ကြိုက်တယ်။ ခရမ်းသီးဖုတ်သုတ်ကိုအကြိုက်ဆုံးဘဲ။
ပြောရင်းနဲ့တောင်စားချင်လာပီ..

ဇနိ said...

ကျနော်လည်း ခရမ်းသီးဖုတ်သုတ်ကြိုက်တယ်
ဝက်သားနဲ့ ခရမ်းသီးချက်လည်း ကြိုက်တာပဲ..
း)

မိုးတိမ်ညို said...

အိုင်လည်းကြိုက်တယ် လာစားမယ်

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online