မာလာဟင်း အနှစ်ကို မေးမြန်းကြသူများအတွက် မာလာဟင်းအနှစ်ထုတ်ပုံကို တင်လိုက်ပါတယ်။
အထုတ်အရောင်က အနီရောင်ပါ။ ဓါတ်ပုံထဲက အတိုင်းပါ။ ရှေ့ကအရုပ်ပုံ လေးက
ကြက်ပုံ၊ငါးပုံ နဲ့ ဓါတ်ပုံထဲကလို ပုံလေးရယ် ဈေးကွက်ထဲမှာ (၃) မျိုးတွေ့ ဖူးပါတယ်။
အားလုံးအရသာမကွာပါဘူး။ မာလာဟင်းအတွက် သုံးလို့ ရပါတယ်။
ကျွန်မ ကိုယ်တိုင် (၃)မျိုးလုံးသုံးဖူးပါတယ်။ singapore မှာဆိုရင်တော့ pennisular မှာ
ငါးပုံတံဆိပ်လေးနဲ့ ဝယ်လို့ ရပါတယ်။ ရေးထားတာတွေကတော့ englishလို
မဟုတ်လို့ မဖတ်တတ်ပါဘူး။ ဘယ်လို သုံးရမယ်ဆိုတာပဲ english လိုရေးထားပါတယ်။
မြန်မာနိုင်ငံမှာ အိမ်တွေကနေ တပိုင်တနိုင်ချက်ရောင်းတဲ့ အနှစ်ထုတ်တွေမှာ တော့
မာလာဟင်းအနှစ်ကို (spicy vegetable paste) လို့ ရေးတာ မြင်ဖူးပါတယ်။ ဒီလောက်ဆိုရင် မာလာဟင်းအနှစ်ထုတ်ကို မေးကြတဲ့မိတ်ဆွေ အားလုံး
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင်။
You and Everything Else - Kdrama review
1 week ago






1 comments:
ကျေးဇူးအများကြီးတင်ပါတယ် စုဘူးရေ..
စမ်းပြီး ၀ယ်ကြည့်ဦးမယ်။ လုပ်ဖြစ်ရင် ပြောမယ်နော်..
အိမ်ပြန်လည်မယ်ဆိုတော့ အားကျတယ်.
တို့တော့ ပြန်နိုင်သေးဘူး.
စားစရာတွေ များများစားခဲ့
Post a Comment