မြင်းခွာရွက်သုတ်




မြင်းခွာရွက်ကို ရေစင်စင်ဆေးပြီး ရိတ်ရိတ်လေးတွေလှီးထားပေးပါ။

အရွက်နဲ့ ကပ်လျှက် အရိုးလေးတွေကိုလည်း ထည့်လှီးပါတယ်။

သုတ်လို့ မကောင်းမဲ့ အရိုးပိုင်းအချို့ ကိုတော့ လွှင့်ပစ်လိုက်ပါတယ်။

မြေပဲဆန်လက်တစ်ဆုပ်စာလောက် နဲ့ ပုစွန်ခြောက်အနည်းငယ်ထောင်းထားပါတယ်။

ကြက်သွန်နီအရွယ်အနေတော်တစ်လုံးကို ပါးပါးလှီးပြီး ရေခဏစိမ်ထားပေးပါ။

ခရမ်းချဉ်သီးခပ်မာမာတစ်လုံးကို ပါးပါးလှီးပါ။

ငရုတ်သီးစိမ်းပါးပါးလှီးပေးပါ။ သံပုရာသီးလေးတစ်စိတ် စိတ်ထားပေးပါ။

ကြက်သွန်ဖြူဆီချက်ချက်ပေးပါ။ ကြက်သွန်နီရေစင်အောင်ညှစ်ပြီး

နယ်မဲ့ ဇလုံထဲထည့်ပါ။

မြင်းခွာရွက်၊ ခရမ်းချဉ်သီး၊မြေပဲဆံမှုန့် ၊ပုစွန်ခြောက်မှုန့် ၊

ငရုတ်သီးစိမ်း၊ဆားအနည်းငယ်၊ငံပြာရည်အနည်းငယ်၊ ကြက်သားမှုန့် 

တို့ နဲ့  သံပုရာသီးစိတ်လေးညှစ်ထည့်ပြီး ဆီချက်ဆမ်းပြီး သုတ်ပေးပါ။

ငရုတ်သီးမှုန့် ထည့်သုတ်လည်းကောင်းပါတယ်။

မြင်းခွာရွက်က ဆေးဖက်ဝင်တယ်လို့ ပြောကြပါတယ်။

မြင်းခွာရွက်သုတ်ကို side dish အဖြစ်သာမက နေ့ လည်အစာပြေ စားစရာ

အသုတ်တစ်မျိုးအနေနဲ့ ပါ စားလို့ အဆင်ပြေပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

5 comments:

ဇနိ said...

မြင်းခွာရွက် အချိဝူး။ စားချင်တယ်။
မဇနိ

subuueain said...

မြင်းခွာရွက်ပို့ ပေးရမလား မမနိ :)
ဒီမှာ စားသွားပါနော်။

စန္ဒကူး said...

စုဘူး..မြင်းခွာရွက်သုပ်ဆိုအရမ်းကြိုက်..
ဒီမှာလဲရှိဝူး..ရောင်းလဲရောင်းဘူး
ခြံထဲကမြက်ခင်းမှာတော့တွေ့တယ်.. ကွက်ကြားကွက်ကြား.. နဲနဲကြီးဖို့စောင့်ရင်း..မြက်ရိတ်စက်စာမိမိသွားလို့ သုပ်စားဖို့အကြံလက်လျော့ရအခါခါ

nu-san said...

အမလည်း မဇနိပြောသလိုပဲ ပြောတော့မယ်.. မြင်းခွာရွက် မရှိဘူး ညီမလေးရေ... မမြင်ရတာတောင် အတော်ကြာလှပေါ့.. :)

subuueain said...

ကူးကူး နဲ့ မမနုစံ>> မြင်းခွာရွက်မရှိရင် ဒီမှာပဲ စားသွားပါနော် :)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online