ဒီနေ့ shop and save ကနေ ငါးအိုးကပ်ချက်လို့ရမယ့် ငါးမျိုးလေးတွေ့လို့ တစ်ဘူးဝယ်လာခဲ့ပါတယ်။
ငါးကို ခေါင်းဖြတ်ပြီး အညစ်အကြေးတွေ ထုတ်ပြီး ရေစင်အောင် ဆေးပါ။
(ကျွန်မ ဝယ်လာတဲ့ငါးလေးတွေက ခေါင်းမဖြတ်လည်းရတာမို့ မဖြတ်ထားပါဘူး)။
ဆား၊ နနွင်းမှုန့် တို့ဖြင့် နယ်ထားပါ။
ကြက်သွန်နီ ကို နနွင်းမှုန့်လေးထည့် ဆီသတ်ပြီး ကြက်သွန်နီနွမ်းရင် ဂျင်း ကြက်သွန်ဖြူထောင်းထားတာ ထည့်ပါမယ်။ ခရမ်းချဉ်သီး ပါးပါးလှီးထားတာပါထည့်ပါ။ အရောင်တင်၊ ဆား၊ ကြက်သားမှုန့်ထည့်ပါ။
ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးလေးတွေ လိပ်နေပြီး အနှစ်ရပြီ ဆိုရင် ငါးထည့်ပါ။
ငါးကျက်ရုံလောက် ရေနည်းနည်းထည့်ပြီး ရေးခမ်း ခါနီး ဆိုရင် နံနံပင် ငရုတ်သီး အုပ်လိုက်ပါတယ်။ ရေခမ်းပြီး ဆီပြန်တာနဲ့ နံနံပင်နွမ်းတာနဲ့ အချိန်ကိုက်ပါ ပဲ။ ငါးကို ကြေမှာ စိုးလို့ အထက်အောက် မလှန်ပါဘူး။
ဒါဆိုရင် ငါးအိုးကပ်ရပြီနော်။ ချဉ်ပေါင်ချည်ရည် ဟင်းလေးနဲ့ လိုက်ဖက်ပါတယ်။
(မြန်မာ ငါးအိုးကပ်နဲ့ စာရင်တော့ဒီငါးက အကောင်နဲနဲကြီးနေပါတယ်)
Online Persona
2 weeks ago
11 comments:
ငါးကလေးအိုးကပ်မဟုတ်ပေမယ့် ငါးက ငါးပုဏ္ဏားနဲ့ တူတယ်နော်။
ဒါပေမယ့် ငါးဟင်းလေးကြည့်ရတာ စားချင်စရာလေးမို့လို့ စားသွားတယ်နော်
ဟုတ်တယ် မမလုရေ။ တွေ့ တဲ့ငါးတွေထဲမှာ အကောင်လိုက်လေးသေးတာမို့ ဝယ်လာတာ။ဘာငါးမှန်းမသိပါဘူး။ :P အလွမ်း
ပြေ ရှိတာပဲစားနေရတယ် :D
အမလည်း အဲဒီလို ငါးလေးအိုးကပ်မျိုး အရမ်းကြိုက်တယ်.. ဒီမှာက ပင်လယ်ငါးတွေ များတော့ ရေချိုငါး သေးသေးလေးတွေတွေ့ရင် အဲဒီလိုမျိုး ချက်စားဖြစ်တယ်..
ညီမလေးချက်ထားတဲ့ ငါးဟင်းအနှစ်ကို ထမင်းနဲ့ နယ်ပြီး တို့စရာနဲ့ အတူစားရရင် စားကောင်းမှာနော်.. :D
စားချင်စရာလေးပါ။ ဘာငါးဖြစ်ဖြစ် ဒီလိုချက်တာလေး စားချင်တယ်။ ကိုယ်တိုင်တော့ မချက်ဖြစ်ဘူး။ ဒီကပဲကြည့်သွားတော့မယ်။
မဇနိ
မတ်လလယ်တွင် ကျောင်းတစ်ပတ်ပိတ်ပါ သောကြောင့် post များကို typing အငှားရိုက်ပေနိုင်သည်ဖြစ်ကြောင်း...။
:)
အတော်ပဲ ညနေစာဟင်းတော့ ရသွားပြီ စုဘူးရေ။
အမ nu-san>>စားသွားပါနော်မမ :)
မဇနိ>>စားချင်ရင်ယူသွားလို့ ရပါတယ်မမန
ိရဲ့ :)
MaThuHninsee>>ဒီ post က အငှားရိုက်ထားတာမမ ရဲ့။ ညီမလည်းစာမေးပွဲနီးနေတော့ သူ့ ကို လက်ရေးနဲ့ရေးပေးပြီး အငှားရိုက်ရတာ။ typing ရိုက်တာကြာတော့ post တစ်ခုဆို တော်တော်ကြာတယ်။ :D
မမိုးကောင်းသူ>>ယူသွားနော် အားမနာနဲ့ မမ :)
ငါးစင်ရိုင်း အိုးကပ်လေး လွမ်းသွားပြီ။ စနေ တနင်္ဂနွေ အစာရှာ ထွက်လိုက်ဦးမယ်း)
Ma Nu-Thwe>>မမကို ငါးအိုးကပ်လွမ်းအောင်လုပ်မိပြီနဲ့ တူတယ်။ :)
တစ်နေ့ က အိမ်မှာလည်း ငါးအိုးကပ်စားရတယ်။ အဲ..အိုးကပ်တော့ မဟုတ်ပါဘူး။ မီးဖိုပေါ်မှာ တင်ထားတာ မေ့သွားလို့  အိုးမှာကပ်သွားတဲ့ ဟင်းဗျ...
ဒီနေ့တော့ ငါးအိုးကပ် အလှည့်ကျလို့ လာစားသွားတာ .... ကောင်းမှ ကောင်း ( မာမီးခေါက်ဆွဲ မဟုတ် ) ငါးအိုးကပ် :D
Post a Comment