မုန်လာဥနဲ့ငါးနဲ့ကို နယ်စားလေးချက်ထားတာပါ။
ဟင်းချိုသက်သက်တော့မဟုတ်ပါဘူး။ ရည်လည်ဆီလည်လေးပါ။
မုန်လာဥကို အခွံနွှာပြီး မိမိနှစ်သက်သလိုလှီးထားပါ။ရေဆေးပြီး စစ်ထားပါ။
ငါးအသားကို ရေဆေးပြီး သင့်တော်ရုံတုံးထားသော အတုံးလေးတွေကို ဆား၊နနွင်းနယ်ပြီး နှပ်ထားပါ။
ကြက်သွန်နီ ဆီနိုင်နိုင်သတ်ပြီး အနံ့မွှေးလာလျှင် ဂျင်းနဲ့ကြက်သွန်ဖြူထောင်းထားတာလေးကို များများလေးထည့်ပြီး မွှေပါ။ ဂျင်း၊ကြက်သွန်ဖြူနံ့ မွှေးလာလျှင်ဆား၊နနွင်း အရောင်တင်နှင့် ငါးထည့်ပါ။
ငါးကိုသူ့ရေလေးနှင့်သူ အရင်လုံးပြီးမှ ငါးပိလေးအနည်းငယ်ရေဖျော်ထည့်ပါ။ နောက်မုန်လာဥထည့် ရေနည်းနည်းချင်းထည့်ပြီးတည်ပါ။ ကြက်သားမှုန့်နှင့် ငံပြာရည်ကို အပေါ့အငန်အတွက်သုံးထားပါတယ်။
မုန်လာဥနူးခါနီးမှ ခရမ်းချဉ်သီးကို လေးစိတ်စိပ် (သို့) အကွင်းလေးတွေလှီးပြီးထည့်ပါ။ အချဉ်အရသာကြိုက်လျှင် ရှောက်သီးညှစ် (သို့) မန်ကျီးနှစ်ရေနွေးလေးဖျော်ပြီးထည့်နိုင်ပါတယ်ရှင်။
ဟင်းအိုးချခါနီးမှ နံနံပင်လေး အုပ်လိုက်ပါတယ်။
ကျွန်မဖေဖေရဲ့  favorite dish လေးပါ။
ငါးပိထောင်းလေးနဲ့ တွဲဖက်သုံးဆောင်ပါတယ်ရှင်။ :)
You and Everything Else - Kdrama review
1 week ago






9 comments:
တို့နဲ့ ဟင်းတူပါတယ်ကွယ်
တို့လည်း ဒီနေ့ မုန်လာဥနဲ့ ငါးကို ချဉ်ရည်ဟင်းချက်ပါတယ်
ငါးနီတူခြောက်ကြော်လေးနဲ့
ပဲပြားပဲဆီပေါင်းလေးနဲ့ပါကွယ်
တို့စရာက ဆတ်လတ်ရွက်နဲ့ မုန်လာဥနီပါကွယ်
လုလု
ဟင်းကောင်းတွေစားနေလိုက်ကြတာ။ နဲနဲ ကျွေးပါ။
အဲဒီလိုချက်လို့ရတဲ့ မုန်လာဥ ၀ယ်လို့ မရဘူးရယ်။ မုန်လာဥတွေက အကြီးကြီး၊ နောက်ပြီး အပေါ်မှာ အရွက်လည်း မပါဘူး။
စုဘူးရေ..မုန်လာဥနဲ့ငါး...ကူးလဲကြိုက်တယ်..း)
စုဘူးရေ...
မုန်လာဥဟင်းကြိုက်တယ်...
ငါးပိထောင်းလေးနဲ့ လိုက်တယ်နော်...
ဟင်းကိုအဲလိုလေးချက်စားရတာ ဆီနဲနဲ အရည်ကျဲကျဲ အရမ်းကြိုက်တယ်
စားကောင်းမယ့်ပုံဘဲနော်။ ကျွန်မက ဘာချက်ချက် နည်းနည်းတော့ အဆင်ပြေတယ်။
ဒါပေမယ့်
အချဥဟင်းဆို များများ အဆင်မပြေဘူး။
း(
များသောအားဖြင့် လုံးဝ အရသာမရှိဘူး။
ခုတော့ အများကြီးစားသွားတယ်နော်
စုဘူးရေ...ကိုယ့်အကြိုက်ဟင်းတွေ့လို့ လာငမ်းသွား တယ်နော်...တို့လည်း ကြက်သား နဲ့ မုန်လာဥ ရေလည် ဆီလည်လေး ချက်စားလေ့ရှိတယ်...စားသွားပြီနော်...:))
Post a Comment