ကြက်အမြစ် (သို့) ဘဲအမြစ်ကို ရေဖြင့် စင်စင်ဆေးပါ။
အတုံးသေးသေးတုံးပြီး ဆား၊နနွင်း၊ ငံပြာရည်နယ်ပြီး ခဏထားပါ။
ကြက်သွန်ဖြူများများကို မညက်တညက်လေးထောင်းပြီး ဆီသတ်ပါ။
အရသာနယ်ထားသောအမြစ်များထည့်ပြီး ရေနည်းနည်းချင်းထည့်ပြီး နူးအောင်ထည်ပါ။
အမြစ်နူးခါနီးမှ ကြက်ဥတစ်လုံးခေါက်ထည့်ပြီးမွှေပါ။
ကြက်သားမှုန့်လေးထည့် အပေါ့အငံမြည်းပြီး ဟင်းအိုးချကာနီးမှ ငရုတ်သီးစိမ်း အပွတောင့် ထက်ခြမ်းခွဲလေးအုပ်လိုက်ပါ။ ဆီပြန်ဟင်းမစားချင်တဲ့နေ့တွေမှာ ထမင်းမြိန်ဆေးလေးပါနော်။
Online Persona
2 weeks ago
9 comments:
ဟေးးး
တို့ ပထမဟေ့။ ကြက်မြစ်ကို အရမ်းကြိုက်တာ၊ ဘယ်လိုချက်ချက်ကြိုက်တယ်၊ အခုစုဗူးချက်တဲ့ စတိုင်လ်လေးကတော့ အဆန်းလေးနော်။ စားသွားတယ်နော်။
ချစ်ခင်စွာဖြင့်
လုလု
မမလု ပထမဦးသွားတယ်..
ကူးလဲကြိုက်တယ်လေ..
ဒီလိုမျိုးတော့မစားဖူးသေးဘူး...
စုစုဗူးဗူးရေ.. ငါးသလောက်တစ်အိုးနဲ့ ထားခဲ့တာ အခုမှပြန်ပေါ်လာတော့တယ်။ မျှော်နေတာ။
စုဘူးအိမ် ရေ
ကြက်မြစ် ဟင်းဆန်းလေး အတွက် ကျေးဇူးပါနော် ကျနော် က အသဲ လုံးဝမကြိုက် အမြစ်ဘဲကြိုက်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အမြစ်ပဲလား.. အသည်းကော မပါဘူးလား... အသည်းကို ပိုကြိုက်တာ.. :)
အမြစ်ကြိုက်တယ်...အသဲမကြိုက်ဘူး....ကြက်ဥလေးနဲ့ စုဘူးလို ကြော်စားကြည့်ဦးမယ်
ဝါး ကြော်စားကြည့်အုံးမယ်..မမရေ..
စားချင်စရာကြီးနော်..။
အရမ်းကြိုက်တယ်ဗျို့
မင်္ဂလာပါ...
ကြက်မြစ်ကြော် ကတော့ အကြိုက်ပေါ့ဗျာ...
ခဏခဏလဲ စားဖြစ်တယ်.. ကျေးဇူး..
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
Post a Comment