ဝက်သားတုတ်ထိုးစားချင်တဲ့ အာသီသ ရှိနေတာကြာပြီ။
ခုတစ်လော အစားအသောက်အကြောင်းပဲ စဉ်းစားနေမိတယ်။
အချိန်တိုင်း ဒီအကြောင်းပဲ စဉ်းစားနေမိတာ ကိုယ့်ကိုကိုယ်တောင် ရှက်လာပြီ။
ဒါနဲ့ ကျောင်းအားတဲ့တစ်ရက်တော့ ဝက်သားတုတ်ထိုးလုပ်စားမယ်လို့ တေးထားတယ်။
ဝက်သားတုတ်ထိုးက မန္တလေးမှာ စားရတာနဲ့ ရန်ကုန်မှာ စားရတာ မတူလှဘူး။
မန္တလေးက အဓိက အသားကို ပြုတ်ထားတာဆိုတော့ အသားက ပျော့တယ်။
တုတ်နဲ့ ထိုးထားတာတင် မဟုတ်ပဲ ပွဲနဲ့ လဲစားလို့ ရတယ်။
ပွဲနဲ့ ကြတော့ အသားပြုတ်တဲ့အရည်ရောပြီး ကြက်သွန်ဖြူ၊ငရုတ်သီး ကို ပါးပါးလှီးထည့်၊
ငရုတ်သီးဆော့ရယ် သံပုရာသီးညှစ်ပြီး စားကြတယ်။
တုတ်နဲ့ ထိုးထားတာကြတော့ မန္တလေးမှာ အကင်လို့ ခေါ်တယ်။
အကင်နဲ့ ပွဲနှင့်ပေါ့။
ပြီးတော့ အသား၊အူနဲ့ အဆုတ်ကို မီးအေးအေးလေးနဲ့ ကြွတ်နေအောင်
ကြော်ထားတဲ့ အကြွတ်ကြော်ဆိုတာ ရှိသေးတယ်။
အဲဒါနဲ့ ကြတော့ ဝက်ပြုတ်ရေကို သံပုရာသီးညှစ်ပြီးသောက်ပေါ့။
ရန်ကုန်မှာ တုတ်ထိုးစားတော့ ပွဲနှင့်မှ မစားရတာ။ငယ်ငယ်တုန်းက ရန်ကုန်မှာ
တုတ်ထိုးစစားဖူးတာ လှည်းတန်းဈေးနားမှာ ။ကလေးတုန်းက တုတ်လေးနဲ့ ထိုးပြီးစားရတာ အရမ်းသဘောကျတာပဲ။ ရန်ကုန်မှာကျ အသားကို နည်းနည်းပြန်ကြော်တယ်နဲ့ တူတယ်။
မာတဲ့အရသာရှိတယ်။ မန္တလေးမှာလည်း အသားကို ပြန်ကြော်တဲ့ဆိုင်တွေရှိတယ်။
အသားညှီနံ့ အရမ်းပြင်းတဲ့ဒေသရင်တော့ ပြန်ကြော်မှကောင်းမယ်ထင်တယ်။
ဘာပဲပြောပြောကျွန်မကတော့ ပြုတ်တဲ့အရသာကိုကြိုက်ပါတယ်။
မိမိနှစ်သက်ရာ ဝက်သားကလီစာများကို ရွေးဝယ်ထားပါ။
ကျွန်မကတော့ ဝက်အသည်း၊နှလုံး၊လျှာ တစ်ဘူးစီဝယ်လိုက်ပါတယ်။
ရေသေချာဆေးပြီး ချင်းထောင်းရေနဲ့ နယ်ပေးပါတယ်။
နောက် ဆား၊သကြားအနည်းငယ်၊ပဲငံပြာရည်အနောက်၊ငံပြာရည်၊တရုတ်မဆလာ၊ကြက်သွန်ဖြူထောင်း
တို့ ဖြင့်နယ်ပေးပါတယ်။ ထို့ နောက် အသားများကို ပြုတ်ပေးပါ။
ပေါင်းအိုးနဲ့ ပေါင်းပေးရင် အရသာပိုကောင်းပါတယ်။
အသားပြုတ်အိုးထဲကို ဂျင်းအချောင်းလေးတွေလှီးပြီး ထည့်ပေးပါတယ်။
နာနတ်ပွင့်အလွယ်တကူရမယ်ဆိုရင် ထည့်ပြုတ်ပေးပါ။
ကျွန်မကတော့ကြက်သွန်မြိတ်လေးထည့်ပြုတ်ပါတယ်။
အသားနူးပြီဆိုရင် မိမိစိတ်ကြိုက်ပြင်ဆင်စားသုံးနိုင်ပါပြီ။
အချဉ်အတွက်ကတော့ ငရုတ်ဆော့ကို
ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းလှီးထည့် သံပုရာရည်ညှစ်ပြီး ပြင်ဆင်ပါ။
အရည်လေးနဲ့ စားမယ်ဆို မိမိနှစ်သက်ရာအပိုင်းကို ပါးပါးလှီး၊
အရည်ဆမ်း၊အချဉ်ထည့် ပြီး စားသုံးပါ။
ထမင်းနဲ့ စားမှာမလို့ ဆိုရင်တော့ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း ၊ကြက်သွန်မြိတ်
ပါးပါးလှီးပါ။ ပဲပင်ပေါက်ရေနွေးဖျောပြီး သခွားသီးနဲ့ မုန်လာဥနီကိုအချောင်းလေးတွေ လှီးပေးပါ။
အသားနဲ့ ရောပြီး ဆီချက်၊ငံပြာရည်တို့ နဲ့ သုတ်စားပါ။
အသားကို ကြော်ပြီးမှစားချင်သူများအတွက် အသားကို ဆီမြုပ်အောင်ထည့်ပြီး ကြော်ပါ။
ပြီးမှ ပြန်ပြီးပေါင်းပေးပါ။
ဒါဆိုရင် အလွမ်းပြေ ဝက်သားတုတ်ထိုးရပါပြီနော်။
ပြုလုပ်ပုံ ကတော့ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
ဝက်သားတုတ်ထိုး
valentine ညစာ
ဝက်သားနှပ် + မရမ်းသီးထောင်း
ဝက်သားနှပ်
ဝက်သားနှပ်ချက်ရန်အတွက် လိုအပ်သော ပစ္စည်းများကတော့
ဝက်သားပေါင်သား၊ ကြက်သွန်နီ အလုံးခပ်သေးသေး (အလုံးလိုက်ထည့်ရန်အတွက်ဖြစ်ပါတယ်)
နှင့် ပါးပါးလှီးထားသောကြက်သွန်နီ၊
ကြက်သွန်ဖြူနှင့်ဂျင်းထောင်း၊ ဆား၊ငံပြာရည်၊
ပဲငံပြာရည်အနောက်၊အရောင်တင်၊ဆီ တို့ ဖြစ်ပါတယ်။
ဝက်သားကို ရေဆေးပြီး အိုးတစ်လုံးထဲတွင်ထည့်၍
ဆား၊ငံပြာရည်၊ ပဲငံပြာရည်
အနောက်တို့ နှင့်ရောနယ်ပေးပါ။
ဆက်ပြီး ကြက်သွန်ဖြူနှင့်ဂျင်းထောင်း
တို့ နှင့်ဆက်နယ်ပေးပါ။
ထို့ နောက် ပါးပါးလှီးထားသောကြက်သွန်နီ၊အရောင်တင်၊
ဆီတို့ ထည့်ပြီး မီးအေးအေးနှင့်နှပ်ပါ။
ရေနည်းနည်းချင်းထည့်၍ ဝက်သားနူးအိသည် အထိ
မီးအေးအေးနှင့်နှပ်ပါ။
ဝက်သား အသားနူး၍ ဆီပြန်ခါနီးလျှင် ကြက်သွန်နီဥ
အလုံးလိုက်လေးများထည့်လိုက်ပါ။
ကြက်သွန်နီဥများနူးနပ်၍ ဝက်သားအိလျှင်စားသုံးနိုင်ပါပြီရှင်။
ဓါတ်ပုံထဲက ကြက်သွန်နီက အဆင်သင့်ဝယ်ပြီးသား အသေးမရှိတာကြောင့်
ဝက်သားနဲ့ အပြိုင် ကြီးနေပါတယ်။
မရမ်းသီးထောင်း
မရမ်းသီးကို ထိပ်တိ၊အစေ့ထုတ်၊ ပါးပါးလှီးပြီးထောင်းပါတယ်။ မရမ်းသီးဖတ်လေးတွေ ညက်ခါနီးရင် ငရုတ်သီး၊ငါးပိကင်၊ ပုစွန်ခြောက်မှုန့် တို့ နဲ့ ရောထောင်းပါတယ်။
မရမ်းသီးသုတ်
မရမ်းသီးကို ထိပ်တိပြီး ထက်ခြမ်းခွဲပြီး အစေ့ထုတ်၍ ပါးပါးလှီးထားပေးပါ။
ငါးပိအနည်းငယ်ကင်ပေးပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ဂေါ်ဖီထုတ် ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူနှင့် ဆီချက်ချက်ပေးပါ။
မြေပဲဆံထောင်းထားပေးပါ။
ထို့ နောက် ပန်းကန်တစ်လုံးထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ဂေါ်ဖီထုတ် ၊
မရမ်းသီး၊မြေပဲဆံမှုန့် ၊ပုစွန်ခြောက်မှုန့် ၊ကင်ထားသောငါးပိ တို့ ထည့်၍ဆီချက်ဆမ်းပြီး သုတ်ပါ။
အပေါ့အငန်ပြင်ဆင်ရန်အတွက် ကြက်သားမှုန့်  နှင့်ငံပြာရည်အနည်းငယ် ထည့်ပေးပါ။
အစပ်ကြိုက်လျှင် ငရုတ်သီးမှုန့် ထပ်ထည့်ပေးပါ။
ချဉ်ချဉ်စပ်စပ်လေးနဲ့  မရမ်းသီးသုတ် ရပါပြီရှင်။
ကြက်သားနှပ်+မရမ်းသီးငါးပိချက်+ဘူးသီးဟင်းခါး
ကြက်သားနှပ်
ပထမဦးစွာ ကြက်သားနှပ်ရန်အတွက် ကြက်သားကို အတုံးကြီးကြီးရအောင် တုံးပေးပါ။
ကြက်သွန်နီ ကို နုတ်နုတ်လေးတွေလှီးပေးပါ။
ြ ကက်သွန်ဖြူ၊ဂျင်း ထောင်းပေးထားပါ။ ပြီးလျှင် ချက်မည့်အိုးထဲသို့ ကြက်သားထည့်ပြီး
ဆား၊ နနွင်းမှုန့် အနည်းငယ် ၊ ငံပြာရည်၊ ပဲငံပြာရည်အနောက်၊အရောင်တင်
တို့ နှင့်အရသာဝင်အောင်နယ်ပေးပါ။ ကြက်သွန်နီ၊
ြ ကက်သွန်ဖြူ၊ဂျင်း ထောင်းထားတာရောထည့်နယ်ပါ။
ကြက်သွန်နီများများထည့်လျှင် အနှစ်ပိုချိုပြီး စားလို့ ကောင်းပါတယ်။
ဆီထည့် ပြီးလုံးချက်ချက်ပါ။
ကြက်သားနူးစေရန် ရေအနည်းငယ်ထပ်ထည့်ပြီး တည်ပေးပါ။
ကြက်သားနူးအိနေပြီး ဆီပြန်လျှင် စားသုံးနိုင်ပါပြီရှင်။
မရမ်းသီးငါးပိချက်
မရမ်းသီးက အမေလူကြုံနဲ့ ထည့်ပေးလိုက်တာပါ။
အိမ်ရောက်တော့ အထုတ်တွေပိပြီး မရမ်းသီးက
အတော်ပျော့ချင်နေပြီ
မို့ တချို့ ကိုမြန်မြန်ထောင်းစားပစ်ရတယ်။
ကျန်တာထဲက သုတ်စားဖို့ နည်းနည်းဖယ်ပြီး မရမ်းသီးငါးပိချက် ချက်စားဖြစ်ပါတယ်။
မရမ်းသီးကို ထိပ်တိပြီး ထက်ခြမ်းခြမ်းကာ အစေ့ထုတ်ပါ။ ပါးပါးလှီးပြီးထောင်းပါ။
ကြက်သွန်နီ ဆီသတ်ပါ။ ကြက်သွန်ဖြူ၊ဂျင်း ရောထောင်းတာထည့်ပြီး ဆီသတ်ပေးပါ။
ခရမ်းချဉ်သီးထည့်ပါ။ ဆား၊ငါးပိ၊အရောင်တင်၊ပုစွန်ခြောက်မှုန့် ၊
ဟင်းခတ်မှုန့် နှင့် အတူ မရမ်းသီးထောင်းထားတာထည့်ပါ။
ရေအနည်းငယ်ထည့်တည်ပြီး ဟင်းအိုးချခါနီးတွင် ငရုတ်သီး
လှီးထားတာလေးတွေ အုပ်လိုက်ပါ။
ဘူးသီးဟင်းခါး
ငါးပိအနည်းငယ်၊ပုစွန်ခြောက်မှုန့် ၊ကြက်သားမှုန့် တို့ကို ရေထည့် ပြီး အိုးတွင်တည်ပေးပါ။
ကြက်သွန်ဖြူ၊ဂျင်း ဓါးပြားရိုက်ထည့်ပါ။ ဟင်းအိုးပွက်လျှင် အပေါ့ အငန်မြည်း၍ ဘူးသီးပါးပါးလှီးတာထည့်၊ငရုတ်ကောင်းမှုန့် ခတ်ပြီး သောက်သုံးနိုင်ပါပြီရှင်
ချစ်သူလက်ရာ ကြက်သားဆန်ပြုတ်
ကျွန်မ တုတ်ကွေးမိနေတာ (၅) ရက်ရှိ ပါပြီ။
decolgen သောက်ပြီး ကိုယ့်ဘာသာဆေးကုနေတာ (၂) ရက်လောက်ရှိပြီ။
နေကောင်းပြီဆိုပြီးရေချိုးလိုက်တာ ပြန်ဖျားလိုက်တာမှ အသည်းအသန်ပါဘဲလား။
ဒီနေ့ မှဆေးခန်းထသွားနိုင်တာ။ပိုက်ဆံလေးကုန်မှလူကလည်း ထူထူထောင်ထောင်ဖြစ်လာတယ်။
Postတွေရေးချင်ပေမဲ့ computer ကြည့်ရင်ကို ခေါင်းတွေမူးနေတယ်။
ကျောင်းတောင်မသွားနိုင်ဘူး။ဒီနေ့ တော့တစ်ခုခုတော့ရေးဦးမှဆိုပြီး
စဉ်းစားမိလို့ ကျွန်မနေ့ စဉ်ရက်ဆက်စားခဲ့ရတဲ့ ကြက်သားဆန်ပြုတ်ကို မျှဝေလိုက်ပါတယ်။
အဲဒီ ကြက်သားဆန်ပြုတ်က ကျွန်မချစ်သူပြုတ်ပြီး လာပို့ ပေးတာပါ။ :)
လူတစ်ယောက်စာအတွက် ဆန်လက်တစ်ဆုပ်စာလောက်ကို ရေအေးနဲ့ ပြုတ်ထားပါတယ်။
ရေနွေးနဲ့ ပြုတ်ရင် မြန်ပေမဲ့ ရေအေးနဲ့ မီးအေးအေးလေးနဲ့ ပြုတ်တာက ပိုပြီး နူးနူးနပ်နပ်ရှိ ပါတယ်။ ဆန်လေးတွေပွလာရင် ဆန်လုံးလေးတွေပျောက်အောင် ချေပေးပါ။
ကြက်သားကို ဆား၊ ဆနွင်း ၊ငံပြာရည်နဲ့ နယ်ပြီး၊ ကြက်ပြုတ်ရေလေးကျန်အောင် ပြုတ်ပါတယ်။
ကြက်သားနူးရင် အမွှာလေးတွေဖဲ့ပြီး ကြက်ပြုတ်ရေနဲ့ အတူ ဆန်ပြုတ်အိုးထဲထည့်ပေးပါ။ ဆန်ပြုတ်မပျစ်မကျဲအနေတော်လေးရပြီဆို ဆား၊ကြက်သားမှုန့် နဲ့ အပေါ့အငန်ပြင်ဆင်ပြီး စားသုံးနိုင်ပါတယ်ရှင်။
ကျွန်မကတော့ ငရုတ်ကောင်းမှုန့် နဲ့ ကြက်သွန်မြိတ်လေးခတ်ပြီး ဆီချက်လေးပါလေရုံ
ဆမ်းစားပါတယ်။
နက်ဖြန်ခါတော့ ထမင်းကလည်းစားချင်လှပြီမို့ ကိုယ့်ဘာသာ ဟင်းချက်ပြီးစားတော့မှာပါနော်။
ကြက်ကင်၊ပုစွန်ကင် နဲ့ ငါးကင်
ကြက်ကင်
ကြက်ကင်လုပ်ရတာအရမ်းကိုလွယ်ကူအဆင်ပြေလှပါတယ်။
ကြက်သားကစင်္ကာပူမှာဈေးအသက်သာဆုံးအသားဆိုတော့ဘာပဲပြောပြော
အပျော်တမ်းလုပ်စားတာ ပိုက်ဆံမကုန်လှပါဘူး။
ကြက်သားကင်ရင် သုတ်ရမဲ့အမှုန့် လေးတွေကလည်း အလွယ်တကူ
ဝယ်လို့ ရပါတယ်။
ကြက်သားတစ်ကောင်လုံးကို ရေဆေးပြီး
ဆား၊ငံပြာရည်အနည်းငယ်နဲ့ နယ်လိုက်ပါတယ်။
Barbecue အမှုန့် နဲ့ တစ်ကောင်လုံးကို သုတ်ပေးပါတယ်။
ကြက်သွန်ဖြူ၊ဂျင်း၊ ငရုတ်သီးစိမ်းရောထောင်းထားတာကို ကြက်သား ဗိုက်ထဲကို သွတ်ပါတယ်။
ပြီးရင် microwave မှာ (၁၅)မီးနစ်ခန့်  low level ထားပြီး ထည့်လိုက်ပါတယ်။
ပြန်ထုတ်လိုက်တဲ့အချိန်မှာ ကြက်တစ်ကောင်လုံးအသားနူးပြီဆိုရင်
gasဖိုပေါ်မှာအနံ့ လေးမွှေးအောင် ခဏကင်ပါတယ်။
ဒါဆိုရင် ကြက်ကင်မွှေးမွှေးလေးရပါပြီ။
ကြက်ကင်ရာမှာ ဒီထက်ကောင်းမွန်တဲ့နည်းလေးများရှိရင်လည်း ပြောပြပေးပါဦးနော်….
ပုစွန်ကင်
သံပုရာသီးလေးညှစ်ပြီး စားမှာပေါ့နော်။
ငါးကင်
မြန်မာနိုင်ငံမှာဆိုရင်ကင်ဖို့ လို့ ပြောပြီးဝယ်ရင် ငါးကို
သေချာ ကိုင်ပြီးမွှန်းပေးလိုက်ပါတယ်။
ငါးကင်တဲ့နေရာမှာငါးဗိုက်ထဲကိုသေချာမဆေးရင်
ခါးတတ်ပါတယ်။
ငါးဗိုက်ထဲကို ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းရှမ်းနံနံ၊ပင်စိမ်း၊ဖက်ဖယ်ရွက်
ရောထောင်းထားတာကိုထည့်ပါတယ်။
ငါးကင်ရင်သုတ်တဲ့အမှုန်လေးတွေရှိတယ်လေ။
မြန်မာနိုင်ငံမှာဘာခေါ်လဲမသိဘူး၊
တရုတ်သံနဲ့ခေါ်တာ(သိရင်ပြောပေးပါ)။
ကျွန်မကတော့ တရုတ်တန်းမှာ အကင်သုတ်တဲအမှုန့် ဆိုပြောပြီးဝယ်လိုက်တာပါဘဲ။
မီးဖိုပေါ်မှာ ဆီနည်းနည်းကိုကျက်အောင်တည်ပြီးအဲဒီအမှုန့်ကိုထည့်ပါတယ်။
အဲဒါလေးကို ငါးပေါ်မှာသုတ်ပြီး ကင်ပါတယ်။
ဟိုဘက်ဒီဘက်အကျက်ညီအောင်လှန်ပြီးကင်ပေးရပါမယ်။
တကယ့်ဆိုင်ကြီးတွေကအကင်လောက်စားလို့မကောင်းပေမဲ့
တော်တော်တန်တန်အကင်ဆိုင်ထက်တော့စားလို့ကောင်းပါတယ်။
ဈေးသက်သက်သာသာနဲ့ ပေါပေါစားလို့ ရတယ်လေ။
My Blog List 1
-
My Life Bucketlist!3 months ago
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ4 months ago
-
-
၂၉၁၁၂၀၂၅10 months ago
-
-
Well, you get what you pay for7 years ago
-
-
khin8 years ago
-
Havana Blues10 years ago
-
ကားနံပါတ်တွေ အင်္ဂလိပ်လို ပြောင်းလဲသတ်မှတ်ပြီ13 years ago
-
စိတ်အချဉ်ပေါက်ခြင်း13 years ago
-
၂.၉.၂၀၁၂ တနင်္ဂနွေနေ့ ဆွမ်းလောင်းလှူခြင်း14 years ago
-
For “Harvest Thanksgiving Festival”15 years ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)15 years ago
-
အမေစုနှင့် Exclusive Interview15 years ago
-
တူမလေးများနဲ့ တလတာ..15 years ago
-
-
-
-
My Blog List 2
-
02/04/20266 months ago
-
-
MY GIRL 211 years ago
-
အမှိုက်ပစ်ခြင်း အနုပညာ11 years ago
-
မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ15 years ago
-
-
-
-
-
My Blog List 3
-
ကြာရိုးသုပ်5 days ago
-
-
ပဲပြုပ် Sprouted Yellow Pea7 years ago
-
ကမ္ဘာကြီးကို အလှူကြီး ပေးလိုက်ပါ။7 years ago
-
အလှနတ်သမီးလေး မလိခ...7 years ago
-
-
ငါးဥဘာလချောင်ကြော်လေး ကြော်စားကြဦးမလား8 years ago
-
-
Happy 20188 years ago
-
အချဉ်ပေါင်း (၁)8 years ago
-
Zuma Zen Blaster: Sang Game Legendaris10 years ago
-
ဒိုနောင်းမှာ တနေ့တာ(ညနေပိုင်း)11 years ago
-
၈နှစ်ပြည့် အမှတ်တရ11 years ago
-
'' အလွယ်ချက် အုန်းထောပတ်ထမင်း "12 years ago
-
ဂွေးသီး ငပိချက်12 years ago
-
-
ကျွန်တော့ အတွေ့အကြုံများ ၄12 years ago
-
မုန့်ဟင်းခါး12 years ago
-
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၄13 years ago
-
နံနက်စာနှင့် နေ့လည်စာများ13 years ago
-
-
-
-
-
ဆိတ်ရိုးစွပ်ပြုတ်15 years ago
-
-
-
-
Popular Posts
-
ငါးဖယ်ကြော် ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့ ကြော်တာပါ။ ကျွန်မ အမျိုးသားက ငါးဖယ်ကြေ...
-
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းန...
-
ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။ ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :) ကြေ...
-
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့...
-
့ ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြေ...
-
Happy New Year ပါ။ ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပုရာ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။ မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊ ငံပြာရ...
-
နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။ ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမ...
-
ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ြ...
-
အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေြ...





