ကြက်သားနှင့် ကုလားပဲသီးစုံဟင်း



ဒီနေ့ ကြက်သားနှင့် ကုလားပဲသီးစုံဟင်းချက်ကြည့်ပါမယ်…

ကြက်သားကို ဆား၊ဆနွင်း ၊ငံပြာရည် အနည်းငယ် နဲ့ နှယ်ထားပါတယ် ။
ကုလားပဲကို ဆားနဲနဲ ခပ်ပြီး ပြဲနေအောင် ပြုတ်ထားပေးပါ။ အာလူး ကိုအစိတ်လေးတွေစိတ်ပြီး ဆား၊ဆနွင်း နယ်ထားပါ။ ပဲတောင့်ရှည် ကိုလည်း လက်တစ်ဆစ်လောက်လေးတွေ ဖြတ်ထားပေးပါ။ ရုံးပဒီသီးကို လည်း အဖျားလေးတွေတိပြီး စွေစွေလေးတွေ လှီးထားနော်။
ခရမ်းသီးနဲ့  မုံလာဥနီ တို့ ကိုလည်း အခွံနွှာပြီး အတုံးလေးတွေ တုံးပေးပါ။
ပထမဦးစွာ ကြက်သွန်နီ ဆီသတ်ပါမယ်။ ကြက်သွန်နီ လေးတွေနွမ်းလာရင် ကြက်သွန်ဖြူနဲ့  ဂျင်းထောင်း ထားတာကိုထည့်ပါမယ်။ ပြီးရင် ကြက်သားထည့် ပါမယ်။ ဆား၊အရောင်တင်၊ ငပိနည်းနည်း ထည့်ပြီး ကြက်သားကို အရင်ဆုံး (၅)မိနစ်လောက် ချက်လိုက်ပါတယ်။ ပြီးရင် ပြုတ်ထားတဲ့ ပဲထည့်ပါမယ်။ ဟင်းအိုးထဲကို အာလူး၊ ခရမ်းသီး ၊ မုံလာဥနီ တို့ နဲ့ အတူ ရေနွေးကိုဟင်းမြုပ်ရုံ ထည့် ပြီးတည်ထားပါတယ်။ ဟင်းအရည်ပွက်လာတဲ့အချိန်မှ ရုံးပဒီသီး နဲ့ပဲတောင့်ရှည် ထည့်လိုက်ပါတယ်။ ပြီးရင် မဆလာလေးအုပ်ပါတယ်။ ဒါဆိုရင် အသင့်စားသုံးနိုင်ပါပြီရှင်။
ကြက်သားနှင့် ကုလားပဲသီးစုံဟင်း နဲ့ လိုက်ဖက်တာကတော့ ငရုတ်သီးကြော် (သို့ ) ငရုတ်သီးထောင်း ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online