ငါးသလောက် နှင့် ပဲပင်ချဉ် သုတ်




ငါးသလောက် နှင့် ပဲပင်ချဉ် သုတ်ကတော့  မြန်မာနိုင်ငံပြန်တုန်းကစားဖြစ်ခဲ့တဲ့ ဟင်းလေးပါ။
ကျွန်မတို့ အိမ်မှာ ငါးသလောက်ဟင်း မချက်ဖြစ်တာ တော်တော်လေးကြာပါပြီ။
အဖေနဲ့မတဲ့တော့အိမ်မှာမချက်ဖြစ်တာပါ။ ငါးသလောက်ပေါင်းစားချင်ရင် ဆိုင်ကဝယ်ပြီး ခိုးပြီးစားရတာပါ။ အဲဒီနေ့ကဈေးသွားရင်း ပဲပင်ချဉ်လေးတွေရောင်းနေတာတွေ့ တော့ လက်တည်ချဉ်မစားရတာကြာတော့ တော်တော်လေးစားချင်လာတာနဲ့  ပဲပင်ချဉ်လေးတွေ ရေနွေးပန်းကန်လေးနဲ့ တစ်လုံး(၅၀ လား ၁၀၀ လားမသိဘူးပေးရတယ်)ဝယ်လာပါတယ်။
ဆိုင်ကနေ ငါးသလောက်ပေါင်း တစ်ပွဲဝယ်လိုက်ပါတယ်။
အမှန်အတိုင်းပြောရရင်ကျွန်မ ငါးသလောက်ပေါင်းကို
တစ်ခါမှ မချက်ဖူးပါဘူး။အိမ်မှာချက်စားလို့ အနံ့ ရရင် fatherကြီး စားချင်နေဦးမှာလေ။
အဲဒါနဲ့  အသုတ်သုတ်ဖို့ အတွက်ကတော့
ဝယ်လာတဲ့ ပဲပင်ချဉ်လေးကိုရေဆေး၊ ရေညှစ်ပြီး ပါးပါးပြန်လှီးလိုက်တယ်။
ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ၊ရှေက်ရွက် ၊ ပါးပါးလှီး ထားပါတယ်။ဝယ်လာတဲ့ ငါးသလောက်ပေါင်းကိုအသားလေးတွေ ဖဲ့လိုက်တယ်။ ပြီးရင် အဲဒါတွေရောပြီး
ငံပြာရည်နဲ့ အပေါ့အငန်လိုအပ်သလိုပြင်ဆင်ပြီး ဆီချက်ဆမ်းပြီး သုတ်စားနိုင်ပါပြီရှင်။
ခိုးစားခဲ့ရလို့လားမသိဘူးတော်တော်လေးစားလို့ကောင်းပါတယ်။ မရမ်းသီးစိမ်းလေးတွေ
နဲ့ ငါးသလောက်ရောပြီး သုတ်လည်းစားလို့ ကောင်းပါတယ်။ ငါးသလောက်ကလည်း မအီတော့ဘူးလေ။ စားကြည့် ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

5 comments:

khin oo may said...

ကောင်းလိုက်တာ..ဂလု ဂလု ဖြစ်သွားတယ်။

စန္ဒကူး said...

မိုက်တယ်ကွာ..လုပ်စားအုန်းမှ
ငါးသလောက်တော့မရှိဘူး..
ငါးသေတ္တာနဲ့သုပ်စားရင်ကောင်းမလား?

nu-san said...

တခါမှ မစားဖူးဘူးရယ်.. ပဲတီချဉ်စိမ်ပြီး ငါးသလောက်နဲ့ အတော်ဆင်တဲ့ ငါးသေတ္တာနဲ့ သုပ်စားကြည့်ဦးမယ်.. :)

ရွှေဂျမ်း said...

စားချင်စရာကောင်းလိုက်တာ ..

မြရွက်ဝေ said...

ငါးသလောက်သုပ်လေး စားချင်လိုက်တာ။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online