အဲဒီနေ့က ငါးချဉ်ကို သုတ်စားဖြစ်ပါတယ်။ :)
မြန်မာနိုင်ငံက ငါးချဉ်ဆိုရင်တော့ ကောလင်းဘက်ကလာတဲ့ ငါးကြီးချဉ်ကို
ချက်စားရတာကြိုက်ပါတယ်။ ဒါလေးကတော့ ယိုးဒယားဈေးက ဝယ်ထားတာပါ။
sour fish လို့ဘဲရေးထားတော့ ဘာငါးချဉ်လဲဆိုတာတော့ မသိပါဘူး။ :)
ကြက်သွန်နီပါးပါးလှီး၊ ငါးချဉ်လေးတွေကို သင့်တော်ရုံလှီးပြီး ငရုတ်သီးစိမ်းပါးပါးလှီးလေးတွေနဲ့
သုတ်ပါတယ်။ ပဲတောင့်ရှည်နုနုလေးတွေရလို့ လှီးထည့်ထားပါတယ်။
နံနံပင်လေးရရင် ထည့်သုတ်လို့မွှေးပါတယ်။
အရသာအတွက် ဆားအနည်းငယ်နဲ့ ကြက်သားမှုန့် ထည့်ပြီး ဆီစိမ်းစမ်းပြီး သုတ်ပါတယ်ရှင်။
သုတ်မစားချင်တဲ့သူများကတော့ ကြော်စားလို့ရပါတယ်ရှင်။
ကြက်သွန်နီဆီသတ်ပြီး ငါးချဉ်တွေလှီးထားတာထည့်ပါမယ်။
အရသာအတွက် ဆား၊ကြက်သားမှုန့်ထည့်ပြီး အရောင်လှရုံ အရောင်တင်နည်းနည်းထည့်ပါတယ်။
ငရုတ်သီးခြမ်းထားတာလေးထည့်ပြီး နံနံပင်လေး၊ကြက်သွန်ဖြူလေးအုပ်ပြီး စားသုံးနိုင်ပါပြီနော်။
အစ္စရေးက ရာဖာကို လေကြောင်းမှ တိုးမြှင့်တိုက်ခိုက်
10 hours ago
7 comments:
this is my favorite... love to eat that daily..
how's the taste?? same like myanmar " nga-chin"???
The taste is not very different kuu :) It's also good.But I prefer Myanmar sour fish :)
The taste is not very different kuu :) It's also good.But I prefer Myanmar sour fish :)
စူဘူးရေ...
ငါးချဉ် မစားရတာကြာပြီ...စားချင်တယ်...
စားချင်လာပြီ။ ငါးချဉ်ကြိုက်တယ်။
မုန်းဒယ်..မုန်းဒယ်..မုန်းဒယ်။
မင်္ဂလာပါ..
အချဉ်သုတ်ထဲမှာတော့ ငါးချဉ်သုတ် ကို အကြိုက်ဆုံးပါ။ ဖတ်ရင်းနဲ့ သွားတွေကြိမ်းလာတယ်။ :) :)
ခင်မင်စွာဖြင့်
ကိုမျိုး
Post a Comment