ကြက်ဟင်းခါးသီးကို ထိပ်နှစ်ဘက်တိ၊အခွံနွှာပြီး အဝိုင်းလိုက်ပါးပါးလှီးပါ။
ဇလုံတစ်လုံးထဲထည့်ပြီး ဆားနှင့်သေချာနာနာဖျစ်ပြီးနယ်ပါ။
ဆားနှင့်ဖျစ်ပြီးနယ်ထားတဲ့ ကြက်ဟင်းခါးသီးကို ရေသေချာပြန်ဆေးပြီး တားပါ။
ကြက်သွန်နီ အနေတော်(၃)လုံး ပါးပါးလှီးပြီး
နနွင်းမှုန့် အနည်းငယ်ဖြင့် ကြော်ပါ။
ကြက်သွန်ဖြူမညက်တညက်ထောင်းထားတာလေးထည့်ပါ။
ကြက်သွန်နီနွမ်းရင် ငါးပိ၊ဆား၊ပုစွန်ခြောက်မှုန့် ၊ငရုတ်သီး အကြမ်းမှုန့် ထည့်ပြီးမွှေပါ။
ရေစင်စင်ပြန်ဆေးထားတဲ့ ကြက်ဟင်းခါးသီး ထည့်ပါ။
ကြက်ဟင်းခါးသီးနူးလောက်ရုံရေနည်းနည်းလေး
ထည့်ပေးပါ။ အရသာလေးလေးပင်ပင်ရှိချင်ရင်
အပေါ့အငန်မြည်းပြီးကြက်သားမှုန့် အနည်းငယ်ထည့်ပေးပါ။
ကြက်ဟင်းခါးသီးနပ်ရင် ငရုတ်သီးစပ်စပ်လေး
နဲ့ ကြက်ဟင်းခါးသီးကြော်ရပါပြီနော်။
You and Everything Else - Kdrama review
3 weeks ago






5 comments:
အရမ်းကြိုက်။ ကြော်မစားဖြစ်တာတောင် တော်တော်ကြာနေပြီ။
second!!! :) စာမေးပွဲနားနီးလို့ ဟင်းမချက်နိုင်တာ.... အတော်ဘဲ ပါဆယ်ယူသွားတယ်နော် :)
ကြက်ဟင်းခါးသီးတွေ စားလှချည်လား ကျန်းမာရေးနဲ့ အညီစားသောက်နေတယ်ပေါ့။ :)
စုဘူးရေ......... ယူသွားပြီ။ စုဘူးလေး ကြော်သလို ကြော်စားအုံးမှ။ :)
ကြက်ဟင်းခါးသီးကြော်မြင်တော့ ဗိုက်ဆာလိုက်တာ
နိနိ
Post a Comment